ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်း လူးဝစ် နာနီ ကတော့ ပရော်ဖက်ရှင်နယ် ဘောလုံးသမား ဘဝ ကနေ အပြီးတိုင် အနားယူသွားခဲ့ပြီ ဖြစ်ပါတယ်။ နာနီက ပရီးမီးယားလိဂ် ထိပ်သီး ကလပ်မှာ နှစ်ကာလ အတန်ကြာ ပါဝင် ကစားခဲ့ဖူးပြီးတော့ ပေါ်တူဂီ လက်ရွေးစင် အသင်း အတွက်လည်း ပွဲပေါင်းများစွာ ကစားခဲ့ဖူးသူ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း လက်ရှိမှာတော့ နာနီက အသက် ၃၈ နှစ် အရွယ် အရောက် မှာပဲ ကစားသမားဘဝ ကနေ တရားဝင် အနားယူသွားခဲ့တာ ဖြစ်ပါတယ်။ နာနီက ပေါ်တူဂီ ကလပ် အမာဒိုရာ အသင်းမှာ အမှတ်ပေး ပွဲစဉ်တွေ ကစားနေရင်း ဘောလုံးရာသီဝက်မှာ ပရော်ဖက်ရှင် ဘောလုံးသမား ဘဝ ကနေ ရုတ်ချည်း အနားယူလိုက်ပြီ ဖြစ်ကြောင်း တရားဝင် အသိပေး ကြေညာခဲ့တာ ဖြစ်ပါတယ်။ နာနီ တစ်ယောက် ဘောလုံး မကစားတော့ပေမယ့်လည်း သူ့ရဲ့ နာနီ ဘောလုံး အကယ်ဒမီ မှာတော့ လူငယ် မျိုးဆက်သစ်တွေကို ဘောလုံးပညာ ပြန်လည် သင်ကြား ပို့ချပေးနေသလို ပေါ်တူဂီကလပ် ဆင်ထရန်ဆေး SAD မှာလည်း အစုရှယ်ယာ အနည်းစု ကိုလည်း ပိုင်ဆိုင်ထားတယ်လို့ သိရပါတယ်။
ပေါ်တူဂီ ဘယ်တောင်ပံကစားသမား လူးဝစ် နာနီ ကတော့ ကစားသမားကောင်းတွေကို နှစ်စဉ် မွေးထုတ်ပေးနေကြ ဖြစ်တဲ့ စပိုတင်းလစ္စဘွန်း လူငယ် အကယ်ဒမီ ကနေ ပေါ်ထွက်လာခဲ့သူ ဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်မှာတော့ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်ကို ပြောင်းရွှေ့ ကစားခဲ့ပြီး ပရိသတ် သဘောကျတဲ့ ကစားသမားလည်း ဖြစ်ခဲ့ပါတယ်။ နာနီက ယူနိုက်တက်မှာ ကစားသမား ဘဝကို အကောင်းဆုံး ဖြတ်သန်းနိုင်ခဲ့သလို နည်းပြကြီး ဆာ အဲလက်စ် ဖာဂူဆန် လက်ထက် မှာလည်း အသင်း အတွက် အရေးပါတဲ့ သွင်းဂိုးတွေနဲ့ ဂိုးဖန်တီးမှု များစွာ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ယူနိုက်တက်နဲ့ အတူ ဆုဖလား အမြောက်အများ ကိုပါ ဆွတ်ခူးနိုင်ခဲ့တဲ့ နာနီက ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်၊ လိဂ်ဖလား၊ ဖီဖာ ကလပ် ကမ္ဘာ့ဖလားနဲ့ ကွန်မြူနတီဒိုင်း တို့ကို ကိုင်မြှောက်ခဲ့ဖူးသူ ဖြစ်ပါတယ်။
၂၀၁၄ ခုနှစ် မှာတော့ နာနီက စပိုတင်းလစ္စဘွန်းကို အငှားနဲ့ ပြန်လည် ပြောင်းရွှေ့ ကစားခဲ့ပြီး နောက်ပိုင်း မှာတော့ ဖီနာဘာချီ၊ ဗလင်စီယာ၊ လာဇီယိုနဲ့ စပိုတင်းလစ္စဘွန်း တို့ဆီ ထပ်မံ ပြောင်းရွှေ့ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် မှာတော့ မေဂျာလိဂ် ကလပ် အော်လန်ဒိုစီးတီးကို ပြောင်းရွှေ့ခဲ့ပြီး ၂ဝ၂၂ ခုနှစ် မှာတာ့ စီးရီးအေ ကလပ် ဗင်နီဇီယာကို ပြောင်းရွှေ့ခဲ့ပါတယ်။ ဗင်နီဇီယာ ကနေမှ ဩစတြေးလျ ကလပ် မဲလ်ဘုန်းစီးတီးကို ထပ်မံ ပြောင်းရွှေ့ခဲ့တဲ့ နာနီက တစ်နှစ် အကြာမှာပဲ တူရကီ ကလပ် အဒါနာ ဒီမီယာစပေါကို ပြောင်းရွှေ့ခဲ့ပါတယ်။ နောက်ဆုံး မှာတော့ နာနီက မွေးရပ်မြေက တည်ထောင်ခါစ ကလပ် တစ်ခု ဖြစ်တဲ့ အမာဒိုရာကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။
အခုနောက်ဆုံး မှာတော့ နာနီက ဘောလုံးကစားသမား ဘဝ ကနေ အပြီးတိုင် အနားယူဖို့ ဆုံးဖြတ်ခဲ့ပြီးတော့ နည်းပြ လောကထဲ ဝင်ရောက်မလား ဒါမှမဟုတ် ဘောလုံးနဲ့ ပတ်သတ်တဲ့ အလုပ်တစ်ခုခု ကိုပဲ လုပ်ကိုင်သွားမလား ဆိုတာတော့ မကြာခင်မှာ သိရမှာပဲ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.