နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နောက်ရာသီ ပရီးမီးယားလိဂ်မှာ ဆက်ရှိနေဖို့ သေချာသွားခဲ့တဲ့ အဲဗာတန် | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

အဲဗာတန် ၁-၀ ဘရန့်ဖို့ဒ်

အခုတစ်ပတ် ပရီးမီးယားလိဂ် ၃၅ ရဲ့ နောက်ထပ် ပွဲစဉ် တစ်ပွဲ မှာတော့ အဲဗာတန်က ဘရန့်ဖို့ဒ်ကို ဂီရီရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် အဲဗာတန်က ဘရန့်ဖို့ဒ်နဲ့ အတူ ပရီးမီးယားလိဂ် ကနေ တန်းမဆင်းရဖို့ သေချာသွားခဲပြီလည်း ဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ အဲဗာတန်က လစ်ဗာပူးလ်ကို အနိုင်ရခဲ့တဲ့ ပွဲက လူစာရင်းကို နှစ်နေရာသာ အပြောင်းအလဲ လုပ်လာခဲ့ပြီး မိုင်ကိုလန်ကို နေရာမှာ အက်ရှ်လေယန်းနဲ့ ကဲလ်ဗတ်-လီဝင်း‌ နေရာမှာ ချာမီတီကို ပွဲထုတ်လာခဲ့တာ ဖြစ်ပါတယ်။ ဘရန့်ဖို့ဒ် ကတော့ ၄-၃-၃ အခင်းအကျင်းနဲ့ အတူ အဲဗာတန်ကို ရင်ဆိုင်သွားခဲ့ပြီး သူတို့ရဲ့ အတောင့်တင်းဆုံး လူစာရင်းနဲ့ ပွဲထွက်လာခဲ့တာ ဖြစ်ပါတယ်။ ဘရန့်ဖို့ဒ်နဲ့ နောက်ပိုင်း တွေ့ဆုံမှုတွေမှာ အသာရအောင် ကစားနိုင်လေ့ ရှိတဲ့ အဲဗာတန်က ဒီနေ့ပွဲမှာလည်း ပုံစံကောင်း တစ်ခုနဲ့ ရင်ဆိုင်သွားနိုင်ခဲ့ပါတယ်။

အဲဗာတန်ဟာ ဘရန့်ဖို့ဒ်ကို အကြိမ်ကြိမ် ဂိုးပေါက် ခြိမ်းခြောက်မှုတွေ ပြုလုပ်နိုင်ခဲ့ပေမယ့် ဂိုးပေါက် တည့်မှုမှာတော့ ဘရန့်ဖို့ဒ် ကတောင် ပိုသာခဲ့ပါတယ်။ အဲဗာတန်ဟာ တစ်ပွဲလုံး ဂိုးပေါက် တည့်မှု တစ်ကြိမ်သာ ရှိခဲ့ပြီး အဲ့ဒီ တစ်ကြိမ်ကိုပဲ သွင်းဂိုး အဖြစ် ပြောင်းလဲရင်း အဖိုးတန် အနိုင် ၃ မှတ် အရယူသွားခဲ့တာ ဖြစ်ပါတယ်။ အဲဗာတန် အတွက် အနိုင်ဂိုး ကိုတော့ ပွဲကစားချိန် မိနစ် ၆၀ မှာ ကွင်းလယ်လူ ဂီရီက ဘရန့်ဖို့ဒ် နောက်ခံလူတွေ ရှုတ်ရှက်ခတ်နေတဲ့ကြားက ပြေးဝင် ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ ဘရန့်ဖို့ဒ်ဟာ ဂိုးရနိုင်ချေတွေ ရှိခဲ့ပေမယ့် ဒဏ်ရာက ပြန်လည် သက်သာလာတဲ့ အိုင်ဗန် တိုနေးရဲ့ အဆုံးသတ်တွေ အဲဗာတန် ဂိုးသမား ပစ်ခ်ဖို့ဒ် ကာကွယ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ထူးခြားချက်က ဘရန့်ဖို့ဒ်ဟာ အိုင်ဗန် တိုနေး မပါခဲ့တဲ့ ပြီးခဲ့တဲ့ နှစ်ပွဲမှာ ဂိုးပြတ် နိုင်ပွဲတွေ ရခဲ့ပြီး အင်္ဂလန် တိုက်စစ်မှူး ပြန်လည် ပါဝင်လာချိန်မှာတော့ ရှုံးပွဲ ကြုံခဲ့ရတာ ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ဘရန့်ဖို့ဒ် အနေနဲ့ ပြီးခဲ့တဲ့ နှစ်ပွဲမှာ အနိုင်ရခဲ့တာကြောင့် ပရီးမီးယားလိဂ် ကနေ တန်းဆင်းမရဖို့ သေချာသွားခဲ့ပြီး ဒီပွဲ ရလဒ်က အရေးမကြီးတော့တာ ဖြစ်ပါတယ်။ အဲဗာတန် ကတော့ ဒီပွဲ အနိုင်ရမှ ချန်ပီယံရှစ်ကို မသွားရဖို့ သေချာမှာ ဖြစ်တာကြောင့် အားစိုက်ခဲ့ပေမယ့် ဘရန့်ဖို့ဒ်ရဲ့ ကစားဟန်ကြောင့် အနည်းငယ်တော့ ခက်ခဲခဲ့ရပါသေးတယ်။ လက်ရှိမှာ အဲဗာတန်က ပရီးမီးယားလိဂ် ပွဲစဉ် ၃ ပွဲ ကစားဖို့ ကျန်ရှိနေသေးပေမယ့် တန်းဆင်းဇုန်နဲ့ ၁၁ မှတ် ပြတ်သွားခဲ့ပြီ ဖြစ်တာကြောင့် တန်းမဆင်းရဖို့ သေချာသွားခဲ့တာ ဖြစ်ပါတယ်။ အလားတူ ဘရန့်ဖို့ဒ် ကလည်း တန်းဆင်းဇုန်ထဲက အသင်းကို ၁၀ မှတ် ဖြတ်လိုက်နိုင်တာကြောင့် သူတို့ လည်းပဲ လာမယ့် ရာသီ ပရီးမီးယားလိဂ်မှာ ဆက်ကစားရတော့မှာ ဖြစ်ပါတယ်။

အဲဗာတန်ဟာ လာမယ့် ပွဲစဉ် ၃ ပွဲ မှာ‌တော့ လူတန်၊ ရှက်ဖီးလ်ယူနိုက်တက်၊ အာဆင်နယ် တို့နဲ့ ကစားရဖို့ ရှိပြီး ဘရန့်ဖိုဒ် ကတော့ ဖူလ်ဟမ်၊ ဘုန်းမောက်၊ နယူးကာဆယ်နဲ့ ကစားရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်