လစ်ဗာပူးလ် တောင်ပံ တိုက်စစ် ကစားသမား မိုဟာမက် ဆာလာ ကတော့ သူ့အနေနဲ့ ဘယ်လွန်ဒေါဆုထက် ပရီးမီးယားလိဂ် ချန်ပီယံဆု ကိုသာ ပိုမို ရယူလိုကြောင်း ဖွင့်ဟ ပြောဆိုလာခဲ့ပါတယ်။
အသက် ၃၂ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ မိုဟာမက် ဆာလာ ကတော့ ကစားသမား ဘဝ အကောင်းဆုံး အချိန်တွေကို တဖြည်းဖြည်း ကျော်လွန်နေပြီ ဖြစ်ပေမယ့် ခြေစွမ်းကောင်းတွေ ပြသနေဆဲ ဖြစ်ပါတယ်။ ဆာလာဟာ ဒီရာသီမှာ လစ်ဗာပူးလ် အတွက် အကောင်းဆုံး ခြေစွမ်းတွေ ပြသနေပြီးတော့ ပရီးမီးယားလိဂ်မှာ ၁၇ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၁၃ ကြိမ် ပြုလုပ်ထားခဲ့ပါတယ်။ ဒါ့အပြင် ဆာလာဟာ ပြိုင်ပွဲစုံ မှာတော့ ဂိုး ၂၀ သွင်းကာ ဖန်တီးမှု ၁၇ ကြိမ် အထိ ပြုလုပ်ထားတာ ဖြစ်ပါတယ်။
ဒါကြောင့် လက်ရှိ အကောင်းဆုံး ပုံစံကို ဆက်ထိန်းထားနိုင်ရင်တော့ ဆာလာ အနေနဲ့ ဘောလုံးလောကရဲ့ တစ်ဦးချင်း အမြင့်ဆုံး အောင်မြင်မှု အဖြစ် သတ်မှတ်ရမယ့် ဘယ်လွန်ဒေါဆုကို သိမ်းပိုက်သွားနိုင်မှာ ဖြစ်ကြောင်း ခန့်မှန်းသုံးသပ်နေကြပါတယ်။ အီဂျစ် လက်ရွေးစင် အသင်းခေါင်းဆောင် မိုဟာမက် ဆာလာက ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမားဆု၊ PFA ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု၊ FWA ရဲ့ အကောင်းဆုံး ကစားသမားဆုတွေကို ရရှိထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)ရဲ့ အကောင်းဆုံး ကစားသမားဆု (The Best) နဲ့ ပြင်သစ် ဘောလုံး မဂ္ဂဇင်း ကနေ ချီးမြှင့်တဲ့ ဘယ်လွန်ဒေါဆု ကိုတော့ ရယူနိုင်ခြင်း မရှိသေးပါဘူး။
ဒီရာသီ မှာတော့ ဆာလာရဲ့ လက်ရှိ ခြေစွမ်းအရ ဘယ်လွန်ဒေါဆုကို မျှော်မှန်းနိုင်စွမ်း ရှိနေပြီ ဖြစ်ကြောင်း လစ်ဗာပူးလ်တို့ ပရီးမီးယားလိဂ် ချန်ပီယံဆု ရယူနိုင်ခဲ့ရင်တော့ သူ့အနေနဲ့ ဘယ်လွန်ဒေါဆု သေချာပေါက် ရရှိလိမ့်မယ်လို့ ထင်ကြေး ပေးမှုတွေလည်း ထွက်ပေါ်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မိုဟာမက် ဆာလာက Sky Sports နဲ့ အင်တာဗျူး မှာတော့ “ကျွန်တော် ဘယ်လွန်ဒေါဆု အကြောင်း တွေးမနေပါဘူး။ ကျွန်တော် ပရီးမီးယားလိဂ် ချန်ပီယံဆုပဲ ရယူချင်ပါတယ်။ အသင်း အတွက် ဆုဖလား တစ်ခု ရဖို့ ကျွန်တော် အကောင်းဆုံး ကြိုးစားသွားမှာပါ။ ကျွန်တော် တို့ကို အမီလိုက်ဖို့ ကြိုးစားနေတဲ့ အသင်းတွေလည်း အများကြီး ရှိနေပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။
ဆာလာက ဒီရာသီ အကုန်မှာ လစ်ဗာပူးလ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပြီး လက်ရှိအထိလည်း စာချုပ်သစ် အတွက် ဆွေးနွေးမှုတောင် မပြုလုပ်ရသေးပါဘူး။ လစ်ဗာပူးလ်ဟာ ဒီရာသီ အကုန်မှာ စာချုပ် သက်တမ်းကုန်ဆုံးမယ့် ဆာလာ၊ ဗန်ဒိုက်ခ်နဲ့ အာနိုးလ် တို့ကို စာချုပ်သစ် ချုပ်ဆိုထားနိုင်ခြင်းတော့ မရှိသေးပါဘူး။ လစ်ဗာပူးလ် ကတော့ ဂန္ထဝင် နည်းပြ ယာဂန် ကလော့ပ် ထွက်ခွာသွားပြီးတဲ့နောက် ပထမဦးဆုံး ရာသီမှာ ထိပ်တန်း ကစားသမားတွေ ခေါ်ယူခဲ့ခြင်း မရှိခဲ့ပါဘူး။ ဒါပေမယ့်လည်း ကစားသမားဟောင်းတွေ နဲ့ပဲ ဒီရာသီမှာ ရလဒ်ကောင်းတွေ ရရှိနေတာ ဖြစ်ပါတယ်။ လစ်ဗာပူးလ်ဟာ နည်းပြသစ် အာနေး ဆလော့တ် စတင် ကိုင်တွယ်တဲ့ လက်ရှိ ရာသီမှာ ပြိုင်ပွဲစုံမှာ ရှုံးပွဲ ၁ ပွဲသာ ရှိထားပြီး ၂၂ ပွဲ အနိုင်ရထားပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.