နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အိဆက်ခ် အတွက် ပြောင်းရွှေ့ကြေး ၁၅၀ အထိ သတ်မှတ်လိုက်တဲ့ နယူးကာဆယ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် နယူးကာဆယ် ကတော့ ထိပ်သီး အသင်းများစွာ ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ တိုက်စစ်မှူး အလက်ဇန္တား အိဆက်ခ် အတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၁၅၀ သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။

အသက် ၂၅ နှစ် အရွယ်ရှိ ဆွီဒင် တိုက်စစ်မှူး အလက်ဇန္တား အိဆက်ခ်က နယူးကာဆယ်မှာ ဆက်တိုက်က ခြေစွမ်းပြနေတာကြောင့် ဥရောပ ထိပ်သီး ကလပ် များစွာက သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ အိဆက်ခ်ကို ပရီးမီးယားလိဂ် ထိပ်သီး ကလပ်တွေ ဖြစ်တဲ့ အာဆင်နယ်၊ ချဲလ်ဆီးနဲ့ လစ်ဗာပူးလ် တို့က အဓိက စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် လာလီဂါ ထိပ်သီး ကလပ်တွေ ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာ အပြင် ပြင်သစ် ထိပ်သီး ပီအက်စ်ဂျီ တို့က ချိန်ရွယ်နေပါသေးတယ်။

နယူးကာဆယ်ဟာ အိဆက်ခ်ကို ၂၀၂၂ ခုနှစ် နွေရာသီမှာ ရီးရဲလ် ဆိုစီဒက် ကနေ ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၆၃ သန်း ဝန်းကျင်နဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီးတော့ ၂၀၂၈ ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေပါသေးတယ်။ အိဆက်ခ်ဟာ ပထမဦးဆုံး ရာသီမှာ တံကောက်ကြော ဒဏ်ရာရရှိခဲ့တဲ့ အတွက် ၂၇ ပွဲသာ ကစားနိုင်ခဲ့ပြီး ၁၀ ဂိုးသာ သွင်းယူနိုင်ခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့ ရာသီ မှာတော့ ပွဲ ၄၀ ကစားကာ ၂၅ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ပရီးမီးယားလိဂ် ထိပ်သီး လစ်ဗာပူးလ် ကလည်း မိုဟာမက် ဆာလာကို စာချုပ်သက်တမ်းတိုးဖို့ အဆင်မပြေရင်တော့ အိဆက်ခ်ကို အစားထိုး ခေါ်ယူသွားရန် ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။
နယူးကာဆယ် အတွက် ခြေစွမ်းပြ ကစားနေတဲ့ အိဆက်ခ်

အိဆက်ခ်ဟာ ဒီရာသီ မှာလည်း ခြေစွမ်းကောင်းတွေ ဆက်လက် ပြသနေပြီးတော့ ပွဲစဉ် ၁၉ မတိုင်ခင် ပြိုင်ပွဲစုံ ၁၉ ပွဲမှာ ၁၂ ဂိုး အထိ သွင်းယူထားနိုင်ပါတယ်။ ဒါကြောင့် ပရီးမီးယားလိဂ် ထိပ်သီး ကလပ်တွေက အိဆက်ခ်ရဲ့ ခြေစွမ်းကို သဘောကျနေတာလည်း ဖြစ်ပါတယ်။ တစ်ဖက်မှာ နယူးကာဆယ် ကတော့ အိဆက်ခ်ကို ရောင်းထုတ်လိုခြင်း မရှိတာကြောင့် ပြောင်းရွှေ့ကြေး တန်ဖိုးကို ပေါင် သန်း ၁၅၀ အထိ သတ်မှတ်လိုက်တာလည်း ဖြစ်ပါတယ်။

အိဆက်ခ်ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်လို့ နယူးကာဆယ် နည်းပြ အက်ဒီ ဟောင်းဝ် ကလည်း “နယူးကာဆယ်မှာ ရှိနေတဲ့ ဘယ်သူကမှ အဲလက်စ် (အိဆက်ခ်) ထွက်ခွာသွားမှာကို မလိုလားကြပါဘူး။ အသင်း အတွက် ဆုဖလား အောင်ပွဲ ရယူပေးဖို့ သူ့ကို အသင်းမှာ ဆက်ရှိစေချင်ကြပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

အိဆက်ခ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ တိုက်စစ်မှူး လိုအပ်ချက် ရှိနေတဲ့ အာဆင်နယ်က အဓိက ကြိုးပမ်းသွားဖွယ် ရှိနေကြောင်း သုံးသပ်မှုတွေလည်း ရှိနေပါတယ်။ အာဆင်နယ်ဟာ အိဆက်ခ်ကို ရီးရဲလ်ဆိုစီဒက်မှာ ကစားခဲ့စဉ် ကတည်းက ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ဖူးပြီးတော့ လက်ရှိ ဇန်နဝါရီ အပြောင်းအရွှေ့ မှာလည်း ခေါ်ယူချင်နေဆဲ ဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ် ထိပ်သီး လစ်ဗာပူးလ် ကလည်း မိုဟာမက် ဆာလာကို စာချုပ်သက်တမ်းတိုးဖို့ အဆင်မပြေရင်တော့ အိဆက်ခ်ကို အစားထိုး ခေါ်ယူသွားရန် ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ချဲလ်ဆီး ကလည်း ၂၀၂၅ ခုနှစ် အတွင်း ထိပ်တန်း တိုက်စစ်မှူးတွေ ခေါ်ယူ အားဖြည့်ဖို့ စီစဉ်နေပြီးတော့ လျာထား စာရင်းမှာလည်း အိဆက်ခ် ပါဝင်နေတာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်