နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဟာလန်းကို စာချုပ်သစ် ချုပ်မယ့် မန်စီးတီး၊ ချဲလ်ဆီးနဲ့ ဆေးစစ်တော့မယ့် အဒါရာဘိုင်အိုယို | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် အပါအဝင် ဥရောပထိပ်သီးလိဂ်တွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဆက်လက် စုစည်း ဖော်ပြသွားမှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ၄ နှစ်ဆက် ချန်ပီယံ မန်ချက်စတာစီးတီး အသင်း ကတော့ အာလင်း ဟာလန်းကို စာချုပ်သစ် ချုပ်ဆိုဖို့ ဆန္ဒရှိနေပြီး ဦးစားပေး လုပ်ဆောင်သွားဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

အာဆင်နယ် ကတော့ လိုက်ပ်ဇစ် တိုက်စစ်မှူး ဘင်ဂျာမင် ဆက်စ်ကို ကို ခေါ်ယူဖို့ ပထမဦးဆုံး အကြိမ် ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် ကစားသမားရဲ့ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၅၅.၄ သန်းအောက်နဲ့ ညီမျှတဲ့ ပမာဏ ဖြစ်တာကြောင့် ဂျာမန် ကလပ်ဘက်က ပယ်ချသွားဖွယ် ရှိနေပါတယ်။

ဆက်စပ် သတင်းတွေ အရ အာဆင်နယ်ဟာ ဘာစီလိုနာ ယူ ၁၉ ဘယ်နောက်ခံလူ မီကာအီလ် ဖေးကို ချိတ်ဆက်ခဲ့တယ်လို့ သိရပါတယ်။ ပေါင် ၁၇ သန်း တန်ကြေး ရှိတဲ့ ဆီနီဂေါ ခံစစ် ကြယ်ပွင့်ကို အာဆင်နယ် အနေနဲ့ ဘေယန်မြူးနစ်၊ လေဗာကူဆင်၊ လစ်ဗာပူးလ် တို့နဲ့ အပြိုင်အဆိုင် ကြိုးပမ်းသွားရဖွယ်လည်း ရှိနေပါတယ်။

မန်စီးတီး နည်းပြ ပပ် ဂွာဒီယိုလာ ကတော့ အသင်းဟောင်းက ကစားသမားတွေကို မခေါ်ယူဖို့ စည်းမျဉ်းထုတ်ထားသူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဂျော်ရွှာ ကင်မစ်ချ်ကို ခေါ်ယူဖို့ အတွက်တော့ သူ့ရဲ့ အပြောင်းအရှေ့ စည်းမျဉ်းကို ကိုယ်တိုင်ပဲ ချိုးဖောက်သွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။

ပရီးမီးယားလိဂ် ထိပ်သီး ချဲလ်ဆီး ကတော့ ဖူလ်ဟမ် နောက်ခံလူ တိုဆင် အဒါရာဘိုင်အိုယိုကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီး မကြာခင် ဆေးစစ်မှုတွေ ပြုလုပ်တော့မှာ ဖြစ်ပါတယ်။ ဒီကစားသမားကို နယူးကာဆယ်နဲ့ ယူနိုက်တက် ကလည်း အလိုရှိခဲ့ပေမယ့် အဒါရာဘိုင်အိုယို ကတော့ လန်ဒန် ကလပ်ကိုပဲ ရွေးချယ်သွားခဲ့တာ ဖြစ်ပါတယ်။

လစ်ဗာပူးလ်နဲ့ ချဲလ်ဆီး အသင်း တို့ကတော့ လိဒ်စ်ယူနိုက်တက်နဲ့ စာချုပ်သက်တမ်းတိုးဖို့ ငြင်းဆန်ထားတဲ့ တောင်ပံ ကစားသမား ခရိုင်ဆန်စီယို ဆမ်းမားဗီးလ်ကို ခေါ်ယူဖို့ စိတ်အားထက်သန်နေဆဲလို့ သိရပါတယ်။ ဒါပေမယ့်လည်း အခုချိန်ထိတော့ နှစ်သင်းစလုံးက ကစားသမား အတွက် ကမ်းလှမ်းမှုတွေ မပြုလုပ်ရသေးဘူးလို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက် ကတော့ ဝုဗ် ကြယ်ပွင့် မားသီးယပ်စ် ကွန်ဟာကို လက်ရှိ ရနေတဲ့ လစာထက် ၂ ဆ ပေးပြီး ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အဓိက ကတော့ ရက်စ်မက် ဟွိုက်ဂျ်လန်းကို ဖိအားပေးနိုင်ဖို့ အတွက် ဖြစ်ပြီး ဝုဗ် ဘက်က လက်လွှတ်ခံမလား ဆိုတာ စောင့်ကြည့်ရမှာပါ။

တော့တင်ဟမ်ဟော့စပါး ကတော့ ဟယ်ရီကိန်းရဲ့ နေရာကို ရေရှည်ဆက်ခံမယ့် တိုက်စစ်မှူး တစ်ဦး ရှာဖွေနေပြီး စပို့တင်းလစ္စဘွန်း ကြယ်ပွင့် ဗစ်တာ ဂျိုကီးရက်စ်ကို စိတ်ဝင်စားကြောင်း ပြသလာခဲ့ပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ် ကလပ်ဟာ စတုဂတ် တိုက်စစ်မှူး ဆာဟူး ဂူရက်ရှီ ကိုလည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဒီကစားသမား ကတော့ စတုဂတ်နဲ့ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၁၇.၅ သန်း ရှိနေသူ ဖြစ်ပါတယ်။

ဘေယန်မြူးနစ် ကတော့ နည်းပြသစ် ဗင်းဆင့်န် ကွန်ပနီ လက်ထက်မှာ ကစားသမား ခေါ်ယူမှုတွေ ပြုလုပ်ဖို့ ရှိပြီး ယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်ကို သိသိသာသာ စိတ်ဝင်စားမှုတွေ ပြသနေပြီ ဖြစ်ပါတယ်။

ဘရိုက်တန်နဲ့ ချဲလ်ဆီး နည်းပြဟောင်း ဂရေဟမ် ပေါ်တာ ကတော့ နည်းပြ ပြန်လုပ်ဖို့ အလျင်မလိုသေးဘူးလို့ သိရပါတယ်။ အဓိက ကတော့ သူ့ရဲ့ ရည်ရွယ်ချက်က ဆောက်ဂိတ်ရဲ့ အင်္ဂလန် နည်းပြ ရာထူးကို စောင့်ဆိုင်းနေလို့ ဖြစ်ကြောင်း သိရပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်