နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဟာလန်းရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သတ်လို့ ပြောစရာ စကားလုံးတောင် မရှိဘူးလို့ ချီးကျူးလာခဲ့တဲ့ ဂွာဒီယိုလာ | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီး အသင်းရဲ့ နည်းပြ ပပ် ဂွာဒီယိုလာ ကတော့ သူ့အသင်းရဲ့ တိုက်စစ်မှူး အာလင်း ဟာလန်းရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သတ်လို့ ပြောစရာ စကားလုံးတောင် မရှိဘူးလို့ ချီးကျူးလာခဲ့ပါတယ်။

ပပ် ဂွာဒီယိုလာက “သူ့ (ဟာလန်း) အတွက် ပြောစရာ စကားလုံးတောင် မရှိပါဘူး။ သူ့ကို ပိုပိုပြီး ကောင်းတဲ့ ကစားသမား ဖြစ်လာအောင် လုပ်ပေးဖို့က ၁၈ ကိုက် စည်းထဲမှာ သူ့ကို ဘောလုံးများများ ပေးရမှာပါ။ ကျွန်တော်တို့ အဲဒါကို လုပ်ရမယ်။ ကျွန်တော် တို့မှာ ရှိပြီးသား အရည်အသွေးတွေကို ထပ်ပြီး ပေါင်းထည့်ရပါမယ်။ အသင်း တစ်သင်း ဆိုတာ ဒါပါပဲ။ နောက်ကို ပြန်ပြေးရတဲ့အခါ မှာလည်း ဘယ်သူလုပ်ရမလဲ ဆိုပြီး ဘယ်သူမှ မမေးကြပါဘူး။ အားလုံး လုပ်ရမှာပါ။ အာလင်း အခုလိုလုပ်နေတာကို မြင်ရတာ အရမ်းကို ကျေနပ်စရာ ကောင်းပါတယ်” လို့ နည်းပြ ပပ် ဂွါဒီယိုလာက ချီးကျူးစကား ပြောကြားခဲ့ပါတယ်။

ပရီးမီးယားလိဂ် နှစ်ပွဲဆက် ဟက်ထရစ် သွင်းနိုင်ခဲ့တဲ့ ဟာလန်း

မန်စီးတီး တိုက်စစ်မှူး အာလင်း ဟာလန်း ကတော့ ပရီးမီးယားလိဂ် နှစ်ပတ် ဆက်တိုက် ဟက်ထရစ် သွင်းယူနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် သူဟာ ပြိုင်ပွဲ သမိုင်းတလျှောက် ဟက်ထရစ် အများဆုံးရတဲ့ ကစားသမား စာရင်းမှာ ပူးတွဲ စတုတ္ထနေရာ ရောက်ရှိလာခဲ့ပြီလည်း ဖြစ်ပါတယ်။ သြဂုတ် ၃၁ ရက်နေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃ ပွဲမှာ မန်စီးတီးက ဝက်စ်ဟမ်းနဲ့ အဝေးကွင်း ပွဲစဉ် ၁-၃ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရခဲ့ပြီး ၃ ဂိုးစလုံးကို ဟာလန်းက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဟာလန်း အနေနဲ့ ချဲလ်ဆီး အသင်းနှင့် ရာသီအဖွင့် ပွဲစဉ်မှာ တစ်ဂိုး၊ အစ်ပ်ဆွစ်ချ်နဲ့ ကစားခဲ့တဲ့ ပွဲစဉ် ၂ မှာ ၃ ဂိုးနဲ့ ယူနိုက်တက်နဲ့ ပွဲမှာ ၃ ဂိုး စုစုပေါင်း ၇ ဂိုး အထိ သွင်းယူနိုင်ခဲ့ပါတယ်။ သြဂုတ် ၃၁ ရက်နေ့ ပွဲစဉ်တွေ အပြီးမှာ မန်စီးတီးက ၉ ဂိုး သွင်းထားကာ အခြားသော ပြိုင်ဘက် ၁၉ သင်းထက် ပိုများအောင် သွင်းယူထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဟာလန်း အနေနဲ့ ၁၉၉၄-၁၉၉၅ ဘောလုံးရာသီ ပွဲစဉ် ၃ အပြီးမှာတင် ဟက်ထရစ်၂ ကြိမ် သွင်းယူထားနိုင်ခဲ့တဲ့ ပေါလ်ဂျီဝဲလ် (ဘရက်ဖို့ဒ်) နောက်ပိုင်း စွမ်းဆောင်နိုင်ခဲ့တဲ့ ပထမဦးဆုံး ကစားသမား ဖြစ်လာခဲ့သလို ရာသီအဖွင့် သုံးပွဲ ကစားပြီးနောက် ဂိုးအများဆုံး သွင်းယူထားနိုင်သူ အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပြီ ဖြစ်ပါတယ်။ ဟာလန်းဟာ ပရီးမီးယားလိဂ် မှာ နှစ်ပတ် ဆက်တိုက် ဟက်ထရစ် သွင်းယူနိုင်ခဲ့တာက ဒုတိယအကြိမ် ဖြစ်ပြီး ၂၀၂၂-၂၀၂၃ ဘောလုံး ရာသီက ပဲလေ့စ် (ပွဲစဉ် ၄)၊ နော့တင်ဟမ်ဟော့စပါး (ပွဲစဉ် ၅) တို့နဲ့ ပွဲတွေမှာလည်း ဂိုးတွေ သွင်းယူခဲ့ဖူးသူ ဖြစ်ပါတယ်။ လက်ရှိမှာ အသက် ၂၄ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ အာလင်း ဟာလန်းက မန်စီးတီး အသင်း အတွက် ပြိုင်ပွဲစုံမှာ ၁၁ ကြိမ်နဲ့ ပရီးမီးယားလိဂ် မှာတော့ ၈ ကြိမ်မြောက် ဟက်ထရစ် သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဟာလန်းက ပရီးမီးယားလိဂ် သမိုင်းတလျှောက် ဟက်ထရစ် အများဆုံး ရတဲ့ ကစားသမား စာရင်းမှာ သီဟာရီ အွန်နရီ၊ ဟယ်ရီကိန်း၊ မိုက်ကယ် အိုဝင် တို့နဲ့ အတူ ပူးတွဲ စတုတ္ထနေရာကို ရောက်ရှိလာခဲ့ပြီလည်း ဖြစ်ပါတယ်။ မန်စီးတီး တိုက်စစ်မှူးဟောင်း ကန် အဂွဲရိုးက ၁၂ ကြိမ်နဲ့ ဟက်ထရစ် အများဆုံး သွင်းယူထားခဲ့ပြီးတော့ အလန်ရှီးယား ကတော့ ၁၁ ကြိမ်နဲ့ ဒုတိယ၊ ရော်ဘီ ဖောင်လာ ကတော့ ၉ ကြိမ်နဲ့ တတိယ နေရာမှာ ရပ်တည်နေပါတယ်။ ဟာလန်း ကတော့ ပရီးမီးယားလိဂ် မှာ ၆၉ ပွဲ ကစား ဂိုး ၇၀ သွင်းယူထားပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်