နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တော်မီနေး ရောင်းထွက်ရင် အူဂါတီကို ပီအက်စ်ဂျီ လိုချင်တဲ့ ဈေးပေးပြီး ခေါ်ယူသွားမယ့် ယူနိုက်တက် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ စကော့တ် မက်တော်မီနေး ကိုသာ နာပိုလီ အသင်းထံ အပြီးသတ် ရောင်းချနိုင်ခဲ့မယ် ဆိုရင် မန်ဝဲလ် အူဂါတီ အတွက် ပီအက်စ်ဂျီ လိုချင်တဲ့ကြေးကို ပေးပြီး ခေါ်ယူသွားဖို့ ရှိနေပါတယ်။

ယူနိုက်တက်ဟာ အူဂါတီကို ခေါ်ယူဖို့ အတွက် ရက်သတ္တပတ်ပေါင်း များစွာ ကြိုးပမ်းနေပေမယ့်လည်း လက်ရှိ အချိန်ထိတော့ လီနီ ယိုရို၊ ဂျော်ရွှာ ဇီယက်ခ်ဇီး၊ မက်သိုင်းယက်စ် ဒီလစ်ဂျ်နဲ့ နူဆာ မက်ဇရာရီ တို့ကိုသာ ခေါ်ယူထားနိုင်ခဲ့ပါသေးတယ်။ ယူနိုက်တက်ဟာ ဒီကစားသမား ၄ ဦး အတွက် များပြားတဲ့ ပြောင်းရွှေ့ကြေးတွေ အသုံးပြုခဲ့ပြီးတဲ့နောက် ပေါင် ၅၁ သန်းခန့် တန်ကြေး ရှိတဲ့ အူဂါတီကို ခေါ်ယူဖို့ အတွက်တော့ ငွေကြေးပိုင်းမှာ အခက်အခဲတွေ ရှိနေတာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ အပြောင်းအရွှေ့ နောက်ဆုံးရက် မတိုင်ခင် အူဂါတီကို ခေါ်ယူဖို့ ကြိုးပမ်းလျက်ရှိပြီး အစောပိုင်းမှာ အငှားစာချုပ်နဲ့ အရင်ဆုံး ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခုအခါမှာတော့ နာပိုလီ ဘက်က မက်တော်မီနေး အတွက် ကမ်းလှမ်းမှုကို လက်ခံရရှိခဲ့ပြီးနောက် အူဂါတီ အတွက် ဆုံးဖြတ်ချက်ကို ပြင်ဆင်သွားဖွယ် ရှိနေတာ ဖြစ်ပါတယ်။

အကယ်၍ ပရီးမီးယားလိဂ် ကလပ်ဟာ မက် တော်မီနေးကို ယူရို သန်း ၃၀ (ပေါင် ၂၅.၄ သန်း)နဲ့ ရောင်းထုတ်နိုင်ခဲ့မယ် ဆိုရင်တော့ ငွေကြေးပိုင်း အဆင်ပြေသွားမှာ ဖြစ်ကြောင်း ဖာဘရီဇီယို ရိုမာနိုက အသေအချာ ဖော်ပြလာခဲ့တာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီ ဘက်ကတော့ အူဂါတီကို ရောင်းချဖို့ စိတ်အားထက်သန်နေပေမယ့်လည်း အပြီးသတ် ရှင်းထုတ်ဖို့သာ လိုလားနေပြီး ဒီနွေရာသီမှာတင်ပဲ လက်လွှတ်ချင်နေတာ ဖြစ်ပါတယ်။

အူဂါတီ ကိုယ်တိုင်ကလည်း ဒီနွေရာသီမှာ ပီအက်စ်ဂျီကို စွန့်ခွာပြီး ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်လို့နေပြီး မကြာသေးမီက ရရှိတဲ့ သတင်းတွေအရ ကလပ် နှစ်သင်း အကြား သဘောတူညီမှု ရရှိဖို့ တော်တော်လေး နီးစပ်နေပြီလို့ သိရပါတယ်။

အကယ်၍ ပရီးမီးယားလိဂ် ကလပ်ဟာ မက် တော်မီနေးကို ယူရို သန်း ၃၀ (ပေါင် ၂၅.၄ သန်း)နဲ့ ရောင်းထုတ်နိုင်ခဲ့မယ် ဆိုရင်တော့ ငွေကြေးပိုင်း အဆင်ပြေသွားမှာ ဖြစ်ကြောင်း ဖာဘရီဇီယို ရိုမာနိုက အသေအချာ ဖော်ပြလာခဲ့တာ ဖြစ်ပါတယ်။
တော်မီနေးကို ယူရို သန်း ၃၀ နဲ့ ရောင်းထုတ်မယ့် ယူနိုက်တက်

ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်ဟာ မက်တော်မီနေး အတွက် ဖူလ်ဟမ်ရဲ့ ပေါင်သန်း ၂၀နဲ့ ကမ်းလှမ်းမှုကို ချက်ချင်း ပယ်ချခဲ့တာ ဖြစ်ပြီး အသင်းမှာ ဆက်ရှိနေဖို့ မျှော်လင့်ခဲ့တာပါ။ ဒါပေမယ့်လည်း နာပိုလီရဲ့ ပိုကောင်းတဲ့ ကမ်းလှမ်းမှုကို လက်ခံရရှိချိန်မှာတော့ စကော့တလန် လက်ရွေးစင်ကို လက်လွှတ်ဖို့ ဆုံးဖြတ်ထားခဲ့တာလည်း ဖြစ်ပါတယ်။ နာပိုလီ အနေနဲ့ ဒီနွေရာသီမှာ ဘရိုက်တန် ကွင်းလယ်လူ ဘီလီ ဂေးလ်မောနဲ့ ချဲလ်ဆီး တိုက်စစ်မှူး ရိုမယ်လူ လူကာကူ တို့ကို ခေါ်ယူဖို့ အတွက်လည်း ကြိုးပမ်းနေပေမယ့်လည်း ဒီကစားသမားတွေကို မခေါ်ယူခင် ဗစ်တာ အိုဆင်မ်ဟန်ကို အရင်ဆုံး ရောင်းထုတ်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ နာပိုလီဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ကစားသမား ၄ ဦးသာ ခေါ်ယူထားပြီး စပင်နက်ဇိုလာကို အလွတ်၊ ရာဖာ မာရင်ကို မဖော်ပြတဲ့ ပြောင်းရွှေ့ကြေး၊ ဘူရွန်ဂီရော်နိုကို ယူရို ၃၅ သန်း၊ ဒေးဗစ် နီရက်စ်ကို ယူရို ၂၈ သန်းနဲ့ ခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။ ကစားသမား အထွက် အနေနဲ့ ကတော့ ၁၆ ဦးလောက်အထိ လက်လွှတ်ထားခဲ့ပြီး အဲဒီအထဲ မှာတော့ အော့စတီဂတ်၊ လင်းစတောမ်၊ ဇီလင်းစကီး တို့လို ကစားသမားတွေလည်း ပါဝင်နေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်