နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကီပါ အရစ်ဇာဘလာဂါ အတွက် ဆော်ဒီပရိုလိဂ် ကလပ် အဲလ်အစ်တီဟတ်ရဲ့ ကမ်းလှမ်းချက်ကို ပယ်ချခဲ့တဲ့ ချဲလ်ဆီး | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး အသင်း ကတော့ သူတို့ရဲ့ ဂိုးသမား ကီပါ အရစ်ဇာဘလာဂါ အတွက် ဆော်ဒီပရိုလိဂ် ကလပ် အဲလ် အစ်တီဟတ်ရဲ့ ကမ်းလှမ်းမှုကို ပယ်ချလိုက်တယ်လို့ သိရပါတယ်။ 

စပိန်သားဟာ ပြီးခဲ့တဲ့ရာသီက ရီးရဲလ်မက်ဒရစ်မှာ အငှားနဲ့ သွားရောက် ကစားခဲ့ပြီး ပွဲပေါင်း ၂၀ ကစားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်က ကျောရိုး အရွတ် ဒဏ်ရာရရှိခဲ့တဲ့ သီဘောက် ကော့တွာစ် နေရာမှာ အစားထိုးဖို့ ကီပါကို ရည်ရွယ်ခေါ်ယူခဲ့ပေမယ့် ၂၀၂၄ ခုနှစ် နှစ်စပိုင်းမှာတော့ တတိယ ဂိုးသမား အန်ဒရီ လူနင်ကို အန်ဆယ်လော့တီက ပိုမို အသုံးပြုခဲ့ပါတယ်။ 

၂၀၁၈ ခုနှစ်မှာ အက်သလက်တစ် ဘီလ်ဘာအို ကနေ ချဲလ်ဆီး အသင်းထံ စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၇၂.၅ သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ ကီပါဟာ လက်ရှိ စျေးအကြီးဆုံး ဂိုးသမား အဖြစ် ဆက်လက် ရပ်တည်နေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိမှာ ကီပါဟာ ဘယ်အသင်းနဲ့မှ အနာဂတ် မသေချာသေးပဲ ရီးရဲလ်မက်ဒရစ် ကလည်း ပြန်လည် ခေါ်ယူဖို့ မသေချာသေးပါဘူး။ ဒါ့အပြင် လက်ရှိမှာ ပရီးမီးယားလိဂ် ဖြစ်တဲ့ ချဲလ်ဆီး ကလည်း အဲလ် အက်တီဟတ်ရဲ့ ကနဦး ကမ်းလှမ်းချက် ကို ပယ်ချလိုက်ကြောင်း သတင်းတွေ ထွက်လာခဲ့ပြီ ဖြစ်ပါတယ်။

တခြား သတင်းတွေရဲ့ ဖော်ပြချက်အရ လန်ဒန် ကလပ်ဟာ အက်တီဟတ်ရဲ့ ကမ်းလှမ်းချက်ကို ပယ်ချထားပေမယ့် တခြား ဆော်ဒီ အသင်းတွေနဲ့ ဆွေးနွေးနေတယ်လို့ သိရပြီး အသက် ၂၉ နှစ်အရွယ် ကစားသမားဟာ နွေရာသီ အပြောင်းအရွှေ့ဈေးကွက် မပိတ်ခင် အသင်းပြောင်းရွှေ့ဖွယ် ရှိနေတာ ဖြစ်ပါတယ်။ မကြာသေးခင်က ရရှိတဲ့ သတင်းတွေအရ ကီပါကို ဆော်ဒီပရိုလိဂ် ကလပ်ဟာ ပုံမှန်အားဖြင့် မြင့်မားတဲ့ ပမာဏနဲ့ ကမ်းလှမ်းထားတယ်လို့ သိရပေမယ့် ဘယ်လောက်နဲ့ ကမ်းလှမ်းခဲ့သလဲ ဆိုတာတော့ မသိရသေးပါဘူး။

အကယ်၍ ကီပါသာ အစ်တီဟက်ကို ပြောင်းရွှေ့ဖြစ်ခဲ့ရင်တော့ ချဲလ်ဆီး အသင်းဖော်ဟောင်း အန်ဂိုလို ကန်တေနဲ့ ပြန်လည် စုံတွေ့ရမှာလည်း ဖြစ်ပါတယ်။ ဆော်ဒီပရိုလိဂ်ဟာ ပြီးခဲ့တဲ့ ရာသီက ကမ္ဘာကျော် ဘောလုံးကြယ်ပွင့် များစွာကို ခေါ်ယူခဲ့ပြီးနောက် အခု နွေရာသီမှာလည်း ရီးရဲလ်မက်ဒရစ် အသင်းခေါင်းဆောင်ဟောင်း နာချို ဖာနန်ဒက်ဇ်ကို အယ်လ်ကဒ်ဆီယာက ခေါ်ယူထားခဲ့ပြီး ဖြစ်ပါတယ်။

ဆက်စပ် သတင်းတွေ အရ ဆိုရင် လစ်ဗာပူးလ်နဲ့ နယ်သာလန် နောက်ခံလူ ဗာဂျယ် ဗန်ဒိုက် ဟာ ဆော်ဒီ ကလပ်တွေရဲ့ အဓိက ပစ်မှတ် ဖြစ်နေတယ်လို့ သိရပြီး ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ အယ်လ်နာဆာက ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် မန်ချက်စတာစီးတီး ကွင်းလယ် ဖန်တီးရှင် ကီဗင် ဒီဘရွန်းနား ကလည်း အရှေ့အလယ်ပိုင်း ကလပ်တွေရဲ့ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းမှုတွေကို ငြင်းဆန်ဖို့ ခက်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့ဖူးပါတယ်။ ဒါ့အပြင် ဆော်ဒီပရိုလိဂ် ကလပ်တွေဟာ ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် တောင်ပံ တိုက်စစ် ကစားသမား မိုဟာမက် ဆာလာ ကိုလည်း ခေါ်ယူဖို့ မျှော်လင့်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်