နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
promotion@sbotop.com သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဂျိုတာကို စိတ်ဝင်စားနေတဲ့ နယူးကာဆယ်နဲ့ ဝုဗ်၊ ဂရီးလစ်ရှ် အတွက် ကမ်းလှမ်းချက်တွေကို နားထောင်တော့မယ့် မန်စီးတီး | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် အပါအဝင် ဥရောပ ထိပ်တန်းလိဂ်တွေရဲ့ အပြောင်းအရွှေ့နဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ချဲလ်ဆီး ကတော့ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက် မတိုင်ခင် အစ်ပ်ဆွစ်ချ် တိုက်စစ်မှူး လီယမ် ဒီလပ်ကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူတို့ရဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက် လစ်ဗာပူးလ် ကလည်း ဒီတိုက်စစ်မှူးကို ခေါ်ယူချင်နေတာကြောင့် အပြိုင်အဆိုင် ကြိုးပမ်းရဖွယ်လည်း ရှိနေပါတယ်။

ရာသီကုန်မှာ လစ်ဗာပူးလ် ကနေ ထွက်ခွာဖွယ်ရှိနေတဲ့ လစ်ဗာပူးလ် တိုက်စစ်မှူး ဒီယိုဂို ဂျိုတာ ကိုတော့ နယူးကာဆယ်နဲ့ ဝုဗ် တို့က စိတ်ဝင်စားနေပါတယ်။ သတင်းတွေ အရ ဆိုရင်တော့ ပေါ်တူဂီ လက်ရွေးစင် ကစားသမားဟာ ချန်ပီယံလိဂ် ပုံမှန် ကစားခွင့်ရတဲ့ အသင်း တစ်သင်း ကိုသာ ပြောင်းရွှေ့လိုနေတယ်လို့ သိရပါတယ်။ 

မီလန်မြို့ခံ ပြိုင်ဘက် နှစ်သင်း ဖြစ်တဲ့ အေစီမီလန်နဲ့ အင်တာမီလန် တို့ဟာ ရီးရဲလ်မက်ဒရစ် ကွင်းလယ် ကြယ်ပွင့် အာဒါ ဂူလာကို ခေါ်ယူဖို့ အပြိုင်အဆိုင် စိတ်ဝင်စားနေကြောင်း စပိန် သတင်းစာ SPORT က ဖော်ပြလာခဲ့ပါတယ်။ ဒီ တူရကီ လက်ရွေးစင်ကို ဘွန်ဒက်စ်လီဂါ ကလပ် လိုက်ပ်ဇစ်က ခေါ်ယူဖို့ အသည်းအသန် ကြိုးပမ်းလျက်ရှိပါတယ်။

ဘေယန်မြူးနစ် ကတော့ ရီးရဲလ်မက်ဒရစ်က အလိုရှိနေတဲ့ ယူနိုက်တက် နောက်ခံလူ ဒီယိုဂို ဒါးလော့တ်ကို ခေါ်ယူဖို့ စိတ်ဝင်စားကြောင်း TEAMtalk က ဖော်ပြလာပါတယ်။ ဒါးလော့တ် ကတော့ ယူနိုက်တက်ရဲ့ တောင်ပံ အတွက် မရှိမဖြစ် ကစားသမား ဖြစ်တာကြောင့် အလွယ်တကူ လက်လွှတ်နိုင်ဖွယ်တော့ မရှိပါဘူး။

ပရီးမီးယားလိဂ် ကလပ်က အီဂျစ် တောင်ပံကစားသမား အိုမာ မာမွတ်ရှ်ကို ပြီးခဲ့တဲ့ ဇန်န၀ါရီလက ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တာကြောင့် အင်္ဂလန်သားရဲ့ အနာဂတ်က ဝေဝါးလာခဲ့တာ ဖြစ်ပါတယ်။
ဂရီးလစ်ရှ် အတွက် ကမ်းလှမ်းမှုတွေကို နားထောင်သွားမယ့် မန်စီးတီး

ဘာစီလိုနာ နည်းပြဟောင်း ဇာဗီ ဟာနန်ဒက်ဇ် ကတော့ ဂျူဗင်တပ်စ် နည်းပြသစ် ဖြစ်လာဖွယ် ရှိနေတယ်လို့ အီတလီ မီဒီယာတွေက ဖော်ပြနေပါတယ်။ တူရင် ကလပ်ဟာ သီယာဂို မော့တာကို ထုတ်ပယ်နိုင်ချေ ရှိနေပြီး ထိပ်တန်း နည်းပြတွေကို ပစ်မှတ်ထားနေတာလည်း ဖြစ်ပါတယ်။

တော့တင်ဟမ်ဟော့စပါး ကတော့ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့် လိုင်လီ ကွင်းလယ်လူ အိန်ဂျယ် ဂိုးမက်စ် အတွက် ဆွေးနွေးမှုတွေ စတင်နေပြီလို့ သိရပါတယ်။ ဒီကစားသမား ကိုတော့ ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာယူနိုက်တက်နဲ့ ဝက်စ်ဟမ်း တို့က ခေါ်ယူဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ 

ပီအက်စ်ဂျီ ကနေ အငှားနဲ့ လာရောက် ကစားနေတဲ့ တိုက်စစ်မှူး မာကို အဆန်စီယို ကိုတော့ အက်စတွန်ဗီလာက ပေါင် ၁၂ သန်းနဲ့ အပြီးသတ် ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။ အဆန်စီယိုဟာ အက်စတွန်ဗီလာမှာ ပြိုင်ပွဲစုံ ၇ ပွဲ ကစားရာမှာ ၅ ဂိုး သွင်းယူထားတာကြောင့် ဗီလာ ဘက်က နွေရာသီ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ အရှိန်အဟုန်မြှင့် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ 

မန်ချက်စတာစီးတီး ကတော့ ဂျက် ဂရီးလစ်ရှ် အတွက် ကမ်းလှမ်းမှုတွေကို အခု နွေရာသီမှာ နားထောင်ဖို့ အဆင်သင့် ဖြစ်နေပြီလို့ သိရပါတယ်။ ပရီးမီးယားလိဂ် ကလပ်က အီဂျစ် တောင်ပံကစားသမား အိုမာ မာမွတ်ရှ်ကို ပြီးခဲ့တဲ့ ဇန်န၀ါရီလက ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တာကြောင့် အင်္ဂလန်သားရဲ့ အနာဂတ်က ဝေဝါးလာခဲ့တာ ဖြစ်ပါတယ်။

ချဲလ်ဆီး၊ လစ်ဗာပူးလ်၊ မန်ချက်စတာယူနိုက်တက်၊ ဘေယန်မြူးနစ်နဲ့ ပီအက်စ်ဂျီ တို့ရဲ့ စိတ်ဝင်စားမှုတွေကို ပယ်ချခဲ့တဲ့ ဂျပန် တောင်ပံ ကစားသမား ကာအိုရူ မီတိုမာ ကတော့ ဘရိုက်တန်နဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ နီးစပ်နေပြီလို့ သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်