နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လာမယ့် ဘောလုံးရာသီမှာ အာဆင်နယ် ချန်ပီယံ ဖြစ်မယ်လို့ ခန့်မှန်းလိုက်တဲ့ အိုဝင် | ပရီးမီးယားလိဂ်

လက်ရှိမှာ ဘောလုံး သုံးသပ်သူ အဖြစ် လုပ်ကိုင်နေတဲ့ အင်္ဂလန် ဘောလုံးသမားဟောင်း မိုက်ကယ် အိုဝင် ကတော့ ၂၀၂၄/၂၀၂၅ ဘောလုံးရာသီ ပရီးမီးယားလိဂ်နဲ့ ပတ်သတ်လို့ ခန့်မှန်းမှုတွေ ပြုလုပ်လာခဲ့ပါတယ်။

အိုဝင်ဟာ ခန့်မှန်းမှုတွေနဲ့ ပတ်သတ်လာရင် ပြောင်းပြန်ယူဖို့ ပြောဆိုကြတဲ့အထိ နာမည်ကြီးသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ စိတ်ဝင်စားစရာက ဒီတစ်ခေါက်မှာ အိုဝင်က လက်ရှိ ချန်ပီယံ မန်ချက်စတာစီးတီး အနေနဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ၅ နှစ်ဆက် ကိုင်မြှောက်ဖို့ မဖြစ်နိုင်ဘူးလို့ ခန့်မှန်းခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီး အနေနဲ့ ချန်ပီယံ မဖြစ်နိုင်တဲ့ အပြင် အဆင့် ၄ နေရာ အထိပါ ကျဆင်းသွားလိမ့်မယ်လို့ အိုဝင်က ထူးထူးခြားခြား ခန့်မှန်းထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် မန်စီးတီးဟာ လာမယ့် ဘောလုံးရာသီ မှာလည်း ၅ နှစ်ဆက် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ ရေပန်းစားနေပါသေးတယ်။
ခန့်မှန်းချက်တွေ တော်တော်များများကို လွဲချော်ခဲ့ဖူးတဲ့ အိုဝင်

မန်ချက်စတာစီးတီးဟာ နည်းပြ ပပ် ဂွာဒီယိုလာ လက်အောက်မှာ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ဘယ်အသင်းမှ မလုပ်ဆောင်နိုင်ခဲ့တဲ့ ၄ နှစ်ဆက် ချန်ပီယံ ဖြစ်အောင် စွမ်းဆောင်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် မန်စီးတီးဟာ လာမယ့် ဘောလုံးရာသီ မှာလည်း ၅ နှစ်ဆက် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ ရေပန်းစားနေပါသေးတယ်။ ဒါပေမယ့် အိုဝင် ကတော့ ဒီရာသီမှာ မန်စီးတီးက အမှတ်ပေး ချန်ပီယံဆုကို လက်လွတ်ရလိမ့်မယ်လို့ သုံးသပ်လာခဲ့တာ ဖြစ်ပါတယ်။ အိုဝင်က မန်စီးတီးဟာ ပရီးမီးယားလိဂ် ချန်ပီယံ ဆုကို လက်လွတ်ရမယ့် အပြင် အဆင့် ၄ နေရာ အထိပါ ရောက်ရှိသွားလိမ့်မယ်လို အံ့အားသင့်ဖွယ် ခန့်မှန်းခဲ့ပြီး မနှစ်က ချန်ပီယံဆုနဲ့ လွဲချော်ခဲ့တဲ့ အာဆင်နယ် ကိုတော့ ဒီရာသီရဲ့ အမှတ်ပေး ချန်ပီယံ ဖြစ်လိမ့်မယ်လို့ ခန့်မှန်းခဲ့တာ ဖြစ်ပါတယ်။

မိုက်ကယ် အိုဝင်က“အာဆင်နယ်နဲ့ မန်စီးတီး တို့က လူတိုင်းရဲ့ Top 4 အတွက် ခန့်မှန်းချက်တိုင်းမှာ ပါဝင်ကြလိမ့်မယ်လို ကျွန်တော် ထင်ပါတယ်။ လစ်ဗာပူးလ်က သူတို့ရဲ့ နည်းပြသစ် ဆလော့တ်နဲ့ အသားကျနိုင်ပါ့မလား ဆိုတဲ့ မေးခွန်းတွေ ရှိနေပေမယ့် Top 4 ထဲမှာတော့ ရှိနေလိမ့်မယ် ထင်ပါတယ်။ နောက်ပြီး နယူးကာဆယ်နဲ့ ပတ်သက်ပြီး ကျွန်တော် တွေးခဲ့ဖူးပေမယ့် အက်စတွန်ဗီလာက ပိုမို ကျစ်လစ်ပြီးတော့ တိုးတက်နေတယ်လို မြင်မိပါတယ်။” လို့ ဆိုခဲ့ပါတယ်။

ဆက်လက်ပြီး အိုဝင်က “ကျွန်တော့် အထင်တော့ မန်စီးတီးဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို မရနိုင်ခဲ့ဘူး ဆိုရင် သူတိုရဲ့ အဆင့် ရပ်တည်မှုဟာလည်း နည်းနည်းလောက်တော့ ကျဆင်းသွားနိုင်ပါတယ်။ ၁၀ ပွဲလောက် ကစားပြီးချိန် သူတို့က ချန်ပီယံ ပြေးလမ်းထဲမှာ ရှိမနေတော့ဘူး ဆိုရင် သူတို့ အသင်းရဲ့ ဦးစားပေးက တခြားတစ်နေရာ ရောက်သွားနိုင်ပါတယ်။ အဲ့ဒါက ဒီရာသီမှာ ကြီးမားတဲ့ အံ့အားသင့်စရာ တစ်ခု အနေနဲ့ ဖြစ်လာနိုင်တယ်လို ကျွန်တော် ထင်ပါတယ်။ ကျွန်တော် ကတော့ Top 4 မှာ အာဆင်နယ်ကို ထိပ်ဆုံး နေရာက ထားပါမယ်။ လစ်ဗာပူးလ်က ဒုတိယ။ ပြီးရင်တော့ ဗီလာက တတိယနဲ့ မန်စီးတီး ကတော့ စတုတ္ထနေရာမှာ ရှိပါလိမ့်မယ်။” လို့ ခန့်မှန်းသွားခဲ့တာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်