နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နီကိုးလပ်စ် ဂျက်ဆန်က ဟာလန်းထက် ပိုကောင်းလာနိုင်တယ်လို့ ဆိုလိုက်တဲ့ ဟက်ဆယ်ဘိန့်ခ် | ပရီးမီးယားလိဂ်

ချဲလ်ဆီး တိုက်စစ် ကစားသမား နီကိုလပ်စ် ဂျက်ဆန်ဟာ လက်ရှိ ပရီးမီးယားလိဂ်ရဲ့ နာမည်ကျော် ထိပ်တန်း တိုက်စစ်မှူး အာလင်း ဟာလန်းထက် ပိုကောင်းလာနိုင်ကြောင့် ဂျင်မီ ဖလွိုက်ဒ် ဟက်ဆယ်ဘိန့်ခ်က သုံးသပ်လိုက်ပါတယ်။ 

ဂျင်မီ ဖလွိုက်ဒ် ဟက်ဆယ်ဘိန့်ခ် ကတော့ ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးရဲ့ ကစားသမားဟောင်း ဖြစ်ပြီး လက်ရှိ ကလပ် ချဲလ်ဆီးမှာ အားရစရာ ခြေစွမ်းနဲ့ မမြင်ရသေးတဲ့ တိုက်စစ်မှူး နီကိုလပ်စ် ဂျက်ဆန်ကို အံ့အားသင့်ဖွယ် မှတ်ချက်ပေး ချီးကျူးလိုက်တာ ဖြစ်ပါတယ်။

ဆီနီဂေါ လက်ရွေးစင် တိုက်စစ်မှူး နီကိုလပ်စ် ဂျက်ဆန်ဟာ ပြီးခဲ့တဲ့ ရာသီကမှ ဗီလာရီးရဲလ် ကနေ ချဲလ်ဆီး အသင်းထံ ပြောင်းရွှေ့ ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ ဂျက်ဆန်ဟာ ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးနဲ့ ပွဲဦးထွက် ရာသီမှာတင်ပဲ ပြိုင်ပွဲစုံမှာ ၁၇ ဂိုး အထိ သွင်းယူနိုင်ခဲ့ပေမယ့်လည်း သူရဲ့ ဂိုးပေါက် လွဲချော်မှုတွေကြောင့် ဝေဖန်မှုတွေ၊ လှောင်ပြောင်မှုတွေနဲ့သာ ရင်ဆိုင်နေခဲ့ရတာ ဖြစ်ပါတယ်။ ဂျက်ဆန်က ဒီရာသီ မှာလည်း ချဲလ်ဆီး အတွက် ၆ ပွဲ ကစားရာမှာ ၄ ဂိုး သွင်းယူထားပြီး အသင်း ဘက်က နှစ်ရှည် စာချုပ်သစ်ပါ ထပ်မံ ချုပ်ဆိုထားခဲ့တာ ဖြစ်ပါတယ်။ ဒီလို အလားအလာကောင်းတွေ ပိုင်ဆိုင်ထားနိုင်တဲ့ ဂျက်ဆန်ကို ချဲလ်ဆီးရဲ့ ကစားသမားဟောင်းကြီး ဟက်ဆယ်ဘိန့်ခ် ကပါ ဟာလန်းထက်တောင် ပိုကောင်းလာနိုင်တဲ့ တိုက်စစ်မှူး တစ်ဦး အဖြစ် ချီးကျူး ပြောဆိုလာခဲ့တာ ဖြစ်ပါတယ်။ 

ဟက်ဆယ်ဘိန့်ခ်က“နီကိုလပ်စ် ဂျက်ဆင်နဲ့ အာလင်း ဟာလန်း တို့က အသက်အရွယ် မတိမ်းမယိမ်းတွေပါပဲ။ သူတို့ နှစ်ယောက် အကြားက အဓိက ခြားနားချက် ကတော့ ဟာလန်းက ချန်ပီယံလိဂ် ပြိုင်ပွဲလိုမျိုး ဥရောပရဲ့ ထိပ်တန်း အဆင့် ပြိုင်ပွဲကြီး အတွေ့အကြုံတွေ ပိုများနေတာပါပဲ။ သူက ကစားသမား ဘဝကို စတင် ပြီး သိပ်မကြာခင်မှာပဲ ဆဲလ်ဘာ့ဂ် အသင်းနဲ့ အတူ ချန်ပီယံလိဂ် ကစားနေရပြီလေ။ ဂျက်ဆန် ကတော့ အဲ့ဒီလို အခွင့်အရေးမျိုး မရှိခဲ့ပါဘူး။ ဂျက်ဆန် အနေနဲ့ ကွင်းထဲမှာ ဆုံးဖြတ်ချက်တွေ ပြတ်သားဖို့နဲ့ ပွဲတွေမှာ ထိပ်တန်း အဆင့်မျိုးနဲ့ ဂိုးတွေ ပုံမှန် သွင်းယူပြနိုင်ဖို့ လိုအပ်ပါတယ်။ အဲ့ဒါက သူ့ကို ကမ္ဘာ့ အကောင်းဆုံး တိုက်စစ် ကစားသမားတွေထဲက တစ်ဦး အဖြစ် သတ်မှတ်နိုင်ဖို့ အတွက် သူ လုပ်ဆောင်ရမယ့် အရာတွေပဲ ဖြစ်ပါတယ်။”လို့ ပြောကြားသွားခဲ့ပါတယ်။

ဆက်လက်ပြီး ဟက်ဆယ်ဘိန့်ခ် “ဒါက သူ့အတွက်တော့ တကယ့် စိန်ခေါ်မှုကြီး တစ်ခု ပါပဲ။ ဒါပေမယ့် သူ ဒါတွေကို ရလာနိုင်တဲ့ အလားအလာမျိုးတွေ သူ့မှာ ရှိနေပါတယ်။ သူရဲ့ အလားအလာကောင်းတွေကို ဖြည့်စွမ်းနိုင်လောက်မယ် ဆိုရင် သူဟာ ပေါင်သန်း ၁၅၀ လောက် အထိ တန်ကြေး ရှိတဲ့ ကစားသမားလည်း ဖြစ်လာနိုင်ပါတယ်။ ကျွန်တော် ကတော့ ယုံကြည်မှု ရှိပါတယ်။” လို့ မှတ်ချက်ပြု ပြောကြားသွားခဲ့ပါတယ်။

ချဲလ်ဆီး ကတော့ လက်ရှိရာသီ ပရီးမီးယားလိဂ်မှာ ၅ ပွဲ ကစား၊ ၃ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၁ ပွဲ ရှုံး၊ ရမှတ် ၁၀ မှတ်နဲ့ အဆင့် ၅ နေရာမှာ ရပ်တည်နေပြီး ဒီ ကနေ့ည ၈ နာရီခွဲမှာတော့ ဘရိုက်တန်နဲ့ ကစားရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်