နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အာဒါ ဂူလာကို ခေါ်ယူဖို့ ကြိုးပမ်းသွားမယ့် လစ်ဗာပူးလ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် ကတော့ ရီးရဲလ်မက်ဒရစ် တိုက်စစ် ကြယ်ပွင့်လေး အာဒါ ဂူလာကို အခုနွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ကြိုးပမ်းသွားဖွယ် ရှိနေတယ်လို့ သတင်းတွေက ဖော်ပြလာခဲ့ပါတယ်။

အသက် ၁၉ နှစ် အရွယ် တူရကီ ကွင်းလယ် တိုက်စစ် ကစားသမားလေးဟာ ညာတောင်ပံမှာလည်း ကစားနိုင်သူ ဖြစ်ပြီး တူရကီ မက်ဆီ လို့တောင် တင်စားခံထားရသူ ဖြစ်ပါတယ်။ အာဒါ ဂူလာဟာ ဖီနာဘာချီ အကယ်ဒမီထွက် အရည်အသွေးမြင့် ကစားသမားလေး တစ်ဦး ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်လို အသင်းမျိုးရဲ့ ခေါ်ယူခြင်း ခံခဲ့ရသူ ဖြစ်ပါတယ်။ အာဒါ ဂူလာဟာ ရီးရဲလ်မက်ဒရစ်ကို မပြောင်းရွှေ့ခင်မှာ ဖီနာဘာချီ အသင်း အတွက် ၅၁ ပွဲ ကစားပြီး ၉ ဂိုး သွင်းကာ ၁၂ ဂိုး အထိ ဖန်တီးပေးခဲ့သူ ဖြစ်ပါတယ်။ 

ဂူလာက ရီးရဲလ်မက်ဒရစ်ကို ရောက်ရောက်ချင်းမှာ ဒဏ်ရာပြဿနာတွေ ရှိနေခဲ့ပေမယ့် နောက်ပိုင်းမှာ ပုံစံကောင်းနဲ့ ပြန်လာနိုင်ခဲ့ပါတယ်။ ဂူလာဟာ ပြီးခဲ့တဲ့ ရာသီက ပြိုင်ပွဲစုံ ၁၂ ပွဲ ကစားကာ ၆ ဂိုး အထိ သွင်းယူခဲ့သလို သူသွင်းယူခဲ့တဲ့ ဂိုးတချို့ ကလည်း ထိပ်တန်း အဆင့်မှာ ရှိနေတာကြောင့် မက်ဒရစ် ပရိသတ်တွေရဲ့ ချီးကျူး ဂုဏ်ပြုခြင်းလည်း ခံနေရသူပါ။ ဒါ့အပြင် အာဒါ ဂူလာက ယူရို ၂၀၂၄ မှာလည်း တူရကီ အသင်းနဲ့ အတူ တောက်ပပြနိုင်ခဲ့ပြီး ပေါ်တူဂီနဲ့ တစ်ပွဲက လွဲလို့ ကျန်ပွဲအားလုံးမှာ ပွဲချိန် ပြည့်နီးပါး ပွဲထွက်ကစားခွင့်ရခဲ့ပါတယ်။ ဒါ့အပြင် တူရကီ ကြယ်ပွင့်လေးက ဂျော်ဂျီယာနဲ့ ပွဲမှာလည်း ပရိသတ်တွေကို အံ့အားသင့်စေမယ့် သွင်းဂိုး တစ်ဂိုးလည်း သွင်းယူနိုင်ခဲ့ပါတယ်။

ဘောလုံးအသိုင်းအဝိုင်း ကတော့ အာဒါ ဂူလာဟာ ခြေစွမ်းပိုင်း လျင်လျင်မြန်မြန် တိုးတက် ဖွံဖြိုးနေတဲ့ ကစားသမား အဖြစ် လက်ခံထားကြပြီး မကြာခင် ဘောလုံး စင်မြင့်ထက်မှာ အောင်မြင်မှုတွေ ရနိုင်မယ့် ထိပ်တန်း ကြယ်ပွင့် တစ်ဦး အဖြစ်လည်း သတ်မှတ်လျက်ရှိပါတယ်။ သူကိုယ်တိုင် ကလည်း လာမယ့် ၂၀၂၄/၂၅ ဘောလုံး ရာသီမှာ ပွဲထွက်ကစားခွင့် ပိုမိုရရှိဖို့ မျှော်လင့်နေတယ်လို့လည်း သိရပါတယ်။ အာဒါ ဂူလာဟာ အရည်အသွေးကောင်းတွေ ပိုင်ဆိုင်ထားပေမယ့် ရီးရဲလ်မက်ဒရစ်လို အသင်းကြီး တစ်သင်းမှာ ပွဲတိုင်းလိုလို ပွဲထွက်ကစားခွင့်ရဖို့ အာမခံချက်တော့ မရှိပါဘူး။ 

ဒီလို အခြေအနေမှာ သူ့ရဲ့ အနာဂတ်က စပိန် မြို့တော်မှာ ဆက်ရှိဖို့ မသေချာ ဖြစ်လာခဲ့ပြီး လစ်ဗာပူးလ်၊ အာဆင်နယ်နဲ့ တော့တင်ဟမ်ဟော့စပါး တို့လို ပရီးမီးယားလိဂ် အသင်းတွေရဲ့ ချိတ်ဆက်မှုတွေကြောင့်လည်း သူ့ရဲ့ အနာဂတ်က စဉ်းစားစရာ ဖြစ်လာခဲ့ပါတယ်။ တစ်ဖက်မှာ ရီးရဲလ်မက်ဒရစ် ဘက်ကတော့ အသင်း အတွက် အနာဂတ် ဖြစ်လာနိုင်တဲ့ အာဒါ ဂူလာကို အပြီးတိုင် လက်လွှတ်ခံသွားဖို့တော့ မရှိပဲ အသင်း တစ်သင်းဆီ အငှားချသွားဖို့ ကတော့ ဖြစ်နိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။ 

စပိန်က လာတဲ့ သတင်းတွေ အရ ဆိုရင် အာနေး ဆလော့တ်ရဲ့ လစ်ဗာပူးလ်က အာဒါ ဂူလာကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး သူတို့ရဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက်တွေကို ကျော်တက်ကာ ကမ်းလှမ်းမှု တစ်ခု ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်