နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မာ့ခ် ဂူဟီ အပြင် ဒီဆာဆီကိုလည်း ပစ်မှတ်စာရင်းထဲ ထည့်ထားတဲ့ နယူးကာဆယ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် နယူးကာဆယ် ယူနိုက်တက် ကတော့ ခရစ္စတယ်ပဲလေ့စ် နောက်ခံလူ မာ့ခ်ဂူဟီကို ခေါ်ယူဖို့ အဆင်သင့် ဖြစ်နေသလို ချဲလ်ဆီးက အက်ဆဲလ် ဒီယာဆီ ကိုလည်း ပစ်မှတ်ထဲမှာ ထည့်သွင်းထားတယ်လို့ သိရပါတယ်။

မာ့ခ် ဂူဟီ ကတော့ အင်္ဂလန်နဲ့ အတူ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ခြေစွမ်းကောင်းတွေ ပြသခဲ့ပြီး ဗိုလ်လုပွဲ အထိ တက်လှမ်းနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဒီကစားသမားကို ပရီးမီးယားလိဂ် ကလပ်တွေ အပါအဝင် ဥရောပထိပ်တန်း ကလပ်တွေက မျက်စိကျနေကြတာ ဖြစ်ပါတယ်။ လက်ရှိ အချိန်ထိ ငှက်ကြားတွေဟာ ဂူဟီ အတွက် ကမ်းလှမ်းမှု ၄ ကြိမ် အထိ ပြုလုပ်ထားခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပဲလေ့စ် ဘက်ကတော့ ကမ်းလှမ်းမှုတိုင်းကို ပယ်ချထားခဲ့ပြီး သူတို့ရဲ့ ကစားသမား အတွက် ပြောင်းရွှေ့ကြေး အဖြစ် ပေါင် ၇၀ သန်း ပေးချေမှသာ လက်လွှတ်သွားဖို့ ရှိနေတာ ဖြစ်ပါတယ်။ ဒီအခြေအနေနဲ့ ပတ်သတ်လို့လည်း ပဲလေ့စ် ဥက္ကဌ စတိဗ် ပါရစ်ရှ်က သူတို့ရဲ့ အားထားရတဲ့ နောက်ခံလူ အတွက် အနည်းဆုံး ပေါင်သန်း ၇၀ ပေးမှ ခေါ်ယူနိုင်မှာ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားထားပြီး ဖြစ်ပါတယ်။

 
အက်ဒီဟောင်းဝ်ရဲ့ အသင်းဟာ ပရီးမီးယားလိဂ် ရာသီ အဖွင့်ပွဲစဉ်မှာတော့ တန်းဆက် ဆောက်သမ်တန်ကို အိမ်ကွင်းမှာ ၁-၀ ရလဒ်နဲ့ အနိုင်ရရှိထားခဲ့ပါတယ်။
ဂူဟီ အပြင် ဒီယာဆီကို ခေါ်ယူချင်နေတဲ့ နယူးကာဆယ်

ဒါပေမယ့်လည်း တစ်ခုရှိတာက ယိုအာကင် အန်ဒါဆန်ကို ဖူလ်ဟမ်ဆီ ပြန်လည် ရောင်းချဖို့ ရှိနေတာကြောင့် ပဲလေ့စ် အနေနဲ့ မာ့ခ် ဂူဟီကို လက်ရှိ နွေရာသီ အပြောင်းအရွှေ့ကာလမှာ ရောင်းထုတ်ဖို့ ပြန်လည် စဉ်းစားနိုင်ချေလည်း ရှိနေတာ ဖြစ်ပါတယ်။ နယူးကာဆယ်ဟာ ပဲလေ့စ် ဘက်က ဂူဟီ အတွက် လိုချင်နေတဲ့ ပြောင်းရွှေ့ကြေးကို သဘောမကျပေမယ့်လည်း တခြားသော ကမ်းလှမ်းမှု ပုံစံမျိုးစုံနဲ့ ကြိုးပမ်းသွားဖွယ်တော့ ရှိနေကြောင်း The Athletic က ဖော်ပြထားပါတယ်။ ဒါ့အပြင် ငှက်ကြားတွေဟာ ဂီဟီရဲ့ အပြောင်းအရွှေ့ အတွက် လက်မလျှော့သေးပေမယ့်လည်း တခြားသော ကစားသမား အများအပြား ကိုလည်း ပစ်မှတ်ထား ဆွေးနွေးနေတယ်လို့ သိရပါတယ်။

အင်္ဂလန်က လာတဲ့ သတင်းတွေ အရ နယူကားဆယ်ဟာ ချဲလ်ဆီး အတွက် ရာသီအဖွင့် ပွဲစဉ်မှာ ပွဲထွက်လူစာရင်း ကနေ ချန်လှပ်ခံခဲ့ရတဲ့ နောက်ခံလူ အက်ဆဲလ် ဒီယာဆီကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဒီယာဆီ ကတော့ ၂၀၂၃ ခုနှစ်မှာ မိုနာကို ကနေ ချဲလ်ဆီး ကို ပြောင်းရွှေ့လာခဲ့ပြီးနောက် နည်းပြဟောင်း မော်ရူစီယို ပိုချက်တီနို လက်အောက်မှာ ပြိုင်ပွဲစုံ ၄၄ ပွဲ ပါဝင်ကစားခွင့် ရရှိခဲ့သူလည်း ဖြစ်ပါတယ်။

ဒါ့အပြင် နယူးကာဆယ်ဟာ ပြီးခဲ့တဲ့ နွေရာသီက မန်ချက်စတာယူနိုက်တက်နဲ့ တော့တင်ဟမ်ဟော့စပါး တို့က ပစ်မှတ်ထားခဲ့တဲ့ အက်ဒ်မွန် တပ်ဆိုဘာကို ခေါ်ယူဖို့လည်း လေဗာကူဆင်နဲ့ ဆွေးနွေးမှုတွေလည်း ပြုလုပ်နေတယ်လို့ သိရပါတယ်။ တပ်ဆိုဘာ ကတော့ လေဗာကူဆင်တို့ ဘွန်ဒက်စ်လီဂါ ဖလားရယူနိုင်ဖို့ အတွက် အဓိက အခန်းကဏ္ဍ ကနေ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။

အက်ဒီဟောင်းဝ်ရဲ့ အသင်းဟာ ပရီးမီးယားလိဂ် ရာသီ အဖွင့်ပွဲစဉ်မှာတော့ တန်းဆက် ဆောက်သမ်တန်ကို အိမ်ကွင်းမှာ ၁-၀ ရလဒ်နဲ့ အနိုင်ရရှိထားခဲ့ပါတယ်။ ဒီပွဲမှာ နယူးကာဆယ်က ဗဟိုခံစစ် ကစားသမား ဖေဘီယန် ရှား အနီကတ် ပြခံရပြီး စောစောစီးစီး ထွက်ခွာခဲ့ရပေမယ့် နိုင်ပွဲ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်