မန်ချက်စတာစီးတီး ကတော့ သူတို့ရဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက် လစ်ဗာပူးလ်က ခေါ်ယူချင်နေတဲ့ အိုမာ မာမွတ်ရှ်ကို ကြားဖြတ် ခေါ်ယူဖို့ စီစဉ်နေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။
အသက် ၂၅ နှစ် အရွယ်သာ ရှိသေးတဲ့ ဖရန့်ဖတ် တိုက်စစ်မှူး အိုမာ မာမွတ်ရှ် ကတော့ ဒီရာသီမှာ ဖရန့်ဖတ် အတွက် ပြိုင်ပွဲစုံ ၂၄ ပွဲ ကစားပြီး ၁၈ ဂိုး အထိ သွင်းယူကာ ခြေစွမ်းပြနေသူ ဖြစ်ပါတယ်။ ဒီလို ခြေစွမ်းပြနေတဲ့ မာမွတ်ရှ်ကို ဥရောပ ထိပ်တန်း ကလပ် တော်တော်များများက မျက်စိကျနေပြီးတော့ အဲဒီ အသင်းတွေထဲမှာ လစ်ဗာပူးလ်က ထိပ်ဆုံးက ပါဝင်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခုနောက်ဆုံး ရရှိတဲ့ သတင်းတွေအရ ဆိုရင်တော့ မန်စီးတီးက ပရီးမီးယားလိဂ် ပြိုင်ဘက် လစ်ဗာပူးလ်ရဲ့ ပစ်မှတ်ကို ကြားဖြတ် ခေါ်ယူသွားဖို့ အဆင်သင့် ရှိနေကြောင်း သိရပါတယ်။
လက်ရှိ ပရီးမီးယားလိဂ် ကလပ် မန်စီးတီးရဲ့ တိုက်စစ်ပိုင်း မှာတော့ အာလင်း ဟာလန်း၊ ဂျရယ်မီ ဒိုကူ၊ ဖီးလ် ဖိုဒန်၊ ဂျက် ဂရီးလစ်ရှ်၊ ဆာဗင်ဟိုနဲ့ ဘော့ဘ် တို့ ရှိနေပါတယ်။ ဒါပေမယ့်လည်း အထောင် တိုက်စစ် မှာတော့ ဟာလန်း တစ်ဦးတည်းသာ ရှိနေတာကြောင့် Back Up အနေနဲ့ နောက်ထပ် တိုက်စစ်မှူး တစ်ဦး ခေါ်ယူ အားဖြည့်ချင်နေတာ ဖြစ်ပါတယ်။ ဟာလန်း ကလည်း ခြေစွမ်းပြနိုင်ချိန်ဆိုရင် ဂိုးတွေ တောက်လျောက် သွင်းယူတတ်ပေမယ့် ခြေစွမ်း မပြနိုင်ချိန် မှာတော့ ဂိုးပေါက် တောက်လျောက် ပျောက်တတ်သူလည်း ဖြစ်ပါတယ်။ ဒါကြောင့် မန်စီးတီးက အသင်းရဲ့ အထောင် တိုက်စစ် နေရာ အတွက် အင်အား ဖြည့်တင်းဖို စီစဉ်လာခဲ့ပြီး လတ်တလောမှာ ထိပ်တန်း တိုက်စစ်မှူး တော်တော်များများနဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒီကစားသမားတွေထဲ ကမှ လစ်ဗာပူးလ်တို့ ပစ်မှတ်ထားနေတဲ့ အီဂျစ် တိုက်စစ် ကြယ်ပွင့် အိုမာ မာမွတ်ရှ်ကို ကြားဖြတ် ခေါ်ယူမယ် ဆိုပြီး သတင်းတွေ ကြီးလာခဲ့တာ ဖြစ်ပါတယ်။
အသက် ၂၅ နှစ် အရွယ် အီဂျစ် လက်ရွေးစင် တိုက်စစ်မှူး မာမွတ်ရှ်ဟာ ၂ဝ၂၁ ခုနှစ်မှာ ဘွန်ဒက်စ်လီဂါကို ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ မာမွတ်ရှ်ဟာ အထောင် တိုက်စစ် အပြင် ဘယ်ညာ တောင်ပံ၊ ဘယ်ခြမ်း ကွင်းလယ်နဲ့ ကွင်းလယ် တိုက်စစ် နေရာစုံမှာ ကစားနိုင်သူလည်း ဖြစ်ပါတယ်။ ဝုဖ်ဘတ်၊ စိန့်ပေါ်လီ၊ စတုဂတ် တို့လို ဘွန်ဒက်စ်လီဂါ ကလပ်တွေမှာ ကစားသမားဘဝကို ဖြတ်သန်းခဲ့ပြီးတော့ ဖရန့်ဖတ် မှာတော့ ၆၅ ပွဲ ကစားကာ ၃၅ ဂိုး သွင်းယူထားပါတယ်။
ဒီရာသီထဲ မှာတော့ မာမွတ်ရှ်က ဖရန့်ဖတ် အတွက် ၁၈ ဂိုး သွင်းယူကာ ၁၂ ဂိုး ဖန်တီးပေးထားပါတယ်။ ဒီလို စွမ်းဆောင်ရည်ကောင်းတွေ ပြသထားနိုင်တဲ့ မာမွတ်ရှ် ကိုတော့ လစ်ဗာပူးလ်၊ အာဆင်နယ်၊ မန်ချက်စတာယူနိုက်တက်၊ ပီအက်စ်ဂျီနဲ့ ဘေယန်မြူးနစ် တို့ကပါ စိတ်ဝင်စားနေခဲ့ပြီး အခုတော့ မန်စီးတီးပါ ပါဝင်လာခဲ့ပြီ ဖြစ်ပါတယ်။အစောပိုင်းမှာ ကစားသမားရဲ့ တန်ကြေးက ယူရို သန်း ၂၅ သန်း ဝန်းကျင်သာ ရှိခဲ့ပေမယ့် လက်ရှိ မှာတော့ ယူရို သန်း ၆၀ အထိ တန်ကြေး ရှိနေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၂၇ ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးတာကြောင့် ဖရန့်ဖတ် အနေနဲ့ မာမွတ်ရှ် အတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၆၀ ထက်လည်း ပိုတောင်းနိုင်တဲ့ အခြေအနေ မှာလည်း ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.