နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စတာလင် အပါအဝင် သီးခြားလေ့ကျင့်နေရသူတွေကို သတိပေးလိုက်တဲ့ အန်ဇို မာရက်စ်ကာ | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး နည်းပြ အန်ဇို မာရက်စ်ကာ ကတော့ သီးခြားလေ့ကျင့်နေတဲ့ ကစားသမားတွေကို ပွဲထွက်ကစားခွင့်ပေးမှာ မဟုတ်ကြောင်း ပြောကြားလာခဲ့ပါတယ်။ လက်ရှိ ချဲလ်ဆီး အသင်းမှာ စတာလင် အပါအဝင် သီးခြား လေ့ကျင့်နေရတဲ့ ကစားသမားတွေ ရှိနေပြီးတော့ သူတို့ အနေနဲ့ အပြောင်းအရွှေ့ကာလ ပိတ်သိမ်းချိန် အထိ ဆက်ရှိနေမယ် ဆိုရင်တော့ ပွဲထွက် ကစားခွင့်ရမှာ မဟုတ်ကြောင်း မာရက်စ်ကာက သတိပေး စကား ပြောခဲ့တာ ဖြစ်ပါတယ်။ 

ချဲလ်ဆီး အနေနဲ့ လက်ရှိ နွေရာသီ အပြောင်းအရွှေ့မှာ ကစားသမား အများအပြား ခေါ်ယူထားခဲ့ပါတယ်။ ဒါကြောင့် တစ်ဖက်မှာလည်း သြဂုတ်လ ၃၁ ရက်နေ့ မတိုင်ခင် အသင်းမှာ ရှိတဲ့ ကစားသမား အများအပြားကို ရောင်းထုတ်ခြင်း ဒါမှမဟုတ် အငှားနဲ့ ထွက်ခွာခွင့်ပြုခြင်းတွေ လုပ်ဆောင်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် အန်ဇို မာရက်စကာက တောင်ပံ ကစားသမား ရာဟင်းမ် စတာလင်နဲ့ ဘယ်နောက်ခံလူ ဘန်ချေးဝဲလ် တို့ကို သူ့ရဲ့ အနာဂတ် အစီအစဉ်မှာ မပါဝင်တော့ကြောင်း ပြောကြားထားခဲ့ပြီး ဆာဗက်တီနဲ့ ကစားမယ့် ယူရိုပါ ကွန်ဖရင့်လိဂ် ခြေစစ်ပွဲ Play-off ဒုတိယအကျော့ ပွဲစဉ် မတိုင်ခင် သြဂုတ် ၂၈ ရက်က ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အခုလိုပဲ ထပ်မံ သတိပေးစကား ပြောကြားခဲ့တာ ဖြစ်ပါတယ်။ 

အန်ဇို မာရက်စ်ကာ “ကျွန်တော်က ကစားသမားတွေနဲ့ ပွင့်ပွင့်လင်းလင်းနေရတာကို သဘောကျပါတယ်။ ကျွန်တော့်ရဲ့ အစီအစဉ်မှာ မပါဝင်သူတွေက ဆက်ရှိနေမယ် ဆိုရင် ပွဲကစားခွင့် လုံးဝ ရမှာ မဟုတ်ပါဘူး။ အပြောင်းအရွှေ့ပိတ်ချိန် အထိ သူတို့ ဆက်ရှိနေမယ် ဆိုရင် ဘယ်လို ဖြစ်မလဲ ဆိုတာ ကျွန်တော် မသိပါဘူး။ ပွဲထွက် ကစားခွင့်ရသူတွေက ကျွန်တော် တို့ကို ကူညီပေးနိုင်မယ်လို့ ထင်ပါတယ်။ ရာဟင်းမ်က ထူးချွန်တဲ့ ကစားသမား ဖြစ်ပြီး လေ့ကျင့်ရေးကွင်း မှာလည်း အရမ်းကို တော်ပါတယ်။ မန်နေဂျာတိုင်းဆီမှာ မတူညီတဲ့ အယူအဆ တစ်ခုစီ ရှိပါတယ်။ သူက ကျွန်တော် အကြိုက် မဟုတ်တဲ့ တောင်ပံကစားသမားမျိုးပါ။ သမိုင်းကြောင်းနဲ့ ကိန်းဂဏန်းတွေက ရာဟင်းမ်ရဲ့ အကြောင်းကို ပြောပြနိုင်ပါတယ်။ သူက ဘာလုပ်ရမလဲ ဆိုတာကို ကိုယ်တိုင် အတိအကျ သိသူပါ။” လို့ ပြောကြားခဲ့ပါတယ်။ 

ချဲလ်ဆီးဟာ ဒီရာသီ ပရီးမီးယားလိဂ် ပွဲစဉ် ၂ ပွဲ ကစားပြီးချိန်မှာ တစ်ပွဲ နိုင်၊ တစ်ပွဲ ရှုံးထားပါတယ်။
အခုနွေရာသီမှာ ကစားသမားပေါင်း များစွာ ခေါ်ယူထားတဲ့ ချဲလ်ဆီး

ဆက်လက်ပြီးတော့ မာရက်စ်ကာက လေ့ကျင့်မှု အစီအစဉ်မှာ သီးခြား လေ့ကျင့်နေရသူ အားလုံးက ပွဲထွက် ကစားခွင့်ရမှာ မဟုတ်ပါဘူး။ သူတို့နဲ့ ပတ်သက်ပြီး ကျွန်တော့် ဘက်က ပွင့်လင်း မြင်သာစွာ ပြောထားပြီးသားပါ” လို့လည်း ဆိုသည်။

လက်ရှိ ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးမှာ သီးခြားလေ့ကျင့်နေရတဲ့ ကစားသမား စုစုပေါင်း ၁၀ ဦး အထိ ရှိနေပါတယ်။ ဒီထဲမှာတော့ စတာလင်၊ ချေးဝဲလ်၊ ချာလိုဘာ၊ ဒါထရို ဖိုဖာနာ၊ အန်ဂျယ်လို၊ ဘက်စထရွန်း၊ ၀ါရှင်တန်၊ အန်ဂျိုရင်၊ မာတို့စ်၊ ဗယ်လီ စတဲ့ ကစားသမားတွေဟာ ပထမ အသင်းနဲ့ အတူ လေ့ကျင့်ခွင့် မရပဲ သီးခြား လေ့ကျင့်နေရတာ ဖြစ်ပါတယ်။ ဒါ့အပြင် ချဲလ်ဆီးဟာ စတာလင်၊ ချာလိုဘာနဲ့ အန်ဂျယ်လို တို့ သုံးဦး ကလည်း ကျောနံပါတ် မပေးပဲ ချန်လှပ်ခံထားရပါတယ်။

ချဲလ်ဆီးဟာ ဒီရာသီ ပရီးမီးယားလိဂ် ပွဲစဉ် ၂ ပွဲ ကစားပြီးချိန်မှာ တစ်ပွဲ နိုင်၊ တစ်ပွဲ ရှုံးထားပါတယ်။ အဖွင့်ပွဲမှာ မန်စီးတီးကို ၂ ဂိုးပြတ်နဲ့ ရှုံးထားပေမယ့် ဒုတိယပွဲစဉ် မှာတော့ ဝုဗ်ကို အဝေးကွင်းမှာ ၂-၆ ရလဒ်နဲ့ အနိုင်ရထားတာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်