နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ပိုစတီကိုဂလူးကို သတိပေးစကား ပြောကြားလိုက်တဲ့ ကာရေဂါ | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် တော့တင်ဟမ်ဟော့စပါး ကတော့ လက်ရှိမှာ ရလဒ်ပိုင်း ကျဆင်းနေပြီးတော့ အန်ဂျီ ပိုစတီကိုဂလူး အနေနဲ့လည်း နည်းပြ ထိုင်ခုံလှုပ်နေခဲ့ပြီ ဖြစ်ပါတယ်။ ဒီအခြေအနေမှာ နာမည်ကျော် ဘောလုံးသုံးသပ်သူ တစ်ဦး ဖြစ်တဲ့ ဂျေမီ ကာရေဂါက စပါး နည်းပြ အန်ဂျီ ပိုစတီကိုဂလူး အနေနဲ့ လက်ရှိ ကျင့်သုံးနေတဲ့ နည်းဗျူဟာကို အပြောင်းအလဲ မလုပ်ခဲ့ရင်တော့ လာမယ့်ရာသ် ပရီးမီးယားလိဂ် ကလပ်မှာ နည်းပြ အဖြစ် ဆက်ရှိနေနိုင်မှာ မဟုတ်ဘူးလို့ သုံးသပ် ပြောကြားခဲ့ပါတယ်။

ဂျေမီ ကာရေဂါက အခုလိုပဲ သတိပေး စကား ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။ ကာရေဂါက “ပရိသတ်တွေက ကစားပုံ ကောင်းတာ ကိုပဲ လိုချင်တာ မဟုတ်ပါဘူး။ အသင်းရဲ့ ရလဒ် ကောင်းဖို့လည်း လိုအပ်ပါသေးတယ်။ ဒီပုံစံ အတိုင်း ဆိုရင်တော့ လာမယ့် ရာသီမှာ စပါး အသင်း နည်းပြ အဖြစ် သူ့ အနေနဲ့ ဆက်ရှိနိုင်ဖို့ မလွယ်ကူပါဘူး။ နောက်ပြီး စပါး ဥက္ကဋ္ဌ ဒန်နီ လီဗိုင်း အနေနဲ့ ရာထူး ကနေ နုတ်ထွက်သင့်ပါပြီ။ လက်ရှိမှာ စပါးက ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်နေရတဲ့ အတွက် ဥက္ကဋ္ဌ လီဗိုင်း အနေနဲ့ ဒီလို အခြေအနေဆိုးတွေ အတွက် တာဝန်ယူပြီး ရာထူး ကနေ နုတ်ထွက်သင့်ပါပြီ” လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် တိုက်စစ်က ရဂိုး ၃၁ ဂိုး ရှိထားပေးမယ့် ပေးဂိုး ကတော့ ၁၉ ဂိုး အထိ ရှိထားသလို ရမှတ် ၂၀ နဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၁ မှာ ရပ်တည်နေခဲ့ပါတယ်။
နည်းပြ ရာထူး အတွက် ထိုင်ခုံလှုပ်နေခဲ့တဲ့ ပိုစတီကိုဂလူး

လက်ရှိမှာ အန်ဂျီ ပိုစတီကိုဂလူးက တိုက်စစ် အသားပေး ကစားဟန်နဲ့ အသင်းကို ပုံဖော် တည်ဆောက်နေတာ ဖြစ်ပြီး ပေးဂိုးတွေလည်း များပြားနေခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ရလဒ်ပိုင်း ကလည်း နောက်ဆုံး ၄ ပွဲဆက် နိုင်ပွဲ ပျောက်နေခဲ့တဲ့ အတွက် ပရိသတ်တွေ ကလည်း ဝေဖန်နေကြတာ ဖြစ်ပါတယ်။

နည်းပြ အန်ဂျီ ပိုစတီကိုဂလူး ကလည်း အစောပိုင်းမှာ သူ့ အနေနဲ့ စပါး နည်းပြ ရာထူး ကနေ ထုတ်ပယ်ခံရနိုင်ဖွယ် ရှိကြောင်း ဝန်ခံထားခဲ့ဖူးပါသေးတယ်။ ပိုစတီကိုဂလူးက “ကျွန်တော် စိတ်ပူပါတယ်။ ဒါပေမယ့် ဘယ်အလုပ်မှ အာမခံချက် မရှိပါဘူး။ နည်းပြတွေ အတွက် သတ်မှတ်ထားတဲ့ ကာလလည်း မရှိပါဘူး။ ဒါပေမယ့်လည်း ရာထူး ကနေ ထုတ်ပယ်ခံရမယ် ဆိုပြီးတော့ တစ်ချိန်လုံး စိတ်ပူနေလို့ မရပါဘူး။ လုပ်စရာရှိတာတော့ ဆက်လုပ်ရမှာပါပဲ။” လို့ ပြောဆိုထားခဲ့ပါတယ်။

တော့တင်ဟမ်ဟော့စပါး ကတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၅ အပြီးမှာ ၆ ပွဲနိုင်၊ ၂ ပွဲ သရေ၊ ၇ ပွဲရှုံး ထားပါတယ်။ ဒါ့အပြင် တိုက်စစ်က ရဂိုး ၃၁ ဂိုး ရှိထားပေးမယ့် ပေးဂိုး ကတော့ ၁၉ ဂိုး အထိ ရှိထားသလို ရမှတ် ၂၀ နဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၁ မှာ ရပ်တည်နေခဲ့ပါတယ်။ စပါးဟာ နက်ဖြန် ညမှာတော့ ယူရိုပါလိဂ် လိဂ် အဆင့် ပွဲစဉ် ၆ အဖြစ် ရိန်းဂျားစ်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရဖို့ ရှိနေခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်