နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက် ၃ ခုကြောင့် ရှုံးခဲ့ရတာလို့ ဝေဖန်ခဲ့တဲ့ တန်ဟက်ဂ် (ပရီးမီးယားလိဂ် သတင်းများ)

ဒီတစ်ခါ မှာတော့ စက်တင်ဘာလ ၄ ရက်နေ့ အထိ ရရှိထားသမျှ ပရီးမီးယားလိဂ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက် ၃ ခုကြောင့် ရှုံးခဲ့ရတာလို့ ဝေဖန်ခဲ့တဲ့ တန်ဟက်

မန်ချက်စတာယူနိုက်တက် နည်းပြ အဲရစ်ခ် တန်ဟက်ဂ်က အာဆင်နယ်နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက် ၃ ခုကြောင့် ရှုံးနိမ့်ခဲ့ရတာ ဖြစ်တယ်လို့ ညည်းတွားခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ တနင်္ဂနွေနေ့ ညနေ အမ်းမရိတ်စ်မှာ ဒီကလန် ရိုက်စ်နဲ့ ဂါဘရီယဲလ် ဂျေဆုစ် တို့ရဲ့ နာကျင်အချိန်ပို သွင်းဂိုးတွေကြောင့် ၃-၁ နဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ တန်ဟက်ဂ်ရဲ့ အသင်းက ၈၇ မိနစ်မှာ ဂါနာချိုရဲ့ နောက်ကျ အနိုင်ဂိုးနဲ့ အနိုင်ရခဲ့ပြီလို့ ထင်ခဲ့ပေမယ့် လူကျွံနေတာကြောင့် ပယ်ဖျက်ခံခဲ့ရတာ ဖြစ်ပါတယ်။

ယူအီးအက်ဖ်အေ ယူရို 2024
ဂျော်ဂျီယာ
စပိန်
1X2 ဂျော်ဂျီယာ @ 6.80
ဂိုးပေါ် 2.75 @ 1.94
ဂိုးပေါင်း 0-1 @ 3.55
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အဲဒီမတိုင်ခင်မှာ ရာ့စ်မွတ် ဟွိုက်လန်းကို အာဆင်နယ် နောက်ခံလူ ဂါဘရီယဲလ် မာဂါလိုင်စ်က ပင်နယ်တီ ဧရိယာထဲမှာ လဲကျစေခဲ့တာကြောင့် မန်ချက်စတာယူနိုက်တက် နည်းပြက ပင်နယ်တီ ပေးခဲ့သင့်တယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။

အဲဒီထက် ပိုပြီးဆိုးရွားသွားစေခဲ့တာ ကတော့ ဒီကလန် ရိုက်ရဲ့ နာကျင်အချိန်ပို သွင်းဂိုးဟာ မပေးသင့်ဘူးလို့ တန်ဟက်ဂ်က ယုံကြည်ခဲ့ပေမယ့်လည်း ခွင့်ပြုခဲ့ရတာ ဖြစ်ပြီး ဂျွန်နီ အီဗန်စ်ဟာ ဘောလုံး ပင်နယ်တီဧရိယာထဲ မရောက်လာခင်မှာ ဂါဘရီယဲလ်နဲ့ အပြန်အလှန် တွန်းထိုးပြီးနောက် ပြစ်ဒဏ် ကျူးလွန်ခြင်းခံခဲ့ရတယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။


အနာဂတ် စဉ်းစားဖို့ အီဂျစ် အက်ဖ်အေရဲ့ အချိန်ပေးခံခဲ့ရတဲ့ ဆာလာနဲ့ ပတ်သက်ပြီး ပြောခဲ့တဲ့ ကလော့ပ်

လစ်ဗာပူးလ် နည်းပြ ယာဂန် ကလော့ပ်က မိုဟာမက် ဆာလာ ဆော်ဒီ အာရေဗျကို ပြောင်းရွှေ့မယ့် သတင်းတွေကို နောက်ထပ်တစ်ကြိမ် ငြင်းဆန်ခဲ့ပြီး အီဂျစ် ကြယ်ပွင့်က ၎င်းရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ကောလာဟလတွေကြောင့် စိတ်အာရုံထွေပြားမနေဘူးလို့ ပြောကြားခဲ့ပါတယ်။

လစ်ဗာပူးလ်ဟာ သောကြာနေ့ အပြောင်းအရွှေ့စျေးကွက်မပိတ်မီ ဆော်ဒီ ပရိုလိဂ် ကလပ်ရဲ့ ပေါင်သန်း ၁၅၀ တန်ကြေး ရှိတဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တာ ဖြစ်ပြီး ကလော့ပ်က ကောလာဟလတွေက ဆက်တိုက် ထွက်ပေါ်နေမှာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း အယ်လ်အစ်တီဟတ်ရဲ့ စိတ်ဝင်စားမှုဟာ ရပ်တန့်သွားခြင်း မရှိဘဲ လက်ရှိမှာ ပေါင်သန်း ၂၀၀ အထိ တိုးမြှင့် ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

ဆာလာရဲ့ သတင်းတွေကို ပိုပြီး စိတ်ဝင်စားစရာကောင်းလာစေတာက အီဂျစ် ဘောလုံးအဖွဲ့ချုပ်ဟာ လစ်ဗာပူးလ် ကြယ်ပွင့်ရဲ့ အနာဂတ်ကို ဆုံးဖြတ်ဖို့ အတွက် လာမယ့်အပတ် အထိ နားရက် ပေးသွားမှာ ဖြစ်ပြီး လက်ရွေးစင်အသင်းနဲ့ ချက်ချင်း ပူးပေါင်းဖို့ လိုအပ်မှာ မဟုတ်ဘူးလို့ ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။

အန်းဖီးလ် ကနေ ထွက်ခွာဖို့ သတင်းတွေ ထွက်ပေါ်နေပေမယ့်လည်း ဆာလာက တနင်္ဂနွေနေ့ညနေက အက်စတွန်ဗီလာနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ လစ်ဗာပူးလ် အတွက် ပွဲထွက် ပါဝင်ကစားပေးခဲ့တာ ဖြစ်ပါတယ်။ ကလော့ပ်က အသက် ၃၁ နှစ် အရွယ် တိုက်စစ်မှူး အနေနဲ့ ပွဲထွက်ပါဝင်ကစားပေးမယ် ဆိုတာ ဘယ်တုန်းကမှ သံသယမရှိခဲ့ဘဲ ခုထွက်နေတဲ့ သတင်းတွေက မီဒီယာတွေ ဖန်တီးတဲ့ ဇာတ်လမ်းတွေသာ ဖြစ်တယ်လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။


ပရိသတ်တစ်ဦးရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရတဲ့ ရွိုင် ကိန်း

ဒီပွဲမှာ ရွိုင်းကိန်းရဲ့ အသင်းဟောင်း မန်ချက်စတာယူနိုက်တက်က အာဆင်နယ်ကို ၃-၁ ရလဒ် အရေးနိမ့်ပြီး ဒီရာသီ ပရီးမီးယားလိဂ်မှာ ဒုတိယမြောက် ရှုံးပွဲတွေ့ခဲ့ရပါတယ်။
ပရိသတ် တစ်ဦးရဲ့ တိုက်ခိုက်ခြင်း ခံခဲ့ရတဲ့ ရွိုင်းကိန်း

မန်ချက်စတာယူနိုက်တက် ဂန္တဝင် ရွိုင်း ကိန်းဟာ တနင်္ဂနွေနေ့ညနေက အာဆင်နယ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ် အတွင်း ပရိသတ်တစ်ဦးရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး Sky Sports ဘောလုံး ဝေဖန်သုံးသပ်သူ လုပ်ဖော်ကိုင်ဘက် မီကာ ရစ်ချ်က အခြေအနေကို ဝင်ရောက် ထိန်းသိမ်းခဲ့ရပါတယ်။

လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာတဲ့ ဗီဒီယိုဖိုင်ထဲမှာ မီကာ ရစ်ချက်ဟာ အမ်းမရိတ်စ်မှာ လူတစ်ယောက်နဲ့ ထိပ်တိုက် ရင်ဆိုင်နေချိန်မှာ ရွိုင်း ကိန်းက ၎င်းရဲ့ အနောက်မှာ ရပ်နေခဲ့တာကို မြင်တွေ့ခဲ့ရပြီး သတင်းတွေရဲ့ ဖော်ပြချက်အရ အဲဒီဗီဒီယိုဖိုင်ဟာ တိုက်ခိုက်မှု အပြီး နောက်ဆက်တွဲ ဖြစ်စဉ်လို့ သိရပါတယ်။

ဘောလုံး ဝေဖန်သုံးသပ်သူ အဖြစ် ဆောင်ရွက်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း ရွိုင် ကိန်းကို အမ်းမရိတ်စ်ကွင်း အနောက်ဘက်တန်း ပွဲကြည့်စင်က ပရိသတ် တစ်ဦးက တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ရွိုင်း ကိန်းရဲ့ မေးစေ့နဲ့ ရင်ဘတ် တို့ကို အာဆင်နယ် ပရိသတ်လို့ ယူဆရတဲ့ ပရိသတ်က ဦးခေါင်းနဲ့ ပစ်ဆောင့်ခဲ့ပြီး ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာရရှိခဲ့တာမျိုး မရှိခဲ့ဘဲ မီကာ ရစ်ချက်က အခြေအနေကို ထိန်းသိမ်းဖို့ ကြိုးပမ်းခဲ့တာ ဖြစ်တယ်လို့ Sky Sports အတည်ပြုခဲ့ပါတယ်။

ဒီပွဲမှာ ရွိုင်းကိန်းရဲ့ အသင်းဟောင်း မန်ချက်စတာယူနိုက်တက်က အာဆင်နယ်ကို ၃-၁ ရလဒ် အရေးနိမ့်ပြီး ဒီရာသီ ပရီးမီးယားလိဂ်မှာ ဒုတိယမြောက် ရှုံးပွဲတွေ့ခဲ့ရပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်