အာဆင်နယ် vs ချဲလ်ဆီး
ပရီးမီးယားလိဂ် ပွဲစဉ် ၂၉ ရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံး ပွဲစဉ် အဖြစ် အာဆင်နယ်နဲ့ ချဲလ်ဆီးတို့ အမ်းမရိတ်စ်မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ ပထမအကျော့ စတန်းဖို့ဒ်ဘရစ်ချ်မှာ သရေ တစ်မှတ်ခွဲယူခဲ့ရတဲ့ အာဆင်နယ်တို့ အိမ်ကွင်းမှာ ၃ မှတ် အပြည့် ရယူသွားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
မန်စီးတီးကို ဂိုးပြတ် နိုင်ပြီး ကတည်းက အာဆင်နယ်က ပြိုင်ပွဲစုံ နောက်ဆုံး ၇ ပွဲမှာ နိုင်ပွဲ ၂ ပွဲ သာ ရခဲ့ပြီး သရေ ၃ ပွဲ၊ ရှုံးပွဲ ၂ ပွဲ ရှိခဲ့ပါတယ်။ အာဆင်နယ်ဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရပ်တည်နေပေမယ့် ဇယား ထိပ်က လစ်ဗာပူးလ်နဲ့ တစ်ပွဲလျော့ ကစားကာ ၁၅ မှတ် အထိ ပြတ်တောက်နေခဲ့ပါတယ်။ လက်တွေ့ကျကျ ပြောရမယ် ဆိုရင် အာဆင်နယ်က အဆင့် ၂ နေရာမှာ တည်မြဲရေး ကိုသာ အာရုံစိုက်ရတော့မယ့် အခြေအနေ ဖြစ်ပါတယ်။ အဓိက ကစားသမား တချို့ ဒဏ်ရာကြောင့် အနားယူနေရဆဲ ဖြစ်လို့ အာဆင်နယ်ရဲ့ လူစာရင်းက ဒီပွဲမှာလည်း အနည်းငယ် အားနည်းနေဦးမှာပါ။
ချဲလ်ဆီး ကတော့ ပြိုင်ပွဲစုံ နောက်ဆုံး ၄ ပွဲဆက် နိုင်ထားပြီး ရလဒ်တွေ ပြန်ကောင်းနေတာ တွေ့ရပါတယ်။ အန်ဇို မာရက်စ်ကာရဲ့ အသင်းက လက်တလော ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ရပ်တည်နေပြီး အဆင့် ၂ နေရာက အာဆင်နယ်နဲ့ ၆ မှတ်သာ ကွာဟပါတယ်။ ဒါပေမယ့်လည်း အဆင့် ၇ နေရာက ဘရိုက်တန်နဲ့က ၃ မှတ်ပဲ ကွာဟနေတာကြောင့် Top 4 က မသေချာသေးပါဘူး။ သူတို့လည်း လက်ကျန် ပွဲစဉ်တွေမှာ အားစိုက်ရုန်းရဦးမှာ ဖြစ်ပြီး ဒီပွဲက ဂုဏ်သိက္ခာအရရော၊ ရလဒ်အရပါ အရေးကြီးတဲ့ ပွဲစဉ် ဖြစ်ပါတယ်။
နှစ်ဖက်အသင်း သတင်းများ
အခုပွဲကို အာဆင်နယ် ဘက်က ဆာကာ၊ ဂျေဇုစ်၊ ဟာဗက်ဇ်နဲ့ တိုမီယာဆု တို့ လွဲချော်ကြမှာ ဖြစ်ပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း
အာဆင်နယ် – ရာယာ၊ တင်ဘာ၊ ဆလီဘာ၊ ဂါဘရီရယ်၊ လီဝစ် စကယ်လီ၊ အိုဒီဂတ်၊ ပါတေး၊ ရိုက်စ်၊ နွမ်နရီ၊ မာတင်နယ်လီ၊ ထရော့ဆက်ဒ်
ချဲလ်ဆီး – ဆန်းချက်ဇ်၊ ဂျိမ်းစ်၊ ဖိုဖာနာ၊ ကိုးဝဲလ်၊ ကူကာရယ်လာ၊ ကိုင်စီဒို၊ အန်ဇို၊ ဆန်ချို၊ ပါးလ်မား၊ အန်ကွန်ကူ၊ နီတို
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒီနှစ်သင်းက ၄၁ ကြိမ် တွေ့ဆုံခဲ့ရာမှာ အာဆင်နယ်က ၁၅ ကြိမ်နိုင်၊ ချဲလ်ဆီးက ၁၅ ကြိမ်နိုင်ပြီး သရေ ၁၁ ကြိမ်ကျခဲ့ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှု မှာတော့ အာဆင်နယ်က ချဲလ်ဆီးကို လုံးဝ မရှုံးခဲ့ပဲ ၃ ကြိမ်နိုင်၊ ၂ ကြိမ် သရေကျပါတယ်။ အာဆင်နယ် အိမ်ကွင်း အမ်းမရိတ်စ်မှာ ကစားခဲ့တဲ့ နောက်ဆုံး ၅ ကြိမ် မှာတော့ အာဆင်နယ်က ၃ ကြိမ် နိုင်ပြီး ချဲလ်ဆီးက ၂ ကြိမ် နိုင်ခဲ့ပါတယ်။ နောက်ဆုံး ၅ ပွဲ ရလဒ်တွေကို ပြန်ကြည့်ရင်တော့ အာဆင်နယ်က ၁ ပွဲနိုင်၊ ၃ ပွဲ သရေ၊ ၁ ပွဲ ရှုံးထားပြီး ချဲလ်ဆီး ကတော့ ၄ ပွဲနိုင်၊ ၁ ပွဲ ရှုံးထားပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ အာဆင်နယ် နိုင်ရင် ၁.၈၄ ဆ၊ ချဲလ်ဆီး နိုင်ရင် ၃.၈၆ ဆ၊ သရေ ဆိုရင်တော့ ၃.၃၅ ဆ ရရှိမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ် မှာတော့ အာဆင်နယ်က သရေ တစ်ဝက်ရှုံး၊ သရေ ရှုံး၊ တစ်လုံး တစ်ဝက်စားကြေးတွေ ပေးထားပြီး ဂိုးပေါင်းကြေး ကတော့ နည်းနည်းပျော့ပါတယ်။ လန်ဒန်ဒါဘီ ဖြစ်တာကြောင့်တော့ ပွဲက အကြိတ်အနယ် ရှိမှာ မှန်ပေမယ့် နှစ်သင်းစလုံးက အားနည်းချက် ကိုယ်စီ ရှိနေလို့တော့ နိုင်ပွဲ ရှာဖွေဖို့ ခက်ခဲကြမယ့် အခြေအနေမျိုးပါ။ အာဆင်နယ်တို့ တစ်ဂိုးလောက်နဲ့ ကပ်နိုင်သွားမယ့် ပွဲပါ။
ခန့်မှန်းရလဒ်
အာဆင်နယ် ၁-၀ ချဲလ်ဆီး
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (![]() |
|||
---|---|---|---|
![]() |
![]() |
![]() |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.