နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

မယ်လန်ကို ယူရို ၂၃ သန်း + အပိုဆုကြေး ၃ သန်းနဲ့ ခေါ်ယူနိုင်ခဲ့တဲ့ အက်စတွန်ဗီလာ | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် အက်စတွန်ဗီလာ ကတော့ ဒေါ့မန် တိုက်စစ်ကစားသမား ဒွန်ရဲလ် မယ်လန်ကို ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း အတည်ပြု ကြေညာလာခဲ့ပါတယ်။ နယ်သာလန် လက်ရွေးစင် တိုက်စစ် ကစားသမားဟာ အက်စတွန်ဗီလာကို ယူရို ၂၃ သန်း + အပိုဆုကြေး ၃ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာလည်း ဖြစ်ပါတယ်။

အက်စတွန်ဗီလာဟာ ဒီဆောင်းရာသီ အပြောင်းအရွှေ့ အစပိုင်းမှာ ကတည်းက ဒွန်ရဲလ် မယ်လန်ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့တာလည် ဖြစ်ပါတယ်။ မယ်လန်ဟာ ပရီးမီးယားလိဂ်မှာ ကျင်လည်ခဲ့ဖူးသူ ဖြစ်တာကြောင့် ဗီလာ နည်းပြ အူနိုင်း အမ်မရီက သူ့ကို အင်္ဂလန်မြေဆီ ပြန်လည် ခေါ်ယူဖို့ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၅ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ မယ်လန်ဟာ ၂၀၁၅ ခုနှစ်မှာ အေဂျက်စ် လူငယ် အသင်း ကနေ အာဆင်နယ် လူငယ် အကယ်ဒမီဆီ ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ မယ်လန်က အာဆင်နယ် လူငယ် အသင်းမှာ ခြေစွမ်းပြနိုင်ခဲ့ပေမယ့် စီနီယာ အသင်းကြီး အတွက် ကစားခွင့် မရပဲ ၂၀၁၇ ခုနှစ် မှာတော့ ပီအက်စ်ဗွီကို ပြောင်းရွှေ့သွားခဲ့ပါတယ်။ နယ်သာလန် ကလပ် ပီအက်စ်ဗွီ မှာတော့ မယ်လန်က အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ၂ဝ၂၁ ခုနှစ် မှာတော့ ဒေါ့မန်က ၅ နှစ် စာချုပ်နဲ့ ခေါ်ယူခဲ့ပါတယ်။ မယ်လန်ဟာ ဒေါ့မန်မှာ တစ်ရာသီ ၃၅ ပွဲထက် မနည်း ကစားပေးခဲ့ပြီး အဓိက ကစားသမား တစ်ဦးလည်း ဖြစ်နေခဲ့သူပါ။ ဒါပေမယ့်လည်း ဒေါ့မန်က မယ်လန်ကို လက်လွှတ်ချင်ခဲ့ပြီးတော့ ဒီအခြေအနေကို စောင့်ကြည့်နေတဲ့ ကလပ် အသင်း အများအပြားလည်း ရှိခဲ့ပါတယ်။

အက်စတွန်ဗီလာဟာ မယ်လန်ကို ခေါ်ယူဖို့ အတွက် အသေအချာ ကြိုးပမ်းခဲ့ပြီးတော့ ကနဦး အဖြစ် ပြောင်းရွှေ့ကြေး ယူရို ၁၆ သန်း + အပိုဆုကြေးနဲ့ ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမယ့် ဒီကမ်းလှမ်းချက်ကို ဒေါ့မန် ဘက်က ချက်ချင်းပဲ ပယ်ချခဲ့ပါတယ်။ ဒီလို ပယ်ချခဲ့ပေမယ့်လည်း အက်စတွန်ဗီလာက လက်မလျှော့ပဲ မယ်လန် အတွက် ဒုတိယအကြိမ် ကမ်းလှမ်းမှု အဖြစ် ပြောင်းရွှေ့ကြေး ၂ သန်း ထပ်တိုးပြီး ယူရို ၁၈ သန်း + အပိုဆုကြေးနဲ့ ကမ်းလှမ်းခဲ့ပါတယ်။ ဒေါ့မန် ကတော့ သူတို့ရဲ့ ကစားသမား အတွက် ယူရို သန်း ၂၀ ကျော် အထိ အလိုရှိခဲ့ပြီး နောက်ဆုံး မှာတော့ ယူရို ၂၃ သန်း + အပိုဆုကြေး ၃ သန်းနဲ့ သဘောတူညီမှု ရရှိခဲ့တာပါ။ မယ်လန်ဟာ ပရီးမီးယားလိဂ် ကလပ် အက်စတွန်ဗီလာကို ပြောင်းရွှေ့ကစားဖို့ စိတ်အား ထက်သန်ခဲ့တာ ဖြစ်ပြီး အပြောင်းအရွှေ့ ဖြစ်မြောက်ခဲ့လိုလည်း ပျော်ရွှင်နေတယ်လို့ သိရပါတယ်။ အက်စတွန်ဗီလာဟာ လက်ရှိ ပရီးမီးယားလိဂ်ရဲ့ ထိပ်သီး အသင်း တစ်သင်း ဖြစ်စပြုလာသလို ချန်ပီယံလိဂ် မှာလည်း နောက်တစ်ဆင့် တက်ဖို့ အခြေအနေ ကောင်းနေတာကြောင့် မာလန်းက ပြောင်းရွှေ့ဖို့ စိတ်ဝင်စားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဗီလာ ကလည်း မယ်လန်လို ဥရောပ အတွေ့အကြုံ ရှိတဲ့ ကစားသမား တစ်ဦးကို လိုအပ်ခဲ့ပြီး နောက်ဆုံး မှာတော့ ခေါ်ယူသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်