နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စပါးနဲ့ တရားဝင် လမ်းခွဲလိုက်တဲ့ ကွန်တီ၊ အင်္ဂလန် အသင်းခေါင်းဆောင် ဖြစ်ဖို့က အကြီးမားဆုံး အိပ်မက် ဆိုတဲ့ ဘယ်လင်ဟမ် (ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ)

စပါးနဲ့ တရားဝင် လမ်းခွဲလိုက်တဲ့ ကွန်တီ၊ အင်္ဂလန် အသင်းခေါင်းဆောင် ဖြစ်ဖို့က အကြီးမားဆုံး အိပ်မက် ဆိုတဲ့ ဘယ်လင်ဟမ် စတဲ့ သတင်းတွေ အပါအဝင် မတ် ၂၇ ရက်နေ့ရဲ့ ပရီးမီးယားလိဂ် သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


စပါးနဲ့ တရားဝင် လမ်းခွဲလိုက်တဲ့ ကွန်တီ

ပရီးမီးယားလိဂ် ကလပ် တော့တင်ဟမ်ဟော့စပါး နည်းပြ အန်တိုနီယို ကွန်တီ တို့ဟာ နှစ်ဖက် သဘောတူညီမှုနဲ့ လမ်းခွဲလိုက်ကြပြီ ဖြစ်ပါတယ်။ ဒီရာသီမှာ စပါးကို ရလဒ်တွေ ကောင်းမွန်အောင် ကွန်တီက ကြိုးစားပေးနေခဲ့ပေမယ့် ထင်မှတ်သလို ဖြစ်မလာခဲ့ဘဲ အသင်းတွင်း မှာလည်း ပြသနာတွေ တက်ခဲ့ အပြီးမှာ အခုလို လမ်းခွဲခဲ့ကြတာပါ။

စပါးရဲ့ နောက်ဆုံး ပွဲစဉ်တွေ ကစားအပြီးမှာ ကွန်တီက အသင်း ကစားသမားတွေနဲ့ အသင်း ဥက္ကဌ လီဗိုင်း ကိုပါ လူသိရှင်ကြား ပြစ်တင် ဝေဖန်မှုတွေ လုပ်ခဲ့ပြီးနောက် ပြသနာက ပိုမို ကြီးထွားခဲ့တာ ဖြစ်ပါတယ်။ ရာသီကုန်မှာ သေချာပေါက် လမ်းခွဲမယ်လို့ အားလုံးက ယူဆထားကြပြီး အခုကတော့ စောစောစီးစီးပဲ လမ်းခွဲခဲ့ကြတာပါ။
ရာသီကုန် အထိ စပါးက ယာယီ နည်းပြနဲ့ ဆက်လက် ကစားသွားမယ်လို့ သတင်း ထုတ်ပြန်ခဲ့ပြီး နည်းပြသစ် အဖြစ်တော့ ဘေယန်မြူးနစ် နည်းပြဟောင်း နေဂဲလ်စ်မန်း၊ သူတို့ရဲ့ နည်းပြဟောင်း ပိုချက်တီနို တို့ကို ချိတ်ဆက်နေတယ်လို့ သတင်းတွေ ထွက်နေကာ ဘယ်သူ ရောက်ရှိလာမလဲ ဆိုတာ စောင့်ကြည့်ရပါတော့မယ်။


အင်္ဂလန် အသင်းခေါင်းဆောင် ဖြစ်ဖို့က အကြီးမားဆုံး အိပ်မက် ဆိုတဲ့ ဘယ်လင်ဟမ်

ဘာမင်ဂမ် ကစားသမားဟောင်းဟာ လက်တလော ပြသနေတဲ့ စွမ်းဆောင်ရည်တွေကြောင့် ရီးရဲလ်မက်ရစ်နဲ့ ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်တဲ့ လစ်ဗာပူးလ်နဲ့ ချဲလ်ဆီး တို့ရဲ့ အဓိက ပစ်မှတ် အဖြစ် ရှိနေတာပါ။
အင်္ဂလန် အသင်းခေါင်းဆောင် ဖြစ်ဖို့က အကြီးမားဆုံး အိပ်မက် ဆိုတဲ့ ဘယ်လင်ဟမ်

အင်္ဂလန် အသင်း အတွက် ခြေစွမ်း ပြနေတဲ့ ကြယ်ပွင့် ကစားသမား ဂျူ့ဒ် ဘယ်လင်ဟမ်က သူရဲ့ အကြီးမားဆုံး အိပ်မက်က လက်ရွေးစင် အသင်းခေါင်းဆောင် ဖြစ်လာဖို့လို့ ပြောလိုက်ပါတယ်။ အသက် ၁၉ နှစ် အရွယ်သာ ရှိသေးတဲ့ ဘယ်လင်ဟမ်ဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ကနေ စပြီး ယူရို ၂၀၂၄ ခြေစစ်ပွဲ ၂ ပွဲစလုံးမှာ အင်္ဂလန်ရဲ့အဓိက ကစားသမား အဖြစ် ခြေစွမ်းပြသနေတာပါ။

ဘယ်လင်ဟမ်ဟာ ဒေါ့မန် အသင်းရဲ့ ပွဲစဉ် တချို့ မှာလည်း အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူခဲ့ရပြီးနောက် အနာဂတ်မှာ နိုင်ငံ အသင်းရဲ့ အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူချင်နေတာ ဖြစ်ပါတယ်။

ဘယ်လင်ဟမ်က “ နိုင်ငံ အသင်းရဲ့ ခေါင်းဆောင် အဖြစ် ဆောင်ရွက်ရမှာက ဘောလုံး လောကရဲ့ အကြီးမားဆုံး အိပ်မက်နဲ့ အကြီးမားဆုံး ဂုဏ်ယူမှု တစ်ခုလို့ ကျွန်တော် ထင်ပါတယ်။ ဒါကို ကျွန်တော် အလွန်လေးစားပြီး ကျွန်တော့်ရဲ့ အလှည့် လာမှာကို စောင့်နေပါတယ်။ ဒီကြားထဲမှာ သူတို့ ဆီက သင်ယူနိုင်တာတွေကို ကျွန်တော် သင်ယူနေပါတယ်။ ဒီလိုလုပ်ဖို့ အတွက် အကောင်းဆုံး နေရာပါပဲ” လို့ ပြောခဲ့ပါတယ်။

ဘာမင်ဂမ် ကစားသမားဟောင်းဟာ လက်တလော ပြသနေတဲ့ စွမ်းဆောင်ရည်တွေကြောင့် ရီးရဲလ်မက်ရစ်နဲ့ ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်တဲ့ လစ်ဗာပူးလ်နဲ့ ချဲလ်ဆီး တို့ရဲ့ အဓိက ပစ်မှတ် အဖြစ် ရှိနေတာပါ။ ဒေါ့မန် အသင်း ကတော့ ဘယ်လင်ဟမ်ကို ဆက်ပြီး ထိန်းသိမ်းချင်နေပေမယ့် ငွေကြေး အများအပြားနဲ့ ကမ်းလှမ်းလာရင်တော့ စဉ်းစားဖွယ် ရှိနေပါတယ်။


ဆာကာဟာ ဂိုးရှေ့မှာဆို ရက်စက်တဲ့သူလို့ ပြောခဲ့တဲ့ ဆောက်ဂိတ်

ဘန်ဒက် လီဂါ
ဘိုင်ယန်မြူးနစ်
ဒေါ့မွန်
ပထမပိုင်း 1X2 ဘိုင်ယန်မြူးနစ် @ 2.00
ဒေါ့မွန် အာရှ ဟန်းဒီးကပ် 1.00 @ 2.14
ဂိုးပေါ် 3.75 @ 2.21
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အင်္ဂလန် အသင်းက ယူကရိန်း အသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲမှာ ခြေစွမ်းပြသွားခဲ့တဲ့ ဘူကာယို ဆာကာကို နည်းပြ ဆောက်ဂိတ်က ချီးကျူးမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ ဆာကာဟာ ဒီပွဲမှာ ယူကရိန်း နောက်ခံလူတွေ ဒုက္ခရောက်အောင် လုပ်နိုင်ခဲ့ပြီး သူ့ရဲ့ ဖြတ်တင် ပေးပို့မှုတွေဟာ အလွန် ကောင်းမွန်ခဲ့တာကြောင့် ဟယ်ရီကိန်းဟာ အင်္ဂလန် အတွက် အဖွင့်ဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဆာကာဟာ ဂိုးဧရိယာ အပြင်ဘက် ကနေ လှပတဲ့ သွင်းဂိုး ကိုလည်း သွင်းယူနိုင်ခဲ့တာပါ။ ဆာကာဟာ ဒီရာသီမှာ အာဆင်နယ် အတွက် ခြေစွမ်းပြသနေသလို အင်္ဂလန် အသင်း အတွက်လည်း အကောင်းဆုံး လုပ်ဆောင်နေတဲ့ အတွက် ပွဲအပြီးမှာ နည်းပြ ဆောက်ဂိတ်ရဲ့ ချီးကျူးမှုကို ရရှိခဲ့တာပါ။

ဆောက်ဂိတ်က “ သူ့ရဲ့ အဆုံးသတ်မှုက ထိပ်တန်း အဆင့်ပါပဲ။ သူဟာ ပွဲထဲမှာ ရက်စက်တဲ့ အပိုင်းကို ထည့်သွင်းထားပါတယ်။ ဆာကာဟာ ဂိုးတွေ အရှေ့မှာ ဆိုရင် ယုံကြည်မှု အပြည့်နဲ့ ကစားနေပါတယ်။ သူဖြတ်ကျော်လာပြီ ဆိုရင်တော့ ဂိုးသွင်းနိုင်ဖို့ ခင်ဗျားတို့ မျှော်လင့်နေမှာပါ။ ဒါက နည်းပညာပိုင်း အရရော စိတ်ဓါတ်ပိုင်း အရရော အပြောင်းအလဲလို့ ထင်ပါတယ်”

“ ဆာလောင်မှုနဲ့ နှိမ့်ချမှုက သူ့ကို ကောင်းမွန်တဲ့ လမ်းကြောင်းပေါ်ကို ရောက်စေပါတယ်။ သူ့မှာ ဆက်လက် တိုးတက်ဖို့နဲ့ သင်ယူစရာ အရည်အချင်းတွေ အားလုံး ရှိပါတယ်။ သူဟာ တကယ်ကို ထက်ထက်မြက်မြက်နဲ့ တိုးတက်နေပြီး အလုပ် ကိုလည်း ပျော်ရွှင်စွာ လုပ်နေပါတယ်” လို့ ပြောခဲ့တာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်