ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး နည်းပြ အန်ဇို မာရက်စ်ကာက သူ့အသင်းရဲ့ ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်ဇ်နဲ့ ပတ်သတ်ပြီး ချီးကျူးပြောဆိုမှုတွေ ပြုလုပ်လာခဲ့ပါတယ်။ မာရက်စ်ကာက အန်ဇို ဖာနန်ဒက်ဇ်ဟာ ချဲလ်ဆီးရဲ့ အသင်း တည်ဆောက်မှု အတွက် တိုးတက်မှုတွေ ရှိလာတဲ့ ကစားသမား အဖြစ် ချီးကျူး သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။
အန်ဇို ဖာနန်ဒက်ဇ်ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဘင်ဖီကာ ကနေ ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးကို ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ အသက် ၂၃ နှစ် အရွယ် ကမ္ဘာ့ဖလား ချန်ပီယံ အာဂျင်တီးနားသားက သူ့ရဲ့ ပွဲဦးထွက်ရာသီ ချဲလ်ဆီး အတွက် ၂၂ ပွဲ ကစားခဲ့ပြီး ပြီးခဲ့တဲ့ ဘောလုံး ရာသီ မှာတော့ ချဲလ်ဆီး အတွက် ပြိုင်ပွဲစုံ ပွဲပေါင်း ၄၀ ကစားခဲ့ပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ် မှာတော့ အန်ဇိုက ၁၆ ပွဲ ကစားထားပြီး ၃ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၄ ကြိမ် ပြုလုပ်ထားပါတယ်။
အန်ဇို ဖာနန်ဒက်ဇ်ဟာ နည်းပြဟောင်း ပိုချက်တီနို လက်ထက်မှာ အူကျွံဝေဒနာ အတွက် ခွဲစိတ် ကုသမှု ခံယူခဲ့ရပြီး ပွဲထွက် ကစားနိုင်ခြင်း မရှိခဲ့ကာ ရုန်းကန်ခဲ့ရပါသေးတယ်။ ဒါပေမယ့်လည်း ဖာနန်ဒက်ဇ်က အသင်း အတွက် အခွင့်အရေး ဖန်တီးမှု ၂၆ ကြိမ် ပြုလုပ်ထားနိုင်ပြီး သူ့ထက် အခွင့်အရေး ပိုပြီး ဖန်တီးပေးထားတဲ့ ကစားသမားက ကိုးလ် ပါးလ်မား (၄၇ ကြိမ်) သာ ရှိထားသေးတာ ဖြစ်ပါတယ်။
အန်ဇို ဖာနန်ဒက်ဇ်ဟာ ရိစ် ဂျိမ်းစ် မကစားနိုင်ချိန်မှာ ချဲလ်ဆီးရဲ့ အသင်းခေါင်းဆောင် တာဝန်ကို မကြာခဏ ရယူခဲ့ရပြီး နည်းပြ မာရက်စ်ကာ ကလည်း သူ့ရဲ့ ခေါင်းဆောင်နိုင်မှု အရည်အသွေးတွေကို သဘောကျနေတာ ဖြစ်ပါတယ်။ ဒါကြောင့် “အန်ဇိုနဲ့သာ ဆိုရင် ကျွန်တော်တို့ အရမ်းပဲ ပျော်ရွှင်ရပါတယ်။ ကစားသမားတွေ အနေနဲ့ သူတို့ လုပ်နိုင်တာတွေကို အကောင်းဆုံး အာရုံစိုက် လုပ်ကိုင်နိုင်ဖို့ ကျွန်တော်တို့ ကူညီဖို့ ကြိုးစားရတာ ကောင်းပါတယ်။ ကျွန်တော်တို့ သူ့ကို (အဲဗာတန်နဲ့ ပွဲမှာ) ပွဲချိန်ပြည့် ထည့်သွင်း ကစားစေခဲ့ပြီး သူက ကျွန်တော် တို့ကို အများကြီး ကူညီပေးခဲ့ပါတယ်။ သူက ခေါင်းဆောင်မှု အပြည့်နဲ် တိုးတက်လာနေပါတယ်။” လို့ မာရက်စ်ကာ ပြောကြားခဲ့ပါတယ်။
အန်ဇို ဖာနန်ဒက်ဇ် ကလည်း အီတလီ နည်းပြနဲ့ အတူ အလုပ်လုပ်ကိုင်ရတာ သဘောကျပြီး ကြီးကျယ် ခမ်းနားတဲ့ အရာတွေ ရယူနိုင်မယ်လို့ ယုံကြည်နေပါတယ်။ ဖာနန်ဒက်ဇ်က “ကျွန်တော် ကစားရမယ့် ပုံစံကို ကျွန်တော် သင်ယူခဲ့ပါတယ်။ အချိန်ကြာလာတာနဲ့ အမျှ နည်းပြ ဘာလိုချင်လဲ ဆိုတာကို ကျွန်တော် နားလည်လာပါတယ်။ မာရက်စ်ကာက သူလိုချင်တာကို ရှင်းပြခဲ့ပြီး ပွဲစဉ်တွေရဲ့ အခြေအနေကို ကြည့်ရင်း ပိုပြီး နားလည်လာပါတယ်။ တစ်ဦးတစ်ယောက်ချင်း အခြေအနေအရ ဆိုရင် ကျွန်တော် ခံစားချက်တွေ အရမ်းကောင်းနေပါတယ်။” လို့ ပြောဆိုခဲ့ပါတယ်။
ချဲလ်ဆီး ကတော့ ပရီးမီးယားလိဂ် ဘောက်ဆင်းဒေးမှာ လန်ဒန် မြို့ခံ ပြိုင်ဘက် ဖူလ်ဟမ် ကို အိမ်ကွင်း စတန်းဖို့ဒ် ဘရစ်ချ်မှာ ဧည့်ခံ ကစား ရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.