နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

မန်စီးတီးက ဆာ အဲလက်စ် ဖာဂူဆန် မရှိတော့တဲ့ ယူနိုက်တက်လို ပြိုလဲသွားမှာ မဟုတ်ဘူး ဆိုတဲ့ ဂွာဒီယိုလာ | ပရီးမီးယားလိဂ်

မန်ချက်စတာစီးတီး အသင်းရဲ့ နည်းပြ ပပ် ဂွါဒီယိုလာက သူတို့ရဲ့ အသင်း အနေနဲ့ ဆာ အဲလက်စ် ဖာဂူဆန် မရှိတော့တဲ့ ယူနိုက်တက်လို ပြိုလဲသွားမှာ မဟုတ်ကြောင်း သုံးသပ် ပြောကြားလာခဲ့ပါတယ်။ ပပ်ဂွာဒီယိုလာ ကတော့ မကြာသေးတဲ့ အချိန် ကပဲ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီးနဲ့ လမ်းခွဲတော့မယ်လို့ သတင်းတွေ ကြီးနေသူလည်း ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ဖာဂူဆန် အနားယူသွားတဲ့ ၂၀၁၃ ခုနှစ် နောက်ပိုင်း ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ ဝေးကွာနေတာ ဆယ်စုနှစ် တစ်ခုကျော်ကြာ ကြာမြင့်နေပြီလည်း ဖြစ်ပါတယ်။ ဂွာဒီယိုလာ ကလည်း မန်ချက်စတာစီးတီးနဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ထဲကို ရောက်ရှိနေပြီးတော့ အနာဂတ်နဲ့ ပတ်သတ်လို့ နိုဝင်ဘာ နိုင်ငံတကာ ရက်သတ္တပတ် သို့မဟုတ် လာမယ့် နှစ်ဆန်းပိုင်းမှာ ဆုံးဖြတ်ဖွယ် ရှိနေကြောင်း ခန့်မှန်းထားပါတယ်။

ဂွာဒီယိုလာ ကတော့ “ ယူနိုက်တက်မှာ ဘာတွေဖြစ်ခဲ့လဲ ဆိုတာ ကျွန်တော် မသိပါဘူး။ တစ်စုံ တစ်ယောက် ထွက်ခွာသွားချိန်မှာ အရာအားလုံး ပြုတ်ကျသွားတယ် ဆိုရင် အဲဒါက အသင်း အတွက် ဆိုးရွားတဲ့ လက္ခဏာ တစ်ခု ဖြစ်စေမှာပါ။ သူတို့ (မန်စီးတီး တာဝန်ရှိသူတွေ) အမှားလုပ်ကောင်း လုပ်မိကြလိမ့်မယ်။ ဒါပေမယ့် အမှားတွေ လုပ်နေစဉ်မှာပဲ သူတို့ ဖြေရှင်းနိုင်ပါလိမ့်မယ်။ အဲဒီနောက်ပိုင်းမှာ အမှားတွေကို ချက်ချင်း ဖြေရှင်းနိုင်မယ် ဆိုတာ သေချာပါတယ်။ သူတို့တွေက ဘာလုပ်ရမလဲ ဆိုတာကို အတိအကျ သိပါတယ်။” လို့ ဂွာဒီယိုလာက ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဖာဂူဆန် အနားယူသွားတဲ့ ၂၀၁၃ ခုနှစ် နောက်ပိုင်း ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ ဝေးကွာနေတာ ဆယ်စုနှစ် တစ်ခုကျော်ကြာ ကြာမြင့်နေပြီလည်း ဖြစ်ပါတယ်။
မန်စီးတီးက ယူနိုက်တက်လို့ ပြိုလဲမှာ မဟုတ်ဘူးလို့ ဆိုလာတဲ့ ပပ်ဂွာဒီယိုလာ

ပပ် ဂွာဒီယိုလာကို မန်စီးတီး အသင်းသို့ အရ ခေါ်ယူခဲ့တဲ့ ဘောလုံး ဒါရိုက်တာ ဘီဂီရီစတိန်း ကလည်း အခုရာသီအကုန်မှာ အသင်းနဲ့ လမ်းခွဲတော့မှာ ဖြစ်ပါတယ်။ လက်ရှိ ကမ္ဘာ့အကောင်းဆုံး နည်းပြ အဖြစ် သတ်မှတ်ခံထားရတဲ့ ဂွာဒီယိုလာ အနေနဲ့ ကစားသမား ဘဝမှာ ဘာစီလိုနာနဲ့ အတူ ဆုဖလား အောင်မြင်မှု များစွာ ရရှိခဲ့သလို နည်းပြ ဘဝ မှာလည်း အောင်မြင်မှုတွေ ရရှိခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် ဂျာမန် ထိပ်သီး ကလပ် ဘေယန်မြူးနစ်နဲ့ အတူ ဘွန်ဒက်စ်လီဂါ ဖလား ၃ ကြိမ်၊ ပိုကယ်ဖလား ၂ ကြိမ်၊ ယူအီးအက်ဖ်အေ စူပါဖလား ၁ ကြိမ်၊ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ၁ ကြိမ် ရရှိခဲ့ပါတယ်။ အဲ့နောက် မန်စီးတီးကို ပြောင်းရွှေ့လာခဲ့ပြီးတော့ ၇ နှစ် အတွင်း ပရီးမီးယားလိဂ် ဖလား ၆ ကြိမ်၊ အက်ဖ်အေဖလား ၂ ကြိမ်၊ ခရာဘောင်ဖလား ၄ ကြိမ်၊ ကွန်မြူနတီဒိုင်း ၂ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ်၊ စူပါဖလား ၁ ကြိမ်၊ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ၁ ကြိမ် ရယူနိုင်ခဲ့ပါတယ်။

ဂွာဒီယိုလာ အနေနဲ့ မန်စီးတီး နည်းပြ အဖြစ် ကိုင်တွယ်နေစဉ် ကာလ အတွင်း ပရီးမီးယားလိဂ် အပါအဝင် အဓိက ဆုဖလား ၁၅ လုံး အထိ ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ သူ့ အနေနဲ့ ချန်ပီယံလိဂ် ဖိုင်နယ် တစ်ကြိမ်နဲ့ အက်ဖ်အေဖလား ဖိုင်နယ် တစ်ကြိမ်မှာသာ ရှုံးနိမ့်ခဲ့ပြီးတော့ ဆုဖလား ၂ လုံးပဲ လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်