နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဆန်ချိုကို ခေါ်ယူဖို့ ချဉ်းကပ်မှုတွေ ပြုလုပ်လာတဲ့ ပီအက်စ်ဂျီ | ပရီးမီးယားလိဂ်

ပြင်သစ် လီဂူးဝမ်း ထိပ်သီး ပီအက်စ်ဂျီ ကတော့ ထူးထူးခြားခြားပဲ မန်ချက်စတာယူနိုက်တက် တောင်ပံ ကစားသမား ဂျေဒန် ဆန်ချိုကို စိတ်ဝင်စားနေတယ်လို့ သတင်းတစ်ရပ်က ဖော်ပြလာပါတယ်။ ဂျေဒန် ဆန်ချိုဟာ ဒေါ့မန်နဲ့ အငှား စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် ပရီးမီးယားလိဂ် ကလပ်ဆီ ပြန်လည် ရောက်ရှိနေပြီး ရာသီကြို ခြေစမ်းပွဲတွေမှာလည်း ဝင်ရောက် ကစားနေပါတယ်။

ဒါပေမယ့်လည်း သတင်းတွေအရ ဆန်ချိုဟာ နည်းပြ ဖြစ်သူ အဲရစ်ခ် တန်ဟက်ဂ်နဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ ရှိခဲ့သည့်တိုင်အောင် အသင်း ဘက်ကတော့ ဒီနွေရာသီမှာ ရောင်းချဖို့ စိတ်ကူးရှိနေဆဲ ဖြစ်ပါတယ်။ ဆန်ချိုနဲ့ တန်ဟက်ဂ် တို့ဟာ ပြီးခဲ့တဲ့ ရာသီက လူသိရှင်ကြား ပြသနာတွေ တက်ခဲ့ပြီးနောက် ကစားသမားဟာ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဒေါ့မန်ကို အငှားနဲ့ ထွက်ကစားခဲ့ရပါတယ်။ လက်ရှိမှာ ဆန်ချိုက ယူနိုက်တက် စီနီယာ အသင်းနဲ့ လေ့ကျင့်ခန်း ပြန်ဆင်းနေပေမယ့် The Guardian သတင်းဌာနမျိုးကတောင် အိုးလ်ထရက်ဖို့ဒ်မှာ ဆန်ချိုရဲ့ အနာဂတ်က မသေချာကြောင်း ဖော်ပြထားခဲ့တာ တွေ့ရပါတယ်။

 
အကယ်၍ ပရီးမီးယားလိဂ် ကလပ် ကသာ အူဂါတီ အတွက် ပီအက်စ်ဂျီ ဘက်က ခေါ်တဲ့ ဈေးမပေးရင်တော့ အိုဆင်မ်ဟန်ကို ခေါ်ယူမယ့် အစီအစဉ် ကလည်း ပျက်သွားနိုင်တာ ဖြစ်ပါတယ်။
တန်ဟက်ဂ်နဲ့ အဆင်ပြေနေပြီ ဖြစ်တဲ့ ဆန်ချို

ဒါပေမယ့် နည်းပြ အဲရစ်ခ် တန်ဟက်ဂ် ကတော့ ဆန်ချိုကို အလျင်စလို ရောင်းထုတ်လိုပုံ မရပဲ ရာသီသစ် အတွက် ကစားသမား အင်အား တောင့်တင်းစေဖို့ လိုလားနေပါတယ်။ ဆန်ချိုနဲ့ ပတ်သတ်လို့ တန်ဟက်ဂ်က အခုလိုပဲ ပြောကြားထားခဲ့တာပါ။ တန်ဟက်ဂ်က “ကျွန်တော်တို့ စကားကောင်းကောင်း ပြောခဲ့ကြပါတယ်။ လူတိုင်း အမှားလုပ်မိနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ပြောင်းလဲလာခဲ့ပါပြီ။ ဒီကလပ်က ကစားသမားကောင်းတွေ လိုအပ်နေပြီး သေချာတာ တစ်ခု ကတော့ ဂျေဒန်က အရမ်းကောင်းတဲ့ ကစားသမားပါ။ ဂျေဒန်ကို ပြန်ရလိုက်တာ ကျေနပ်စရာပါ။” လို့ ပြောဆိုထားခဲ့တာ ဖြစ်ပါတယ်။

Foot Mercato ကလည်း ပီအက်စ်ဂျီက အသင်း ကနေ ထွက်ခွာသွားတဲ့ ကီလီယန် အမ်ဘာပေးရဲ့ နေရာမှာ အစားထိုးဖို့ ဆန်ချိုကို ပစ်မှတ်ထားနေတယ်လို့ ဖော်ပြထားပါတယ်။ သတင်းတွေ အရ ဆိုရင် ပီအက်စ်ဂျီဟာ ဆန်ချိုရဲ့ အေးဂျင့်နဲ့တောင် စကားပြောဆိုထားခဲ့ပြီး ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ တစ်ဖက်မှာလည်း ပီအက်စ်ဂျီက နာပိုလီ တိုက်စစ်မှူး ဗစ်တာ အိုဆင်မ်ဟန်ကို ခေါ်ယူဖို့ ကြိုးပမ်းလျက် ရှိနေပါတယ်။ ပီအက်စ်ဂျီဟာ ပရီးမီးယားဘလိဂ် ကလပ် ယူနိုက်တက်ရဲ့ အဓိက ပစ်မှတ် ဖြစ်တဲ့ ကွင်းလယ်လူ မန်ဝဲလ် အူဂါတီကို ရောင်းချပြီး နိုင်ဂျီးရီးယား လက်ရွေးစင်ကို ပြန်လည် ခေါ်ယူဖို့ အတွက် စီစဉ်နေတာလည်း ဖြစ်ပါတယ်။

အူဂါတီဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပေမယ့် ပီအက်စ်ဂျီ ဘက်ကတော့ ပေါင်သန်း ၆၀ နီးပါး အလိုရှိနေတာ ဖြစ်ပါတယ်။ အကယ်၍ ပရီးမီးယားလိဂ် ကလပ် ကသာ အူဂါတီ အတွက် ပီအက်စ်ဂျီ ဘက်က ခေါ်တဲ့ ဈေးမပေးရင်တော့ အိုဆင်မ်ဟန်ကို ခေါ်ယူမယ့် အစီအစဉ် ကလည်း ပျက်သွားနိုင်တာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်