နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မန်စီးတီးက ချဲလ်ဆီးကို ပေးတဲ့ လက်ဆောင် (သို့မဟုတ်) အင်္ဂလန်ရဲ့ စိန်ရိုင်း တစ်ပွင့် | ပရီးမီးယားလိဂ်

“ကျွန်တော်တို့ ဘာကြောင့် Cole Palmer ကို COLD PALMER လို့ ခေါ်လဲဆိုတာ သိကြပါပြီ” လို့ မာဒူအီကီက လူတန်ကို အနိုင်ရတဲ့ ပရီးမီးယားလိဂ်ပွဲ အပြီးမှာ ပြောကြားခဲ့ပါတယ်။ ဒီကောင်လေးက ပြီးခဲ့တဲ့ နွေရာသီကမှ မန်ချက်စတာစီးတီး ကနေ ပရီးမီးယားလိဂ် ပြိုင်ဘက် ချဲလ်ဆီးကို ပြောင်းရွှေ့လာခဲ့တာပါ။

သူ့အတွက် ပြောင်းရွှေ့ကြေး ပေါင် (၄၅) သန်း + ပေါင် (၅) သန်း ပေးခဲ့ရပြီး ဒါက မထင်မှတ်တဲ့ အပြောင်းအရွှေ့ တစ်ခု ဖြစ်ခဲ့တာရော၊ ဘာမှ သက်သေမပြရသေးတဲ့ ကစားသမား ဖြစ်ခဲ့တာရောကြောင့် ဒီအပြောင်းအရွှေ့ အပေါ် သံသယ မျက်လုံးတွေနဲ့ စောင့်ကြည့်ခဲ့ကြပါတယ်။ ပရီးမီးယားလိဂ်နဲ့ ပြည်တွင်းဖလား ပွဲတွေပဲ ကစားရမယ့် ချဲလ်ဆီးမှာ ကစားရမှာမို့ ပါးလ်မား အတွက် နည်းနည်းတော့ ခံသာခဲ့ပါတယ်။

ဒါပေမယ့် အခုချိန်မှာတော့ ပါးလ်မားက သူ့ရဲ့ ပြောင်းရွှေ့ကြေးထက် ပိုမိုထိုက်တန်တဲ့ ခြေစွမ်းကို ပြသနေပြီး ချဲလ်ဆီး ပရိသတ်တွေရဲ့ အချစ်တော် ကစားသမား အဖြစ် ရှိနေခဲ့ပါပြီ။ လူတန်နဲ့ ပွဲမှာလည်း အသင်းက ပွဲပြီးခါနီးမှာ ချေပဂိုးတွေ ပေးခဲ့ရသည့်တိုင်၊ သရေပြန်ကျမလို ဖြစ်ခဲ့သည့်တိုင် ပါးလ်မားရဲ့ သွင်းဂိုး နှစ်ဂိုးနဲ့ အတူ လူတန်ကွင်းမှာ အနိုင်ရရှိခဲ့ပါတယ်။

ဒီကောင်လေးက ပြီးခဲ့တဲ့ နွေရာသီကမှ မန်ချက်စတာစီးတီး ကနေ ပရီးမီးယားလိဂ် ပြိုင်ဘက် ချဲလ်ဆီးကို ပြောင်းရွှေ့လာခဲ့တာပါ။
မန်စီးတီး ကနေ ချဲလ်ဆီးကို ပေါင် (၄၅) သန်း + ပေါင် (၅) သန်းနဲ့ ပြောင်းရွှေ့လာတဲ့ ကိုးလ် ပါးလ်မား

(၂၀၂၃) ခုနှစ်အတွင်း ချဲလ်ဆီးမှာ ပါးလ်မားထက် အသင်းရဲ့ သွင်းဂိုးတွေမှာ ပါဝင်ပတ်သက်မှု ပိုမိုများပြားတဲ့ ကစားသမားရယ် လို့လည်း မရှိပါဘူး။ အသင်း အတွက် (၇) ဂိုးသွင်းတယ်၊ ဂိုးဖန်တီးမှု (၃) ကြိမ် လုပ်ခဲ့ပြီး အကောင်းဆုံး ဆိုတဲ့ စွမ်းဆောင်ရည်တွေကို ပြသထားတာပါ။

“ပါးလ်မား ကစားတဲ့ နေရာအရ၊ သူ့ရဲ့ ဘယ်သန်ခြေထောက်ကို ပိုင်ဆိုင်ထားမှု အရ၊ သူ့ဆီမှာ ရှိနေတဲ့ အရည်အသွေးနဲ့ စွမ်းဆောင်ရည်တွေအရ ပါးလ်မားက အိန်ဂျယ်လ် ဒီမာရီယာလိုမျိုး အလားအလာ ရှိတဲ့ ကစားသမားပါ။ ဒီမာရီယာ ကလည်း ကမ္ဘာ့ချန်ပီယံ တစ်ယောက်ပါ။ ပဲရစ်မြို့မှာ သူ ကျွန်တော်နဲ့ အတူလက်တွဲခဲ့ဖူးပြီး အံ့အားသင့်ဖွယ် ကစားသမားပါ”

“ပါးလ်မားရဲ့ လုပ်ဆောင်နိုင်စွမ်းနဲ့ အလားအလာက ဒီမာရီယာနဲ့ နီးစပ်ပါတယ်။ အခုချိန်မှာတော့ အလှမ်းဝေးနေတယ် ဆိုပေမယ့် သူက ချိတ်ဆက်ကစားနိုင်တယ်၊ ကစားကွက်ကို ပုံဖော်နိုင်တယ်၊ ဂိုးသွင်းပြီး ဂိုးဖန်တီးနိုင်တယ်၊ ဒါမျိုးက ဒီမာရီယာလို ပုံစံမျိုးပါ” လို့ ပိုချက်တီနို ကလည်း လူတန်နဲ့ ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။
မန်ချက်စတာမြို့ ကနေ လန်ဒန်မြို့ကို ပြောင်းရွှေ့လာချိန်မှာ အိမ်မှုကိစ္စတွေနဲ့ ပတ်သက်လို့ ကိုယ်တိုင် ဘာမှမလုပ်နိုင်ဘဲ ရုန်းကန်ခဲ့ရတဲ့ ဒီကောင်လေးက အခုတော့ ချဲလ်ဆီးရဲ့ မရှိမဖြစ် ကစားသမား တစ်ယောက် အဖြစ် အရေးပါနေပါပြီ။

ဂွါဒီယိုလာ ကလည်း သူ့ကို အသင်းမှာ ဆက်ထားဖို့၊ မာရက်ဇ် ထွက်သွားချိန်မှာ ပွဲကစားခွင့် ပိုရဖို့ စည်းရုံးခဲ့ပါသေးတယ်။ ဒါပေမယ့် ကစားသမား ကိုယ်တိုင်က အသင်း ပြောင်းချင်ခဲ့ပြီး ချဲလ်ဆီး ကတော့ အဖိုးတန်တဲ့ ကစားသမား တစ်ယောက်ကို တန်ရာ တန်ကြေးနဲ့ ရရှိလိုက်တာလည်း ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်