နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

စပို့တင်းလစ္စဘွန်း မှာပဲ ရာသီအကုန်ထိ ဆက်နေသွားဖို့ ဆုံးဖြတ်ခဲ့တဲ့ ယိုကီးရက်စ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် နည်းပြ ရူဘင် အမော်ရင် ကတော့ တိုက်စစ်ပိုင်း အတွက် ဗစ်တာ ယိုကီးရက်စ်ကို ခေါ်ယူပေးဖို့ အသင်း တာဝန်ရှိသူတွေထံ တောင်းဆိုထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း စပို့တင်းလစ္စဘွန်း တိုက်စစ်မှူး ကတော့ လက်ရှိ ပေါ်တူဂီ ကလပ် မှာသာ ရာသီကုန် အထိ ဆက်နေသွားဖို့ ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ယူနိုက်တက်ဟာ အစောပိုင်းမှာ ရူဘင် အမော်ရင်ရဲ့ အသင်းဟောင်း စပို့တင်းလစ္စဘွန်းက ကစားသမားတွေကို မခေါ်ယူသေးဖို့ သဘောတူညီထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အသင်းက ခြေစွမ်းပိုင်း အားရစရာ မရှိတာကြောင့် နည်းပြ ဖြစ်သူ အမော်ရင်က ဗစ်တာ ယိုကီးရက်စ်ကို အရေ ခေါ်ယူပေးဖို့ အသင်းထံ တောင်းဆိုလာခဲ့ပြီး အခု ဇန်နဝါရီ အပြောင်းအရွှေ့မှာ ကြိုးပမ်းသွားဖို့ ရှိနေတာပါ။ ယိုကီးရက်စ် ကလည်း ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ ကစားဖို့က သူ့ရဲ့ အိမ်မက် ဖြစ်ကြောင်း ပြောကြားထားခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း လက်ရှိ မှာတော့ ဆွီဒင် ဂိုးသွင်းစက်က လက်ရှိ အသင်းမှာပဲ ရာသီကုန် အထိ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ကြောင်းလည်း သိရပါတယ်။ 

ယိုကီးရက်စ်ဟာ ပြိုင်ပွဲစုံ ၇၇ ပွဲ ကစားရာမှာ ဂိုး ၇၀ အထိ သွင်းယူခဲ့ပြီးတော့ ၂၀၂၄ ခုနှစ် အတွင်း ဥရောပရဲ့ သွင်းဂိုး အများဆုံး ကစားသမားလည်း ဖြစ်ခဲ့သူပါ။ ယူနိုက်တက်ဟာ အမော်ရင်ကို နည်းပြ အဖြစ် မခန့်အပ်ခင် ကတည်းက ယိုကီးရက်စ်ကို ခေါ်ယူဖို့ ပစ်မှတ်ထားခဲ့ဖူးပါတယ်။ အမော်ရင်က ယူနိုက်တက်ကို ကိုင်တွယ်ချိန် မှာတော့ ယိုကီးရက်စ်ဟာနဲ့ အပြောင်းအရွှေ့ သတင်းတွေ ပိုမိုကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ 

ယိုကီးရက်စ် ကလည်း ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ ကစားဖို့က သူ့ရဲ့ အိမ်မက် ဖြစ်ကြောင်း ပြောကြားထားခဲ့ပါသေးတယ်။
ရာသီအကုန်ထိ ပေါ်တူဂီ ကလပ်မှာပဲ ဆက်ရှိနေမယ့် ယိုကီးရက်စ်

ပရီးမီးယားလိဂ် ကလပ်ဟာ ယိုကီးရက်စ်ကို ခေါ်ယူချင်ရင်တော့ အသင်းမှာ ရှိတဲ့ ကစားသမားတွေကို အရင်ဦးဆုံး ရောင်းထုတ်ရမှာလည်း ဖြစ်ပါတယ်။ ယူနိုက်တက် တာဝန်ရှိသူတွေ ကတော့ လက်ရှိ ဇန်နဝါရီ အပြောင်းအရွှေ့မှာ အမော်ရင်ရဲ့ နည်းစနစ်နဲ့ အံမဝင်တဲ့ ကစားသမားတွေကို ရောင်းထုတ်ပြီး ကစားသမားသစ်တွေ ခေါ်ယူဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။ 

ဇန်နဝါရီ အပြောင်းအရွှေ့ စျေးကွက် ဖွင့်လှစ်ချိန်မှာ ယိုကီးရက်စ်ရဲ့ အပြောင်းအရွှေ့ သတင်းတွေက တော်တော်လေးကို ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။ သူ့ကို မန်ချက်စတာယူနိုက်တက် အပြင် အခြားသော ပရီးမီးယားလိဂ် ထိပ်သီးတွေ ဖြစ်တဲ့ အာဆင်နယ်၊ မန်စီးတီးနဲ့ ချဲလ်ဆီး တို့ကလည်း အလိုရှိနေပါတယ်။ ဒါပေမယ့်လည်း ကစားသမား ကိုယ်တိုင် ကတော့ ဒီအပြောင်းအရွှေ့ ကာလမှာ အသင်း ကနေ ထွက်ခွာဖို့ ဆန္ဒမရှိကြောင်း သူ့ရဲ့ အေးဂျင့် ဖြစ်တဲ့ ဟာဆန်ချယ်တင် ကာယာကို ပြောကြားခဲ့ကြောင်း စပိန် သတင်းစာ AS က ဖော်ပြခဲ့တာ ဖြစ်ပါတယ်။  

သတင်းတွေအရ ဆိုရင်တော့ ယူနိုက်တက်က ယိုကီးရက်စ်ကို စာချုပ်ပါ လျော်ကြေး ပမာဏ အတိုင်း ပေးချေပြီး ခေါ်ယူဖို့ အဆင်သင့် ရှိနေခဲ့တာ ဖြစ်ပါတယ်။ ယိုကီးရက်စ်ရဲ့ စာချုပ် လျော်ကြေး ကတော့ ယူရို သန်း ၁၀၀ ဖြစ်ပြီး စာချုပ် သက်တမ်း ကတော့ ၃ နှစ် ကျန်ရှိနေပါသေးတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်