နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဆန်ချိုနဲ့ တန်ဟက်ဂ်ကို ရန်တိုက်ပေးလိုက်ပြန်တဲ့ အိုဝင် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် တောင်ပံ ကစားသမား ဂျေဒန် ဆန်ချို ကတော့ ပြီးခဲ့တဲ့ ရာသီက နည်းပြ အဲရစ်ခ် တန်ဟက်ဂ်နဲ့ လူသိရှင်ကြား အချင်းများခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် အသင်းဟောင်း ဒေါ့မန်ဆီ အငှားနဲ့ ထွက်ကစားခဲ့ရပြီး လက်ရှိမှာတော့ ဆန်ချိုက တန်ဟက်ဂ်နဲ့ ပြန်လည် ပြေလည်သွားခဲ့ပြီ ဖြစ်သလို ရာသီကြို ခြေစမ်းပွဲတွေမှာလည်း ပါဝင်ကစားနေခဲ့တာ တွေ့ရပါတယ်။

ဒါပေမယ့်လည်း ပရီးမီးယားလိဂ် ကလပ် ဘက်က ဆန်ချိုကို ရောင်းထုတ်ဖို့ စဉ်းစားနေဆဲ ဖြစ်ပြီး ကစားသမား ကိုယ်တိုင် ကလည်း အသင်း ကနေ ထွက်ခွာဖို့ ဆန္ဒရှိနေပါတယ်။ ဒီလို အချိန်မှာ ယူနိုက်တက် ကစားသမားဟောင်းနဲ့ လက်ရှိ ဘောလုံး သုံးသပ်သူ မိုက်ကယ် အိုဝင်က ဂျေဒန် ဆန်ချို အနေဲ့ အသင်း နည်းပြ အဲရစ်ခ် တန်ဟက်ဂ်ကို ရာထူး ကနေ ထုတ်ပယ်ခံရတာမျိုးတောင် ဖြစ်စေချင်လိမ့်မယ်လို့ ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။

ဒီရာသီအစ မှာတော့ သူတို့ နှစ်ဦးအကြား ပြန်လည် ပြေလည်ခဲ့တာကြောင့် ဆန်ချို အနေနဲ့ ပရီးမီးယားလိဂ် ကလပ် အတွက် ခြေစမ်းပွဲတွေမှာ ပါဝင်ကစားခဲ့ရပါတယ်။
ပီအက်စ်ဂျီရဲ့ စိတ်ဝင်စားခြင်း ခံနေရတဲ့ ဆန်ချို

ဆန်ချိုနဲ့ တန်ဟက်ဂ်တို့ နှစ်ဦးဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အဆင်မပြေမှုတွေ အဖုအထစ်တွေ ရှိခဲ့ပြီး ဆန်ချိုက လက်ကျန် ရာသီဝက် မှာတော့ သူ့အသင်းဟောင်း ဒေါ့မန်ဆီ အငှားနဲ့ ပြန်လည် ပြောင်းရွှေ့ခဲ့ပါတယ်။ ဒီရာသီအစ မှာတော့ သူတို့ နှစ်ဦးအကြား ပြန်လည် ပြေလည်ခဲ့တာကြောင့် ဆန်ချို အနေနဲ့ ပရီးမီးယားလိဂ် ကလပ် အတွက် ခြေစမ်းပွဲတွေမှာ ပါဝင်ကစားခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်း ကလည်း တန်ဟက်ဂ်က သူနဲ့ ဆန်ချို တို့ အကြား အရာအားလုံး ပြည်ဖုံးကားချလိုက်ပြီ ဖြစ်ပြီး အကောင်းဆုံး ရှေ့ဆက် သွားတော့မှာ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့သလို ရိန်းဂျားစ်နဲ့ ပွဲမှာလည်း ဆန်ချိုကို ထည့်သွင်းခဲ့ပါသေးတယ်။ ဒီလို အခြေအနေ တွေအရ တန်ဟက်ဂ်နဲ့ ဆန်ချို တို့ အကြားမှာ တကယ် ပြေလည်မှု ရရှိသွားပြီလို ထင်ရပေမယ့် အိုဝင် ကတော့ ဆန်ချိုဟာ တန်ဟက်ဂ်ကို အသင်း နည်းပြ ရာထူးကနေ ထုတ်ပယ်ခံရစေချင်ခဲ့လောက်မယ်လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“ဂျေဒန် ဆန်ချိုဟာ နည်းလမ်းများစွာနဲ့ တကယ့်ကို အန္တရာယ်များတဲ့ အပြောင်းအရွှေ့ တစ်ခုကို လုပ်ဆောင်ခဲ့တာပါ။ ဒါပေမယ့် သူ မီးမွှေးခဲ့တဲ့ နေရာဆီ ပြန်သွားရမှာက ရှောင်လွှဲလို့ မရတဲ့ အရာ တစ်ခုပါ။ ပြန်ရောက်သွားတော့လည်း သူ ပါးပါးနပ်နပ် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ နောက်ပြီး အိုးထရက်ဖိုဒ်မှာ နည်းပြ အပြောင်းအလဲ ဖြစ်သွားတာမျိုးလည်း သူမျှော်လင့်ခဲ့လိမ့်မယ် ဆိုတာ ကျွန်တော် သေချာပေါက် ပြောရဲတယ်။ ဒီလို ဖြစ်သွားမှပဲ သူနဲ့ ပတ်သက်တဲ့ အရာတွေအားလုံး ရှင်းလင်းပြီးသား ဖြစ်လိမ့်မယ်။ ပြီးရင် ဒီအသင်းဆီ ပြန်လာပြီးတော့ အသင်းမှာ ပြန်ကစား ဖြစ်ဖို့ မျှော်လင့်ခဲ့ပုံရတယ်။” လို့ အိုဝင်က ပြောကြားခဲ့ပါတယ်။ဆက်လက်ပြီး အိုဝင်က “သူရဲ့ အနာဂတ် ဘာဖြစ်လာမလဲ ဆိုတာ ကျွန်တော် မသိပေမယ့် သူ သေချာပေါက် ဒီအသင်း ကနေ ဝေးရာကို ထွက်သွားပြီး ထိပ်တန်း အဆင့်မှာ ဆက်ရှိနေနိုင်တယ် ဆိုတာ သက်သေပြပါလိမ့်မယ်။” ဆိုပြီး အိုဝင်က မှတ်ချက်ပြု ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဆန် ချိုကို ပီအက်စ်ဂျီက ခေါ်ယူဖို့ ချိတ်ဆက်နေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်