နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အန်ဇို မာရက်စ်ကာ အနေနဲ့ အံ့အားသင့်စရာတွေ လုပ်ပြလိမ့်မယ်လို့ ဆိုလိုက်တဲ့ ဒူးစ်ဘရီဟောလ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ထိပ်သီး ကလပ် ချယ်လ်ဆီး နည်းပြသစ် အန်ဇို မာရက်စ်ကာ အနေနဲ့ အသင်းကို စတင်ကိုင်တွယ်ရတဲ့ ဘောလုံးရာသီမှာပဲ အံ့အားသင့်စရာတွေကို လုပ်ပြလိမ့်မယ်လို့ ကစားသမားသစ် ဒူးစ်ဘရီဟောလ်က ထုတ်ဖော် ပြောကြားလာခဲ့ပါတယ်။

လက်စတာစီးတီး အသင်း မှာရော ချဲလ်ဆီး မှာပါ တွဲဖက်ပြီး အလုပ် လုပ်ရဖို့ ရှိနေတဲ့ နည်းပြ မာရက်စ်ကာနဲ့ ပတ်သက်လို့ ကီနန် ဒူးစ်ဘရီဟောလ်က “နည်းပြက ကျွန်တော် ဒီအသင်းဆီ လာရောက်ဖို့ အတွက် ကြီးမားတဲ့ တွန်းအားတစ်ခု ဖြစ်စေခဲ့ပါတယ်။ ကျွန်တော် သူ့ကို လက်စတာစီးတီးမှာ ကတည်းက သိခဲ့တာပါ။ လက်စတာစီးတီးက ပရီးမီးယားလိဂ် ကနေ တန်းဆင်းသွားချိန်မှာ ပြသာနာ များစွာနဲ့ ကြုံတွေ့ခဲ့ရတဲ့ ကလပ် ဖြစ်ပြီးတော့ ဒါကို သူက ပြန်လည် မွမ်းမံပေးနိုင်ခဲ့တယ်။” လို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ဒူးစ်ဘရီဟောလ်က “သူက အခု ဒီအသင်းကို ကိုင်တွယ်နေတဲ့ အချိန်တိုလေး အတွင်းမှာပဲ အနည်းဆုံးတော့ ထိပ်ဆုံး ၄ သင်းနေရာလောက် ပိုဆောင်ပေးနိုင်လိမ့်မယ်လို့ ကျွန်တော် ထင်မိပါတယ်။ အဲ့ဒီထက်လည်း ပိုနိုင်လိမ့်မယ် လို့လည်း ကျွန်တော် ထင်ပါတယ်။ သူက လူတော်တော်များများ မသိနိုင်သေးတဲ့သူ ဆိုပေမယ့် တကယ်ကို ထိပ်တန်း အဆင့်ရှိသူပါ။ သူက လူအများ ကိုလည်း အံ့အားသင့်လောက် လုပ်ပြနိုင်ပါလိမ့်မယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။

ချဲလ်ဆီး အသင်းဟာ မနှစ်က ဘောလုံးရာသီမှ စတင် လက်တွဲခဲ့တဲ့ နည်းပြ မော်ရူစီယို ပိုချက်တီနိုနဲ့ ရာသီ အကုန်မှာ လက်တွဲဖြုတ်ခဲ့ပါတယ်။ အဲ့နောက်မှာတော့ သူ့ရဲ့ နေရာမှာ လက်စတာစီးတီး အသင်းကို ချန်ပီယံရှစ် ကနေ ပရီးမီးယားလိဂ် ပြိုင်ပွဲတွေဆီ ပြန်လည် ပိုဆောင်ပေးခဲ့တဲ့ နည်းပြ အန်ဇို မာရက်စ်ကာနဲ့ အစားထိုး ခန့်အပ်ခဲ့ပါတယ်။ နည်းပြ မာရက်စ်ကာက ချဲလ်ဆီး အသင်း နည်းပြ အဖြစ် စတင် တာဝန်ယူချိန်မှာပဲ အသင်းဟောင်း လက်စတာစီးတီးက ကွင်းလယ် ကစားသမား ဒူးစ် ဘရီဟောလ် ကိုပါ ချဲလ်ဆီး အသင်းထံ တစ်ပါတည်း ခေါ်ဆောင်ခဲ့ပြီး အသင်းရဲ့ ကွင်းလယ်ပိုင်းကို အင်အားကို အင်အား ဖြည့်တင်းထားခဲ့တာ ဖြစ်ပါတယ်။

အသက် ၄၄ နှစ် အရွယ် အီတလီလူမျိုး နည်းပြ မာရက်စ်ကာဟာ စပိန် ကလပ် ဆီဗီလာမှာ လက်ထောက် နည်းပြ အဖြစ် လုပ်ကိုင်ခဲ့ဖူးသလို မန်ချက်စတာစီးတီး ယူ ၂၃ အသင်း၊ မန်ချက်စတာစီးတီး အကယ်ဒမီ နည်းပြ၊ စီးရီးအေ ကလပ် ပါးမား နည်းပြ အဖြစ် လုပ်ကိုင်ခဲ့ဖူးသူ ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် ဇူလိုင်လမှာ လက်စတာစီးတီးကို စတင် ကိုင်တွယ်ခဲ့တဲ့ မာရက်စ်ကာဟာ သူ့လက်ထက်မှာ လက်စတာက ၅၃ ပွဲ ကစား၊ ၃၆ ပွဲနိုင်၊ ၄ ပွဲသရေ၊ ၁၃ ပွဲရှုံး၊ ရလဒ် ပိုင်ဆိုင်ခဲ့ပါတယ်။

ချဲလ်ဆီး အသင်းက နည်းပြသစ် မာရက်စ်ကာနဲ့ ပထမဦးဆုံးသော ပွဲစဉ် အဖြစ် လိဂ်ဝမ်း တန်းတက် ကလပ် ရက်စ်ဟမ်း အသင်းနဲ့ ကစားထားခဲ့ပြီး တစ်ဖက် ၂ ဂိုးစီ သရေ ရလဒ်သာ ရရှိခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်