နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မောင့်နဲ့ အိုနာနာ တို့ရဲ့ ပွဲဦးထွက်ကို စွမ်းဆောင်ရည်ကို ချီးကျူးလိုက်တဲ့ တန်ဟက်ဂ် (ပရီးမီးယားလိဂ် သတင်းများ)

ဒီတစ်ခါ မှာတော့ ဩဂုတ်လ ၁၅ ရက်နေ့ အထိ ရရှိထားသမျှ ပရီးမီးယားလိဂ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


မောင့်နဲ့ အိုနာနာ တို့ရဲ့ ပွဲဦးထွက်ကို စွမ်းဆောင်ရည်ကို ချီးကျူးလိုက်တဲ့ တန်ဟက်ဂ် 

အဲရစ် တန်ဟက်ဂ်က အန်ဒရီ အိုနာနာနဲ့ မေဆန် မောင့်တို့ရဲ့ ဝုဗ်ကို ၁-၀ နဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်က ပွဲဦးထွက် ပါဝင်ကစားပေးခဲ့တဲ့ ခြေစွမ်း အပေါ်မှာ ထင်မြင်ချက်ကို မျှဝေခဲ့ပါတယ်။ 

မန်ချက်စတာယူနိုက်တက်ဟာ အနိုင် ၃မှတ် ရယူနိုင်ခဲ့ပေမယ့်လည်း ပရီးမီးယားလိဂ် ရာသီသစ် ပထမဆုံး ပွဲစဉ်မှာ ဆိုးရွားတဲ့ စွမ်းဆောင်ရည် ဖြစ်ခဲ့ပါတယ်။ မေဆန် မောင့်ဟာ ဘောလုံး ထိတွေ့မှု အကြိမ် ၃၀ သာ ရှိခဲ့သလို အခွင့်အရေး ဖန်တီးမှု တစ်ကြိမ်မှ မလုပ်နိုင်ခဲ့တာကြောင့် ၆၈ မိနစ်မှာ အဲရစ်ခ်ဆန်နဲ့ လူစားလဲခံခဲ့ရတာ ဖြစ်ပါတယ်။ 

အိုနာနာ ကလည်း ဆာဆာ ကာလက်ဇစ်နဲ့ နာကျင် အချိန်ပိုမှာ ရင်ဆိုင်ခဲ့ရာမှာ ပင်နယ်တီ ပေးရမယ့် အရေးကနေ ကံကောင်း ထောက်မစွာ ရှောင်လွှဲနိုင်ခဲ့တာကြောင့် ပေးဂိုး မရှိခဲ့တာ ဖြစ်ပါတယ်။ တန်ဟက်ဂ်က ပွဲအပြီးမှာ အိုနာနာက အလွန်ကောင်းမွန်တဲ့ ကာကွယ်မှုတွေ ပြုလုပ်နိုင်ခဲ့သလို အလွန် တည်ငြိမ်ခဲ့ပြီး ကောင်းမွန်တဲ့ ပွဲဦးထွက် ပိုင်ဆိုင်ခဲ့တယ်လို့ ချီးကျူးခဲ့တာ ဖြစ်ပါတယ်။ မေဆန် မောင့် ကလည်း မျှော်မှန်းထားတဲ့အတိုင်း လုပ်နိုင်ခဲ့ပြီး ပွဲစဉ်အတွင်းမှာ အလွန်ကောင်းမွန်တဲ့ အဆင့်အတန်းကို ပိုင်ဆိုင်ခဲ့တယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ 

နောက်ထပ် ပစ်မှတ် တစ်ဦးရဲ့ ငြင်းပယ်ခြင်းခံခဲ့ရပြန်တဲ့ လစ်ဗာပူးလ် 

ဆောက်သမ်တန် ကွင်းလယ်ကစားသမား ရိုမီယို လာဗီယာက လစ်ဗာပူးလ်ကို ငြင်းပယ်ပြီး ချဲလ်ဆီးကို ပြောင်းရွှေ့ချင်နေတယ်လို့ သိရပါတယ်။ လစ်ဗာပူးလ်နဲ့ ချဲလ်ဆီး တို့ဟာ အသက် ၁၉ နှစ် အရွယ် ဘယ်လ်ဂျီယံ ကစားသမား အတွက် တိုက်ပွဲဝင်နေကြတာ ဖြစ်ပြီး လာဗီယာက အန်းဖီးလ် အစား စတမ်းဖို့ဒ်ဘရစ်ချ်ကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားပုံပေါ်ပါတယ်။ 

ယာဂန် ကလော့ပ်ရဲ့ အသင်းအတွက်တော့ ကိုင်စီဒိုရဲ့ အပြောင်းအရွှေ့မှာ ငြင်းပယ်ခံခဲ့ရပြီးနောက် နောက်ထပ် တစ်ကြိမ် အလားတူ ထိုးနှက်ချက်နဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပြီး အီကွေဒေါ ကွင်းလယ် ကစားသမား အတွက် ဘရိုက်တန်နဲ့ သဘောတူညီမှုရပြီးမှ ကစားသမားက ချဲလ်ဆီး ကိုပဲ ရွေးချယ်သွားခဲ့တာ ဖြစ်ပါတယ်။ 

ဒါကြောင့် လစ်ဗာပူးလ်ဟာ လာဗီယာ ကိုပဲ အရခေါ်ယူဖို့ အာရုံစိုက်ခဲ့တာ ဖြစ်ပြီး ဆောက်သမ်တန်နဲ့ ပေါင်သန်း ၆၀ တန်ကြေး ရှိတဲ့ သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပေမယ့်လည်း အသက် ၁၉ နှစ် အရွယ် ကွင်းလယ် ကစားသမားဟာ ချဲလ်ဆီး ကိုပဲ ပြောင်းရွှေ့ချင်နေတယ်လို့ The Athletic က ဖော်ပြခဲ့ပါတယ်။ 


ကက်စမဲရိုးကို ပြစ်တင် ဝေဖန်ပြီး မန်ယူနိုက်တက် ခေါ်စေချင်တဲ့ ကွင်းလယ်လူကို ပြောပြခဲ့တဲ့ နဗီးလ် 

အမ်မရာဘတ်ဟာ ပရီးမီးယားလိဂ် ကလပ်က ခေါ်ယူဖို့ စိတ်ဝင်စားခြင်းခံနေရပေမယ့်လည်း ဖီအိုရင်တီးနားနဲ့ ဆက်နေမယ့် သတင်းတွေကို ငြင်းပယ်ခဲ့ခြင်း မရှိသူ ဖြစ်ပါတယ်။
ကွင်းလယ်ပိုင်းကို အင်အာဖြည့်တင်းချင်နေတဲ့ ယူနိုက်တက်

ဂယ်ရီ နဗီးလ်က ဝုဗ်ကို ၁-၀ နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ် အတွင်းက ကက်စ်မဲရိုးရဲ့ စွမ်းဆောင်ရည်က အလွန် ဆိုးရွားခဲ့တယ်လို့ ဝေဖန်ခဲ့ပြီး ဖီအိုရင်တီးနား ကွင်းလယ်လူ ဆိုဖရန် အမ်မရာဘတ်ကို ယခုနွေရာသီမှာ အရခေါ်ယူဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ 

အမ်မရာဘတ်ဟာ ပရီးမီးယားလိဂ် ကလပ်က ခေါ်ယူဖို့ စိတ်ဝင်စားခြင်းခံနေရပေမယ့်လည်း ဖီအိုရင်တီးနားနဲ့ ဆက်နေမယ့် သတင်းတွေကို ငြင်းပယ်ခဲ့ခြင်း မရှိသူ ဖြစ်ပါတယ်။ နဗီးလ်က အသင်းဟောင်း အနေနဲ့ တနင်္လာနေ့ညက စိတ်ပျက်ဖွယ် စွမ်းဆောင်ရည်ပြသခဲ့ပြီးနောက် မော်ရိုကို ကြယ်ပွင့်ကို ခေါ်ယူဖို့ အရေးကြီးတယ်လို့ ခံစားနေရတာ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ရာသီမှာ အထင်ကြီးဖွယ် ခြေစွမ်းပြသခဲ့တဲ့ ကက်စ်မဲရိုးဟာ ဝုဗ်နဲ့ ပွဲမှာ ခြေစွမ်းမပြသနိုင်ခဲ့ဘဲ မန်ချက်စတာယူနိုက်တက် ကွင်းလယ်က လုံးဝကို မတည်ရှိခဲ့သလို ဗလာနတ္ထိ ဖြစ်နေခဲ့တာကြောင့် တန်ဟက်ဂ် အတွက် တကယ့်ကို စိုးရိမ်စရာဖြစ်ခဲ့တယ်လို့ ဂယ်ရီ နဗီးလ်က ပြောဆိုခဲ့ပြီး အမ်မရာဘတ်လို ဘောလုံးလက်ခံနိုင်သလို ဘောလုံးပေးပို့နိုင်တဲ့ ကစားသမားမျိုး ခေါ်ယူဖို့ လိုအပ်တယ်လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်