နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အိုဆင်မ်ဟန်ကို ခေါ်ယူဖို့ ကစားသမား နှစ်ဦး အလိုက်ပေး ကမ်းလှမ်းသွားမယ့် ချဲလ်ဆီး | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး အသင်း ကတော့ နာပိုလီ တိုက်စစ်မှူး ဗစ်တာ အိုဆင်မ်ဟန်ကို ခေါ်ယူဖို့ အတွက် အသည်းအသန် ကြိုးပမ်းနေခဲ့တာ ဖြစ်ပါတယ်။ သတင်းဖော်ပြချက်တွေ အရ ဆိုရင် လက်ရှိမှာ ချဲလ်ဆီးက နာပိုလီ တိုက်စစ်မှူး ဗစ်တာ အိုဆင်မ်ဟန်ကို ခေါ်ယူဖို့ အတွက် သူတို့ရဲ့ တိုက်စစ်မှူး ရိုမယ်လူ လူကာကူ အပြင် လူငယ် ကွင်းလယ် ကြယ်ပွင့် ကာဆာရီ ကာဆာဒီ တို့ကိုပါ အလိုက်ပေး ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဒီသတင်းကို TEAMtalk ကနေ ဖော်ပြလာခဲ့တာ ဖြစ်ပြီး ချဲလ်ဆီး အနေနဲ့ တိုက်စစ်ပိုင်း အတွက် အိုဆင်မ်ဟန်ကို အရင် ကတည်းက လိုချင်နေခဲ့တာ ဖြစ်ပါတယ်။ ချဲလ်ဆီးက လက်ရှိ နွေရာသီ ဈေးကွက်ထဲမှာ တောက်လျောက်ကို ကစားသမားသစ်တွေ ခေါ်ယူ အားဖြည့်လျက် ရှိပြီး အခုလည်း အသင်းနဲ့ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေတဲ့ နာပိုလီ တိုက်စစ်မှူး အိုဆင်မ်ဟန် ကိုပါ ထပ်မံခေါ်ယူသွားဖို့ပါ ပြင်ဆင်လျက် ရှိတာပါ။

လက်ရှိမှာ ပရီးမီးယားလိဂ် ကလပ်က ခေါ်ယူထားတဲ့ တိုက်စစ် ကစားသမားသစ်ဆိုလို့ ဘာစီလိုနာ လူငယ် ကြယ်ပွင့် မာ့ခ် ဂူရီ တစ်ဦးတည်းသာ ရှိနေပါသေးတယ်။ ဒါ့အပြင် လာမာစီယာ အကယ်ဒမီထွက် ဒီကစားသမားလေးဟာ အသင်းမှာ ချက်ချင်း နေရာပေးဖို မလွယ်သေးတာကြောင့် အရည်အသွေးမြင့် တိုက်စစ်မှူး တစ်ဦးနဲ့ ထပ်မံ အင်အားဖြည့်တင်းဖို့ စဉ်းစားနေတာ ဖြစ်ပါ တယ်။

လက်ရှိမှာ ချယ်လ်ဆီး ပစ်မှတ်နေခဲ့တဲ့ တိုက်စစ်မှူးတွေထဲမှာ ဗစ်တာ အိုဆင်မ်ဟန်က ထိပ်ဆုံး ကနေ ပါဝင်နေခဲ့ပြီးတော့ အခြား တိုက်စစ်မှူးတွေ ကိုလည်း စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ နာပိုလီ ဘက်ကတော့ ပရီးမီးယားလိဂ် ကလပ် ဘက်က လိုချင်နေတဲ့ အိုဆင်မ်ဟန် အတွက် အနည်းဆုံး ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀ ဝန်းကျင် ရရှိလိုနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် လာမယ့် နှစ်ပိုင်းအတွင်း စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် အိုဆင်မ်ဟန်ကို နာပိုလီဟာ အလွတ်နဲ့ လက်လွှတ် ရဖို့ထက် အကျိုးအမြတ်ရယူပြီး လက်လွှတ်ဖို့သာ စိတ်ဝင်စားနေတာကြောင့် ဒီနွေမှာပဲ ကျိန်းသေပေါက် ရောင်းထုတ်ဖို့ ရှိနေတာ ဖြစ်ပါတယ်။

သတင်းတွေ အရ ဆိုရင် ချဲလ်ဆီး ကတော့ အိုဆင်မ်ဟန် အတွက် နာပိုလီ လိုချင်နေတဲ့ ယူရို သန်း ၁၀၀ ကို ပေးချေဖို့ထက် ပြောင်းရွှေ့ကြေး+ကစားသမား အလိုက်နဲ့ ခေါ်ယူသွားဖို့သာ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ ချဲလ်ဆီးက အလိုက်ပေး ကမ်းလှမ်းသွားမယ့် ကစားသမားတွေထဲမှာ နာပိုလီ နည်းပြသစ် အန်တိုနီယို ကွန်တီ အလိုရှိနေတဲ့ တိုက်စစ်မှူး ရိုမယ်လူ လူကာကူနဲ့ အီတလီ လူငယ် ကွင်းလယ် ကစားသမား ကာဆာရီ ကာဆာဒီတို့ ပါဝင်နေပြီး ဒီကစားသမားတွေနဲ့အတူ ပြောင်းရွှေ့ကြေး ဘယ်လောက်နဲ့ ကမ်းလှမ်းသွားမလဲ ဆိုတာတော့ မသိရသေးပါဘူး။

အစောပိုင်းမှာ ရရှိခဲ့တဲ့ သတင်းတွေ အရ ဆိုရင် စီးရီးအေ တိုက်စစ်မှူး အိုဆင်မ်ဟန်က ချဲလ်ဆီးထက် မြို့ခံပြိုင်ဘက် အာဆင်နယ် အသင်းထံသာ ပြောင်းရွှေ့ချင်ကြောင်း ပြောကြားထားခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ် ကလည်း တိုက်စစ်မှူး တစ်ဦး လိုအပ်နေပေမယ့် လက်ရှိ အချိန်ထိတော့ ဆက်စ်ကို တစ်ဦးတည်းကိုသာ တရားဝင် ကြိုးပမ်းထားခဲ့သလို နာပိုလီက အိုဆင်မ်ဟန် အတွက်တော့ သတင်းတွေ ငြိမ်သက်နေဆဲ ဖြစ်ပါတယ်။ တော့ဒ်ဘိုလေရဲ့ ချဲလ်ဆီး ကတော့ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ကစားသမား ၄ ဦး အထိ ရောင်းထုတ်ထားခဲ့ပြီး ပေါင်သန်း ၉၀ ဝန်းကျင် ရရှိနေပြီ ဖြစ်တာကြောင့် ကစားသမားသစ်တွေကို စိတ်ကြိုက် ခေါ်ယူနိုင်ဖို့လည်း ရှိနေတာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်