နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နယူးကာဆယ်မှာပဲ ဆက်ရှိနေမှာ ဖြစ်ကြောင်း ကတိပေး စကားပြောလိုက်တဲ့ ဂီမာရေးစ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ဒီနွေရာသီ အပြောင်းအရွှေ့မှာ နယူးကာဆယ်နဲ့ ထွက်ခွာမယ်လို့ သတင်းတွေ ထွက်နေတဲ့ ကွင်းလယ်လူ ဘရူနို ဂီမာရေးစ် ကတော့ စိန့်ဂျိမ်းစ်ပါ့ခ်မှာပဲ ဆက်ရှိနေမှာ ဖြစ်ကြောင်း အတည်ပြု ကြေညာသွားခဲ့ပါတယ်။ ဂီမာရေးစ်ကို ခေါ်ယူဖို့ အတွက် ကိုတော့ ပရီးမီးယားလိဂ် ထိပ်သီး ကလပ်တွေ ဖြစ်တဲ့ အာဆင်နယ်နဲ့ မန်ချက်စတာစီးတီး တို့က စိတ်ဝင်စားခဲ့တာ ဖြစ်ပါတယ်။

ဂီမာရေးစ်ဟာ ၂၀၂၂ ခုနှစ် ဇန်နဝါရီမှာ ပြင်သစ် ကလပ် လိုင်ယွန် ကနေ နယူးကာဆယ်ကို ပြောင်းရွှေ့လာခဲ့ပြီးတော့ ငှက်ကြားတွေ အတွက် ခြေစွမ်းပြနေသူ ဖြစ်ပါတယ်။ ဒါကြောင့် အခုနွေရာသီ အပြောင်းအရွှေ့မှာ အာဆင်နယ်နဲ့ မန်စီးတီး တို့က ဂီမာရေးစ်ကို ချိတ်ဆက်လာခဲ့ပြီး ကစားသမား ကလည်း နယူးကာဆယ် ကနေ ထွက်ခွာမယ်လို့ သတင်းတွေ ကြီးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဂီမာရေးစ် ကတော့ သူ့ အနေနဲ့ နယူးကာဆယ် အတွက်ပဲ အာရုံစိုက်နေဆဲ ဖြစ်ကြောင်း ပြောကြားခဲ့သလို ပြီးခဲ့တဲ့ စနေနေ့က ယိုကိုဟားမား အက်ဖ် မာရီနို့စ်နဲ့ ကစားခဲ့တဲ့ ရာသီကြို ခြေစမ်းပွဲမှာလည်း အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူခဲ့ပါတယ်။ ဒါ့အပြင် ဂီမာရေးစ်က နယူးကာဆယ် မှာပဲ ဆက်ရှိနေမယ့် အကြောင်း ကိုလည်း အခုလိုပဲ တရားဝင် ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ဂီမာရေးစ်က “ဒီကို စရောက်တဲ့ ပထမဆုံးနေ့ ကတည်းက ကျွန်တော့် အတွက် အများကြီး လုပ်ဆောင်ပေးခဲ့တဲ့ ဒီကလပ်နဲ့ နောက်ထပ် ရာသီ တစ်ခု စတင်ခွင့် ရလို့ အရမ်းပဲ ပျော်ရွှင်နေပါတယ်။ တောက်ပတဲ့ ရာသီ တစ်ခုကို ပိုင်ဆိုင်နိုင်ဖို့နဲ့ နယူးကာဆယ်ကို ဖြစ်နိုင်ချေ ရှိတဲ့ အမြင့်ဆုံး အနေအထား ရောက်အောင် ကူညီပေးဖို့ ပြန်လာတာပါ။ အရင်ကထက် ပိုပြီး ပြင်ဆင်ရလို့လည်း ဝမ်းသာမိပါတယ်။” လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

ဆက်လက်ပြီး ဂီမာရေးစ်က “နောက်ထပ် အိပ်မက်တစ်ခု တကယ် ဖြစ်လာခဲ့ပါပြီ။ ဒီလို အသင်းခေါင်းဆောင် ဖြစ်ဖို့ ကျွန်တော် အမြဲတမ်း အိပ်မက်မက်ခဲ့ဖူးပေမယ့် တစ်ခါမှ စိတ်ကူးမယဉ်ကြည့်ဖူးပါဘူး။ ကျွန်တော်တို့ အတူတူ ရှိနေပြီး ဒီအသင်း အတွက် အရင်ကထက် ပိုပြီး ကြိုးစား လုပ်ဆောင်သွားမှာပါ။”

နယူးကာဆယ်ဟာ ပရီးမီးယားလိဂ်ရဲ့ အမြတ်အစွန်းနဲ့ ရေရှည်တည်တံ့မှု စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တဲ့ အတွက် ပိတ်ဆို့ အရေးယူခံရတာတွေ ရှိနေပြီး အယူခံဝင်ရဖို့လည်း ရှိနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ငှက်ကြားတွေဟာ ဒီကိစ္စတွေကို ရှောင်ရှားဖို့ အတွက် အခုနွေရာသီ အစောပိုင်းမှာ ကြီးမားတဲ့ ဘဏ္ဍာရေး ဖိအားတွေနဲ့လည်း ရင်ဆိုင်ခဲ့ရတဲ့ အသင်း ဖြစ်ပါတယ်။

နယူးကာဆယ်ဟာ တောင်ပံကစားသမား အန်တိုနီ ဂေါ်ဒွန် ကိုတောင် လစ်ဗာပူးလ်ဆီ ရောင်းထုတ်ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပေမယ့်လည်း အဲလီယော့တ် အန်ဒါဆန်နဲ့ ယန်ဘူကာ မင်တာ့ရ်တို့ နှစ်ဦးပေါင်း အတွက် ပေါင် ၆၈ သန်းလောက်နဲ့ ရရှိခဲ့လို့ ဖိအားတွေ အနည်းငယ် သက်သာခဲ့တာ ဖြစ်ပါတယ်။

နယူးကာဆယ်ဟာ လက်ရှိမှာ မနှစ်က အသင်း အတွက် အထင်ကြီးလောက်စရာ စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့တဲ့ အမာခံ ကစားသမားတွေကို စုစည်းဖို့ ကြိုးပမ်းနေပြီး ဂေါ်ဒွန် ကိုလည်း စာချုပ်သစ် ကမ်းလှမ်းဖို့ မျှော်လင့်နေပြီလို့ သိရပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ် ကလပ်ဟာ ပြီးခဲ့တဲ့ ရာသီက ပွဲ ၃၀ ကစားပြီး ၂၁ ဂိုး သွင်းခဲ့တဲ့ တိုက်စစ်မှူး အလက်ဇန္တား အိဆက်ခ် ကိုလည်း လမ်းခွဲဖို့ ဆန္ဒမရှိဘူးလို့ သိရပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်