နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကမ်ဘွယ်လာကို ဗီလာရီးရဲလ်ဆီ ရောင်းထုတ်တော့မယ့် ယူနိုက်တက် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ အသင်းရဲ့ လူငယ်နောက်ခံလူ ဝီလီ ကမ်ဘွယ်လာကို ပြောင်းရွှေ့ကြေး ယူရို ၁၀ သန်း ဝန်းကျင်နဲ့ ဗီလာရီးယဲလ် အသင်းထံ ရောင်းထုတ်သွားဖို့ နီးစပ်လျက် ရှိတယ်လို့ သိရပါတယ်။

ဒီသတင်းကိုလည်း နာမည်ကျော် ဘောလုံးသတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အတည်ပြု သတင်းထုတ်ပြန်သွားခဲ့တာ ဖြစ်ပြီး လက်ရှိမှာတော့ ကမ်ဘွယ်လာရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်လို့ နှစ်သင်းကြား ဆွေးနွေးမှုတွေ နောက်ဆုံး အဆင့် ရောက်ရှိနေပြီလို့ သိရပါတယ်။ ဒါ့အပြင် အပြောင်းအရွှေ့ အထမြောက်ခဲ့ရင်လည်း ယူနိုက်တက် ဘက်က Buy back clause ကိုပါ ထည့်သွင်းချုပ်ဆိုသွားမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရာသီက အဲရစ်ခ် တန်ဟက်ဂ်ရဲ့ အသင်းမှာ ၁၀ ပွဲ ပါဝင်ကစားခဲ့တဲ့ အသက် ၁၉ နှစ် အရွယ် ဒီကစားသမားဟာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း နောက်ဆုံး ၁၂ လထဲကို ရောက်ရှိနေသူ ဖြစ်ပါတယ်။ ဒါ့အပြင် ကမ်ဘွယ်လာဟာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်းတိုးနိုင်မယ့် အခွင့်အရေးကို ပယ်ချထားခဲ့ပြီး ပရီးမီးယားလိဂ် ကလပ်ကို စွန့်ခွာလိုနေတာ ဖြစ်ကြောင်း သိရရပါတယ်။

ဖာဘရီဇီယို ရိုမီနိုရဲ့ အဆိုအရ ကမ်ဘွယ်လာဟာ အခု နွေရာသီမှာပဲ ယူနိုက်တက် ကနေ ထွက်ခွာဖို့ စီစဉ်နေကြောင်း အခိုင်အမာ ပြောကြားထားတာ ဖြစ်ပါတယ်။ ဗီလာရီးရဲလ်ဟာ ကမ်ဘွယ်လာကို ယူရို ၁၀ သန်း (ပေါင် ၈.၄ သန်း) ဝန်းကျင်နဲ့ ခေါ်ယူဖို့ ယူနိုက်တက်နဲ့ သဘောတူညီမှု ရရှိထားတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက်က ဒီကစားသမားကို အနာဂတ်မှာ အိုးထရက်ဖို့ဒ်ဆီ ပြန်ခေါ်နိုင်တဲ့ Buy Back Clause ပါ ထည့်သွင်းချုပ်ဆိုသွားမှာ ဖြစ်ပါတယ်။

ယူနိုက်တက် အကယ်ဒမီထွက် ကမ်ဘွယ်လာဟာ ဗီလာရီးရဲလ်ကို ပြောင်းရွှေ့ ဖြစ်ခဲ့ရင်တော့ ယူနိုက်တက် ကစားသမားဟောင်း အဲရစ်ခ် ဘိုင်ယီနဲ့ ပြန်လည် တွဲဖက် ကစားရဖို့လည်း ရှိနေပါတယ်။ ဘိုင်ယီဟာ ဘက်ဆစ်တပ်စ်ကို ခတ္တ ပြောင်းရွှေ့ခဲ့ပြီးနောက် လက်ရှိမှာတော့ အလွတ် ပြောင်းရွှေ့ကြေးနဲ့ လာလီဂါ ကလပ်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ရာဖေးလ် ဗာရန်းကို ထွက်ခွာခွင့်ပြုခဲ့ရပြီးနောက် ခံစစ်ပိုင်း အတွက် အင်အားဖြည့်တင်းဖို့ လိုအပ်နေချိန်မှာ ကမ်ဘွယ်လာကို ရောင်းထုတ်ဖို့ စီစဉ်လာတာ ဖြစ်ပါတယ်။ တချို့သော ယူနိုက်တက် ပရိသတ်တွေ ကတော့ ခြေစွမ်းခြေစ ရှိတဲ့ ကမ်ဘွယ်လာကို မထွက်ခွာစေချင်ကြပေမယ့် INEOS ကတော့ ကမ်ဘွယ်လာ ဆီက ရတဲ့ ပြောင်းရွှေ့ကြေးနဲ့ အခြားသော ကစားသမားတွေ ခေါ်ယူ အားဖြည့်ဖို့ စဉ်းစားနေတာ ဖြစ်ပါတယ်။

လက်ရှိမှာ ယူနိုက်တက်က ဗဟိုခံစစ် နေရာ အတွက် ဘေယန်မြူးနစ်က မားသီးယက်စ် ဒီလစ်ဂျ်ကို‌ ခေါ်ယူနိုင်ဖို့ နီးစပ်လျက်ရှိပြီး လိုင်လီက လီနီ ယိုရို ကိုလည်း ခေါ်ယူနိုင်ဖွယ် ရှိနေပါတယ်။ အဲဗာတန် က ဘရန့်ဝိတ်သ် ကိုတော့ ယူနိုက်တက်တို့ နှစ်ကြိမ်တိုင်တိုင် ကြိုးစားထားပေမယ့် ပယ်ချခြင်း ခံထားရပါတယ်။ လက်ရှိမှာ အဲဗာတန် က ဘဏ္ဉာရေး ပြသနာတွေကို ဖြေရှင်းဖို့ အတွက် ကစားသမား တချို့ကို ရောင်းထုတ်ဖို့ စီစဉ်ထားပေမယ့် အမာဒူ အိုနာနာ ကိုတော့ အက်စတွန်ဗီလာ အသင်းထံ ရောင်းချထားခဲ့ပြီး ဖြစ်ပါတယ်။ ဒါကြောင့် အဲဗာတန်က ပရီးမီးယားလိဂ် ထိပ်သီး ယူနိုက်တက်ရဲ့ ပစ်မှတ် ဘရန့်ဝိတ်သ် ကိုတော့ အသင်းမှာ ဆက်ထိန်းထားဖွယ် ရှိနေပြီ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်