နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အာဆင်နယ်ရဲ့ ကမ်းလှမ်းမှုကို စောင့်နေတဲ့ အိုဆင်မ်ဟန် | ပရီးမီးယားလိဂ်

နာပိုလီ တိုက်စစ်မှူး ဗစ်တာ အိုဆင်မ်ဟန် ကတော့ ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် အသင်းရဲ့ ကမ်းလှမ်းချက်ကို စောင့်မျှော်နေတယ် ဆိုပြီး သတင်းတွေ ထပ်မံ ထွက်ပေါ်လာပါတယ်။ နိုင်ဂျီးရီးယား တိုက်စစ်မှူးဟာ အစောပိုင်းမှာ ပရီးမီးယားလိဂ် ကလပ်ပဲ ဖြစ်တဲ့ ချဲလ်ဆီးနဲ့ ဆွေးနွေးမှုတွေ ရှိထားတာ ဖြစ်ပေမယ့် သူကိုယ်တိုင် ကတော့ အာဆင်နယ်ကို ပြောင်းရွှေ့ချင်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် ချဲလ်ဆီးနဲ့ ဆွေးနွေးမှုတွေကို ပယ်ချပြီး အာဆင်နယ်ရဲ့ ကမ်းလှမ်းလာမယ့် အချိန်ကို စောင့်ဆိုင်းနေတာ ဖြစ်ကြောင်း အီတလီ နာမည်ကျော် သတင်းထောက် ဒီမာဇီယိုက ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် အသင်း ကတော့ လာမယ့်ရာသီ အတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေပြီး အရည်အသွေးမြင့် ကစားသမားတွေလည်း‌ ခေါ်ယူဖို့ စတင်ကြိုးပမ်းနေတာ တွေ့ရပါတယ်။ သူတို့ အသင်း အတွက် အဓိက လိုအပ်နေတဲ့ အထောင်တိုက်စစ်မှူး နေရာ အတွက် ကစားသမား တော်တော်များများနဲ့ ချိတ်ဆက်ထားပြီး ဒီထဲမှာ ဗစ်တာ အိုဆင်မ်ဟန်၊ ဘင်ဂျာမင် ဆက်စ်ကို၊ အလက်ဇန္တား အိဆက်ခ်၊ ဇီးယက်ခ်ဇီး စတဲ့ ကစားသမားတွေလည်း ပါဝင်နေတာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ်ဟာ လိုက်ပ်ဇစ် တိုက်စစ်မှူး ဘင်ဂျာမင် ဆက်ဆစ်ကိုနဲ့လည်း ပုဂ္ဂိုလ်ရေး အရ သဘောတူညီမှု ရရှိထားခဲ့ပြီ ဖြစ်တာကြောင့် ဘယ်သူ့ကို ခေါ်မလဲ ဆိုတာ အက်ဒူးတို့ အုပ်စု ဆုံးဖြတ်ရတော့ မှာပါ။ အာဆင်နယ်ဟာ ဆက်စ်ကို ကိုတော့ သူ့ရဲ့ စာချုပ် ဖျက်သိမ်းကြေး ပေါင် ၅၅ သန်းနဲ့ ကမ်းလှမ်းသွားဖို့ အဆင်သင့် ဖြစ်နေတယ်လို့ သိရပြီး အိုဆင်မ်ဟန် အတွက်တော့ ငြိမ်သက်နေဆဲ ဖြစ်ပါတယ်။ နာပိုလီ တိုက်စစ်မှူး အိုဆင်မ်ဟန် အနေနဲ့ ချဲလ်ဆီးထက် အာဆင်နယ်ကိုသာ ပြောင်းရွှေ့လိုနေတယ်လို့ သိရပြီးနောက် အခုလို လိုလိုလားလား စောင့်ဆိုင်းနေတဲ့ သတင်းတွေကြောင့် အာဆင်နယ် ပရိသတ်တွေ ကတော့ ကျေနပ်နေပါတယ်။

အာဆင်နယ်ဟာ ပြီးခဲ့တဲ့ ရာသီက အထောင်တိုက်စစ်မှူး စစ်စစ် မရှိပေမယ့် နေရာစုံက ကစားသမားတွေရဲ့ သွင်းဂိုးတွေနဲ့ အတူ ပရီးမီးယားလိဂ် မှာ ၃၈ ပွဲ ကစားပြီး ၉၁ ဂိုး အထိ ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း အာတေးတား ကတော့ ရာသီသစ် အတွက် တိုက်စစ်ပိုင်းကို အဓိက အင်အားဖြည့်တင်းလိုနေပြီး ဒါပြီးရင်တော့ ကွင်းလယ်လူ တစ်ဦး ထပ်မံ ခေါ်ယူသွားဖို့ ရှိနေတာ ဖြစ်ပါတယ်။

အသက် ၂၅နှစ် အရွယ် နိုင်ဂျီရီးယား လက်ရွေးစင် တိုက်စစ် မှူး ဗစ်တာ အိုဆင်မ်ဟန်က လက်ရှိ စီးရီးအေရဲ့ အကောင်းဆုံး တိုက်စစ်မှူး ၅ ဦး ထဲမှာ ပါဝင်သလို ကမ္ဘာ့အဆင့် တိုက်စစ်မှူး တစ်ဦး ဖြစ်ကြောင်း အကြိမ်ကြိမ် သက်သေပြထားပြီး ဖြစ်ပါတယ်။ သူ့အနေနဲ့ နာပိုလီ အတွက် ပြိုင်ပွဲစုံမှာ ၁၃၃ ပွဲ ပါဝင် ကစားပေးထားရာမှာ ၇၆ ဂိုး သွင်းယူထား ပေးထားသလို ဂိုးဖန်တီးမှု ကလည်း ၁၈ ကြိမ် အထိ ရှိထားတာ ဖြစ်ပါတယ်။ နာပိုလီတို့ ဝေးကွာနေတဲ့ စီးရီးအေ ချန်ပီယံဆု ပြန်လည် ရရှိရာမှာလည်း အဓိက နေရာကနေ ပါဝင်ထားသူပါ။

အိုဆင်မ်ဟန်ဟာ ကြံ့ခိုင်မှု အသားပေးပြီး အတိုးအလှုပ် ရုန်းအား ကောင်းကောင်းနဲ့ ကစားတတ်သူ ဖြစ်တာကြောင့် အများစု ကတော့ ပရီးမီးယားလိဂ် နဲ့ အလျင်အမြန် အံဝင်နိုင်တဲ့ ကစားသမား အဖြစ် သုံးသပ်ထားကြပါတယ်။ ဂိုးသွင်းအား ကောင်းပြီး ကြံခိုင်မှုလည်း ကောင်းတဲ့ ဒီကစားသမား ကိုတော့ အာဆင်နယ်တို့ ရလိုက်ရင်တော့ အများကြီး အကျိုးရှိသွားနိုင်ပါတယ်။

ဆက်စ်ကိုနဲ့ အိုဆင်မ်ဟန် မှာ ဆိုရင် အိုဆင်မ်ဟန်က အတွေ့အကြုံ ပိုများသလို ပိုပြီး ပါးနပ်တဲ့ တိုက်စစ်မှူး ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ဆက်စ်ကို အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၅၀ ဝန်းကျင် အသုံးပြုရနိုင်ပေမယ့်

နာပိုလီက အိုဆင်မ်ဟမ် အတွက်တော့ ပေါင်သန်း ၁၀၀ ဝန်းကျင် ပေးချေရဖွယ် ရှိပါတယ်။ နာပိုလီ ကလည်း သူတို့ရဲ့ တိုက်စစ်မှူး အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၈၀ ကျော် ရမှသာ ရောင်းထုတ်သွားဖွယ် ရှိနေတာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်