နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆုံးရှုံးလိုက်ရပြီလို့ ဝန်ခံခဲ့တဲ့ ဘာနာဒို ဆေးလ်ဗား

မန်ချက်စတာစီးတီး ကတော့ အောက်တိုဘာ လကုန် ကနေ ဒီဇင်ဘာလ အလယ်လောက် အထိ ပြိုင်ပွဲစုံမှာ တောက်လျောက် နိုင်ပွဲတွေ ပျောက်ဆုံးခဲ့ပြီး ပြီးခဲ့တဲ့ နှစ်ပွဲဆက်တော့ ပြန်လည် အနိုင်ရထားခဲ့ပါတယ်။ ဒါပေမယ့်လည်း မန်စီးတီးရဲ့ ကွင်းလယ် ကစားသမား ဖြစ်တဲ့ ဘာနာဒို ဆေးလ်ဗား ကတော့ သူတို့ အသင်း အနေနဲ့ ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံလုပွဲမှာ မပါဝင်တော့ကြောင်း ဝန်ခံ ပြောကြားလာခဲ့ပါတယ်။

ဘာနာဒို ဆေးလ်ဗားက Sky Sportsနဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ “ဘောလုံးမှာ မဖြစ်နိုင်ဘူး ဆိုတာ မရှိလို့ ကျွန်တော်တို့ အနေနဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရနိုင်သေးတယ်လို့ ပြောချင်ရင် ပြောလို့ ရပါတယ်။ ဒါပေမယ့် အခုအချိန် မှာတော့ ကျွန်တော်တို့ အသင်းက ပရီးမီးယားလိဂ် ချန်ပီယံလုပွဲ ကနေ သေချာပေါက် ထွက်လိုက်ရပါပြီ။ အဲဒီအတွက် မေးခွန်းထုတ်စရာ မလိုပါဘူး။ ကျွန်တော်တို့ အတွက် အရမ်းပဲ နောက်ကျသွားပါပြီ။ ဒီရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ကျွန်တော်တို့ ဆုံးရှုံးလိုက်ရပါပြီ။” လို့ ပြောကြားခဲ့ပါတယ်။

မန်စီးတီးဟာ လာမယ့် ဇန်နဝါရီ ၁၂ ရက်နေ့ မှာတော့ အက်ဖ်အေဖလား တတိယအဆင့် ပွဲစဉ် အဖြစ် ဆဲလ်ဖို့ဒ်နဲ့ ကစားရမှာ ဖြစ်ပြီး နောက် ၃ ရက် အကြာ မှာတော့ ဘရန့်ဖို့ဒ်နဲ့ ပရီးမီးယားလိဂ် ကစားရမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ၂ ပွဲဆက် နိုင်ပွဲ ပြန်ရထားတဲ့ မန်စီးတီး

ဒါ့အပြင် ဘာနာဒို ဆေးလ်ဗားက လက်ရှိမှာ သူတို့ အသင်း အနေနဲ့ ကစားမယ့် ပွဲစဉ် တစ်ပွဲချင်း ကိုသာ အာရုံစူးစိုက်မှု အပြည့်နဲ့ ရလဒ် ကောင်းဖို့သာ ကြိုးစားရတော့မှာလည်း ဖြစ်ကြောင်း ပြောကြားခဲ့ပါသေးတယ်။ မန်ချက်စတာစီးတီးဟာ ပြီးခဲ့တဲ့ ၄ ရာသီ ဆက်တိုက် ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူနိုင်ခဲ့ကာ ပြိုင်ပွဲ သမိုင်းမှာ ပထမဦးဆုံးနှင့် တစ်သင်းတည်းသော အသင်း အဖြစ် စံချိန်တင်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ရာသီအစ ကလည်း မန်စီးတီးဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ၅ နှစ်ဆက် ရရှိဖို့ အတွက် ထိပ်ဆုံးက ရေပန်းစားခဲ့တာ ဖြစ်ပါတယ်။

အာလုံး မျှော်လင့်ခဲ့ကြတဲ့ အတိုင်း မန်စီးတီးက ရာသီ အစမှာ ရလဒ်တွေ ကောင်းမွန်ခဲ့ပေမယ့်လည်း စပါးကို ခရာဘောင်ဖလားမှာ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်က စပြီး တောက်လျောက် ရလဒ်တွေ ဆိုးရွားခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီးဟာ ပြိုင်ပွဲစုံ ၁၃ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရရှိခဲ့တဲ့ အထိ ရုန်းကန်ခဲ့ရသလို ချန်ပီယံလိဂ် မှာလည်း လိဂ် အဆင့် ကနေ ထွက်ခွာရနိုင်တဲ့ အခြေအနေနဲ့လည်း ရင်ဆိုင်နေရတာပါ။ မန်စီးတီးဟာ ဒီရာသီ ပရီးမီးယားလိဂ် ပွဲစဉ် ၂၀ အပြီးမှာ ၁၀ ပွဲနိုင်၊ ၄ ပွဲ သရေ၊ ၆ ပွဲ ရှုံးကာ ရမှတ် ၃၄ မှတ်နဲ့ အဆင့် ၆ နေရာကို ရောက်ရှိနေပြီး ချန်ပီယံလိဂ် မှာတော့ ပွဲစဉ် ၆ အပြီးမှာ  ရမှတ် ၈ မှတ်နဲ့ အဆင့် ၂၂ နေရာမှာ ရပ်တည်နေပါတယ်။

မန်စီးတီးဟာ လာမယ့် ဇန်နဝါရီ ၁၂ ရက်နေ့ မှာတော့ အက်ဖ်အေဖလား တတိယအဆင့် ပွဲစဉ် အဖြစ် ဆဲလ်ဖို့ဒ်နဲ့ ကစားရမှာ ဖြစ်ပြီး နောက် ၃ ရက် အကြာ မှာတော့ ဘရန့်ဖို့ဒ်နဲ့ ပရီးမီးယားလိဂ် ကစားရမှာ ဖြစ်ပါတယ်။ မန်စီးတီးဟာ ချန်ပီယံလိဂ် မှာတော့ ပီအက်စ်ဂျီ၊ ကလပ် ဘရုဂေး တို့နဲ့ ကစားဖို့ ကျန်ရှိနေသေးပြီး ရလဒ်ကောင်းဖို့ လိုအပ်နေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်