ကီပါရဲ့ အံ့အားသင့်ဖွယ် တုံ့ပြန်မှုကို ပရိသတ်တွေ ဝေဖန်နေ၊ ဆန်ချိုကို ဖိအားတွေ မပေးထားဘူး ဆိုတဲ့ တန်ဟက်ဂ် စတဲ့ သတင်းတွေ အပါအဝင် ဇန်နဝါရီ ၆ ရက်နေ့ရဲ့ ပရီးမီးယားလိဂ် သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
မန်စီးတီး အနိုင်ဂိုးမှာ ကီပါရဲ့ အံ့အားသင့်ဖွယ် တုံ့ပြန်မှုကို ပရိသတ်တွေ ဝေဖန်
ချဲလ်ဆီး ကတော့ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် မန်ချက်စတာစီးတီးကို အိမ်ကွင်းမှာ လက်ခံ ကစားခဲ့ရပေမယ့် မာရက်ဇ်ရဲ့ ဒုတိယပိုင်း သွင်းဂိုးကြောင့် အရေးနိမ့်ခဲ့ရပါတယ်။ ဒါဟာ ချဲလ်ဆီး အတွက် ဆက်တိုက်ကို ရှုံးနိမ့်နေမှုတွေ ဖြစ်ပြီး နည်းပြ ဂရေဟမ် ပေါ်တာလည်း ဖိအားတွေ ဝင်သထက်ဝင်လာပြီ ဖြစ်ကာ အသင်းက အဆင့် ၁၀ နေရာ အထိကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။
မာရက်ဇ်ရဲ့ သွင်းဂိုး မှာတော့ ချဲလ်ဆီး ဂိုးသမား ကီပါရဲ့ တုံ့ပြန်မှုက တကယ် အံ့အားသင့်စရာ ကောင်းခဲ့တာပါ။ ဂျက် ဂရီးလစ်ရှ်က ဧရိယာထဲ ကနေပဲ အနိမ့်ဘော အဖြစ်နဲ့ ညာဘက်ခြမ်းက မာရက်ဇ်ဆီကို ပေးပို့ခဲ့တာပါ။ ဘောလုံးက ကီပါရဲ့ ရှေ့တည့်တည့်ကနေ ထွက်သွားခဲ့ပေမယ့်လည်း ကီပါက လုံး၀ကို ဟန့်တားခြင်း မလုပ်ခဲ့သလို ဟန့်တားဖို့ အတွက် ပြင်ဆင် လှုပ်ရှားမှုလည်း မရှိခဲ့ဘဲ မာရက်ဇ်က အလွယ်တကူ ပိတ်သွင်းခဲ့တာ ဖြစ်ပါတယ်။
ဒီဂိုးမှာ ကီပါရဲ့ အမှားက ကြီးမားလွန်းတယ်လို့ အားလုံးက ဝေဖန် ပြောဆိုနေကြပြီး ဒီထက်မက ပိုပြီး လုပ်ပြသင့်တယ်လို့ ဂျင်မီ ကာရေဂါ ကလည်း ဝေဖန်ခဲ့ပါတယ်။ ကီပါဟာ ဘောလုံးသွားတဲ့ နောက်ကို လိုက်ကြည့်နေခဲ့ပြီး ဟန့်တားဖို့ အတွက် လုံး၀မရည်ရွယ်ခဲ့တာ ဖြစ်ပြီးသူ့ရဲ့ ဆုံးဖြတ်ချက်နဲ့ လုပ်ရပ်က ဘာကို ရည်ရွယ်နေတာလဲ ဆိုတ နားမလည်အောင်ကို ဖြစ်ခဲ့ရပါတယ်။
ဆန်ချိုကို ဖိအားတွေ မပေးထားဘူးလို့ ဖွင့်ဟလာတဲ့ တန်ဟက်ဂ်
မန်ချက်စတာယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ်က ခြေစွမ်းပိုင်း ပျောက်ဆုံးနေတဲ့ တောင်ပံကစားသမား ဂျေဒန် ဆန်ချိုကို ဖိအားပေးမှာ မဟုတ်ဘူးလို့ ဖွင့်ဟလိုက်ပါတယ်။ ဆန်ချိုဟာ ယူနိက်တက် အတွက် ခြေစွမ်း မပြနိုင်တာကြောင့် လတ်တလော ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ ပါဝင်ကစားပေးနိုင်ခြင်း မရှိခဲ့ဘဲ လူစာရင်း ကနေ ပျောက်ကွယ်နေခဲ့ပါတယ်။
ကမ္ဘာ့ဖလား အတွက်လည်း ကျန်နေရစ်ခဲ့တာကြောင့် သူက လေ့ကျင့်ခန်းဆင်းပြီးတော့သာ သူ့အနေအထားကို ပြောင်းလဲနိုင်ဖို့ ကြိုးစားခဲ့ရပါတယ်။ ဒေါ့မန် တောင်ပံကစားသမားဟောင်းဟာ ဘွန်ဒက်လီဂါမှာ ပြသခဲ့တဲ့ ပုံစံမျိုးကို ပြန်လည် ရရှိဖို့ ခက်ခဲနေပြီး တန်ဟက်ဂ် ကတော့ သူ့ရဲ့ ကစားသမားကို ယုံကြည်မှု အပြည့်အ၀ ရှိနေပါတယ်။
“ သူ လေ့ကျင့်ခန်း ပြန်ဆင်းနေပါပြီ၊ ဘောလုံးသမား ဆိုတာက စက်ရုပ် မဟုတ်ပါဘူး၊ ခံစားတတ်တဲ့ နှလုံးသား ရှိပါတယ်၊ အခု သူက တိုးတက်မှုတွေ ပြသထားလို့ နောက်တဆင့်အတွက် အသင့်ဖြစ်နေပြီလို့ ကျနော် ထင်တယ်၊ အသင်းနဲ့ ပူးပေါင်းပြီး လူစာရင်းထဲ ထည့်သွင်းချင်နေပေမယ့် တချို့အရာတွေက အတင်းအကျပ်ကြီး ဖိအားပေး လုပ်ခိုင်းလို့ မရပါဘူး” လို့ တန်ဟက်ဂ်က ပြောဆိုခဲ့ပါတယ်။
လူစားဝင်ပြီး လူစားထပ်လဲခံရတဲ့ အူဘာမီယန်းကို ပရိသတ်တွေဝေဖန်
မန်ချက်စတာစီးတီးကို အရေးနိမ့်ခဲ့တဲ့ ပွဲမှာ လူစားဝင်ရောက် ကစားခဲ့ရပေမယ့် ပြန်ပြီး လူစားလဲခံခဲ့ရတဲ့ တိုက်စစ်မှူး အူဘာမီယန်းကို ချဲလ်ဆီး ပရိသတ်တွေက ဝေဖန်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ အူဘာမီယန်းဟာ ဒီပွဲမှာ အရန်လူစာရင်း မှာသာ ပါဝင်ခဲ့ပေမယ့် ပွဲချိန် ၅ မိနစ်မှာ စတာလင် ဒဏ်ရာရသွားတာကြောင့် လူစားဝင်ရောက်ခဲ့ရတာပါ။
ဒါပေမယ့် အူဘာမီယန်းဟာ ခြေစွမ်းပြသနိုင်ခြင်း မရှိလို့ ပွဲချိန် ၆၈ မိနစ်မှာ ဟတ်ချင်ဆန်နဲ့ လူစားလဲခံခဲ့ရတာ ဖြစ်ပါတယ်။ အူဘာမီယန်းဟာ ဒီပွဲမှာ ဘောလုံး ထိချက် ၁၄ ကြိမ်သာ ရှိခဲ့ပြီး ဧရိယာထဲကို ၁ ကြိမ်သာ ဝင်ရောက်နိုင်ခဲ့တာပါ။ ဘောလုံးပေးပို့မှု ၁၀ ကြိမ် အောင်မြင်ခဲ့ပေမယ့် ဂိုးပေါက်ကန်သွင်းမှု ၁ ကြိမ်မှ မရှိခဲ့တာ ဖြစ်ပါတယ်။
ပရိသတ်တွေ ကတော့ အူဘာမီယန်းဟာ တကယ့်ကို ကပ်ဆိုးကြီး တစ်ခုလို ဖြစ်နေပြီး ချဲလ်ဆီး အနေနဲ့ သွင်းဂိုးတွေ လိုအပ်နေတဲ့ အတွက် သူ့ကို ထုတ်လိုက်ပါတော့ ဆိုပြီး မှတ်ချက်တွေ ရေးသားခဲ့ကြတာ ဖြစ်ပါတယ်။ နောက်ထပ် ပရိသတ်တစ်ဦးက အူဘာမီယန်းဟာ တိုက်စစ်မှူး မရှိတဲ့ အသင်းမှာ အရန်ဖြစ်နေရတာ ဒါကြောင့် ဆိုပြီး ပြောခဲ့တာ ဖြစ်ပါတယ်။ ချယ်လ်ဆီး အသင်းဟာ နွေရာသီကမှ အူဘာမီယန်းကို ဘာစီလိုနာ ကနေ ခေါ်ယူထားခဲ့တာပါ။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.