နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကြမ်းကြမ်းတမ်းတမ်း ကစားတဲ့ မာတီနက်ဇ်ကို ဒေါသပေါက်ကွဲခဲ့တဲ့ အိုဒီဂတ် (ပရီးမီးယားလိဂ် သတင်းများ)

ဒီတစ်ခါ မှာတော့ ဇူလိုင်လ ၂၃ ရက်နေ့ အထိ ရရှိထားသမျှ ပရီးမီးယားလိဂ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ကြမ်းကြမ်းတမ်းတမ်း ကစားတဲ့ မာတီနက်ဇ်ကို ဒေါသပေါက်ကွဲခဲ့တဲ့ အိုဒီဂတ်

နယူးဂျာစီမှာ ချစ်ကြည်ရေး ခြေစမ်းပွဲ ကစားခဲ့ကြတဲ့ မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်တို့ ပွဲစဉ်ဟာ အစဉ်အလာမပျက် ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ပါတယ်။ ပရီးမီးယားလိဂ် ပြိုင်ဘက် နှစ်သင်းဟာ Metlife ကွင်းမှာ ရာသီသစ် အတွက် ကြိုတင် ပြင်ဆင်တဲ့ အနေနဲ့ ရင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။ ပထမပိုင်း မပြီးခင်မှာ မာတီနက်ဇ်က အန်ကတ်တီးယားကို ပြင်းထန်ထန် ဖျက်ထုတ် အပြီး ပြဿနာတက်ခဲ့ကြတာပါ။

ကစားပုံ ကြမ်းတမ်းလေ့ ရှိတဲ့ အာဂျင်တီးနား နောက်ခံလူဟာ အန်ကီးတီးယားနဲ့ ဘောလုံးကို ယှဉ်လုရာမှာ ဂန်းနား တိုက်စစ်မှူးကို ကြမ်းကြမ်းတမ်းတမ်း ဝင်ခဲ့ပြီး ဘောလုံးရသွားခဲ့ပေမယ့်လည်း အာဆင်နယ် တိုက်စစ်မှူးဟာ ဒဏ်ရာရရှိသွားခဲ့တာ ဖြစ်ပါတယ်။ ဘူကာယို ဆာကာ ကလည်း ပြင်းထန်တဲ့ ဖျက်ထုတ်မှု အချို့ကြောင့် နာကျင်မှု အချို့ ရရှိခဲ့ပြီး အသင်းခေါင်းဆောင် မာတင် အိုဒီဂတ်က မာတီနက်ဇ်ရဲ့ လုပ်ရပ်ကို တော်တော်လေး စိတ်ဆိုးသွားခဲ့ပြီး သည်းခံစိတ် ကုန်ဆုံးသွားခဲ့ပုံ ပေါ်ပါတယ်။

ဒါကြောင့် အာဆင်နယ် အသင်းခေါင်းဆောင် မာတင် အိုဒီဂတ်က လီဆန်ဒရို မာတီနက်ဇ်ကို လျင်လျင်မြန်မြန်ပဲ ထိပ်တိုက် ရင်ဆိုင်ခဲ့ပြီး တွန်းထိုးရင်း ၎င်းရဲ့ မကျေနပ်မှုကို ထိပ်တိုက် ပြောဆိုခဲ့တာကို တွေ့ရပါတယ်။ နှစ်ဖက်အသင်း ကစားသမားတွေ အကြား မှာလည်း ရုန်းရင်းဆန်ခတ်တွေ ဖြစ်ခဲ့ကြပြီး ကွင်းဘေးစည်း ကနေ မန်ချက်စတာယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် ကလည်း ဒိုင်လူကြီးတွေ အပေါ် စိတ်ကျေနပ်မှု မရှိတဲ့ ပုံစံနဲ့ အော်ဟစ်နေခဲ့တာ ကိုလည်း မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ ပြီးတဲ့နောက်မှာ မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်က ကြားဝင်ပြီး အခြေအနေတွေကို အေးဆေး ဖြစ်သွားအောင် ဝင်ရောက် ထိန်းသိမ်းပေးခဲ့တဲ့ အတွက် ရန်ပွဲ ပြီးဆုံးသွားခဲ့တာ ဖြစ်ပါတယ်။


အိပ်ပျော်နေတဲ့ ခြင်္သေ့ကို လှုပ်နှိုးမိလို့ အထိနာခဲ့ရတဲ့ စင်ရော်လေးများ

ယနေ့နံနက် ၅ နာရီ ၃၀ မိနစ်မှာ ချစ်ကြည်ရေး ခြေစမ်းပွဲစဥ် အဖြစ် ယှဉ်ပြိုင် ကစားခဲ့တဲ့ ချဲလ်ဆီးနဲ့ ဘရိုက်တန် တို့ရဲ့ ပွဲစဉ်မှာ ပိုချက်တီနိုရဲ့ ခြင်္သေ့ပြာတွေက ၄-၃ နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ပထမပိုင်းမှာ ဒန်နီ ဝဲလ်ဘက်ခ်ရဲ့ ၁၃ မိနစ်မှာ သွင်းယူခဲ့တဲ့ အဖွင့်ဂိုးကို ခွင့်ပြုခဲ့ရတဲ့ ချဲလ်ဆီး အသင်းဟာ ၁၉ မိနစ်မှာ ကစားသမားသစ် အန်ကွန်ကူရဲ့ ချေပဂိုးကြောင့် ပထမပိုင်း အပြီးမှာ တစ်ဖက် ၁ ဂိုးစီ သရေရလဒ်နဲ့ ပွဲပြီးဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

အမျိုးသမီးကမ္ဘာ့ဖလား 2023
ဆွစ်ဇာလန်
နော်ဝေး
1X2 ဆွစ်ဇာလန် @ 2.82
နော်ဝေး ပထမပိုင်း အာရှ ဟန်းဒီးကပ် -0.25 @ 2.06
ပထမပိုင်း ဂိုးပေါ် 1.00 @ 2.06
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒုတိယပိုင်းမှာ အပြန်အလှန် သွင်းဂိုးတွေနဲ့ ကြောက်မက်ဖွယ် ပွဲကြမ်းခဲ့တာ ဖြစ်ပြီး ၆၅ မိနစ်မှာ မူဒရစ်ခ်က ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ယူကရိန်း ကြယ်ပွင့်ဟာ ဒုတိယပိုင်း ပွဲကစားချိန် တစ်လျှောက်လုံး ဘယ်တောင်ပံ ကနေ ဘရိုက်တန်ကို ဒုက္ခမျိုးစုံပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ချဲလ်ဆီး အသင်း အတွက် နောက်ထပ် ဦးဆောင်ဂိုးတွေကို ဂယ်လေဂါနဲ့ နီကိုလတ်စ် ဂျက်ဆင်တို့က ၇၂ မိနစ်မှာ ၇၆ မိနစ်တို့မှာ ဆက်တိုက်ဆိုသလို သွင်းယူသွားခဲ့တာ ဖြစ်ပြီး ဘရိုက်တန် အသင်းက ၇၉ မိနစ်မှာ ရရှိခဲ့တဲ့ ပင်နယ်တီကနေ တဆင့် ပက်ဒရို၊ ၈၉ မိနစ်မှာ အန်ဒက်ဗ်ရဲ့ ချေပဂိုးတွေ ပြန်လည် သွင်းယူနိုင်ခဲ့ပေမယ့်လည်း နောက်ထပ် ချေပဂိုး မရရှိခဲ့တာကြောင့် ၄-၃ နဲ့ ရှုံးနိမ့်သွားခဲ့တာ ဖြစ်ပါတယ်။


အာဆင်နယ်ကို စိုးရိမ်စရာ မရှိဘူးလို့ ဆိုလိုက်တဲ့ မန်စီးတီး ကြယ်ပွင့်ဟောင်း

မန်ချက်စတာစီးတီး ကြယ်ပွင့်ဟောင်း ရှောင် ရိုက်-ဖီးလစ်စ်က လာမယ့်ရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲနဲ့ ပတ်သက်ပြီး အာဆင်နယ်ကို စိုးရိမ်မှု မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။ အာဆင်နယ်ဟာ ပြီးခဲ့တဲ့ ရာသီမှာ ၂၀၀၄ ခုနှစ် နောက်ပိုင်း ပထမဆုံး လိဂ်ဖလား ရရှိဖို့ နီးစပ်ခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီးကို တစ်ရာသီလုံး ဦးဆောင်ခဲ့ပြီးမှ နောက်ဆုံး မှာတော့ ၅ မှတ် အကွာနဲ့ ပရီးမီးယားလိဂ် ဆုဖလားကို လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။

ဂန်းနားတွေဟာ ဒီနွေရာသီမှာ ကိုင် ဟာဗတ်ဇ်၊ တင်းဘား၊ ဒီကလန် ရိုက်စ် တို့လို ကစားသမားတွေကို ခေါ်ယူထားနိုင်ခဲ့တာကြောင့် ပိုမိုအားကောင်းလာမယ်လို့ မျှော်မှန်းခြင်းခံထားရပေမယ့်လည်း ရှောင် ရိုက်-ဖီးလစ်စ်က ပြီးခဲ့တဲ့ ရာသီ ၃ နှစ်ဆက် ဖလားရပြီး ကတည်းက တခြားအသင်းတွေလည်း ပိုမိုအားကောင်းလာတာ ဖြစ်ပြီး အာဆင်နယ်နဲ့ ပတ်သက်ပြီး စိုးရိမ်စရာမရှိဘူးလို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“လာမယ့် ရာသီ အာဆင်နယ်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ စိုးရိမ်ခြင်း မရှိပါဘူး။ ပြီးခဲ့တဲ့ရာသီ ကတည်းက ပိုပြီး အားကောင်းလာတဲ့ အသင်းတွေ အများကြီး ရှိခဲ့ပါတယ်။ မန်စီးတီးနဲ့ အာဆင်နယ်တို့ကို ပြန်တိုက်ခိုက်ဖို့ တခြားအသင်းတွေ အတွက် ကြိုးပမ်းဖို့ အခွင့်အရေး ပိုရှိလာလိမ့်မယ်လို့ ထင်တယ်။ မန်စီးတီးက ပရီးမီးယားလိဂ်ကို ၁၀ နှစ်ကျော် လွှမ်းမိုးလာခဲ့တာ ဖြစ်ပြီး အဲဒီလို ဆက်လုပ်နိုင်ဖို့က တခြားအသင်းတွေ ပိုအားကောင်းလာလို့ စိန်ခေါ်မှု ဖြစ်လာတယ်။ ခင်ဗျား ဂွါဒီယိုလာနဲ့ ပတ်သက်ပြီး ကြိုမသိနိုင်ဘူး။ ပြီးခဲ့တဲ့ ရာသီ ဗဟိုခံစစ် ၄ ဦးနဲ့ ကစားပြီးနောက် သူ့ဆီမှာ အခု တစ်စုံတရာ ရှိနေတာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။”လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်