နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တန်ဟက်ဂျ်ကို တမင်တကာ တိုက်ခိုက်ပြီး ပွဲထရှာလိုက်တဲ့ ပီယာ့စ် မော်ဂန်၊ ရာထူး အတွက် စိုးရိမ်နေရပြီလို့ ဂရေဟမ် ပေါ်တာ ဝန်ခံလာ (ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ)

တန်ဟက်ဂျ်ကို တမင်တကာ တိုက်ခိုက်ပြီး ပွဲထရှာလိုက်တဲ့ ပီယာ့စ် မော်ဂန်၊ ရာထူး အတွက် စိုးရိမ်နေရပြီလို့ ဂရေဟမ် ပေါ်တာ ဝန်ခံလာ စတဲ့ သတင်းတွေ အပါအဝင် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ရဲ့ ပရီးမီးယားလိဂ် သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


တန်ဟက်ဂျ်ကို တမင်တကာ တိုက်ခိုက်ပြီး ပွဲထရှာလိုက်တဲ့ ပီယာ့စ်မော်ဂန်

ပရီမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် အသင်း ကတော့ ခရာဘောင်ဖလား ဗိုလ်လုပွဲမှာ နယူးကာဆယ် ယူနိုက်တက်ကို ၂-၀ နဲ့ အနိုင်ရပြီး ဖလား ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါဟာ ယူနိုက်တက် နည်းပြ အဲရစ်ခ် တန်ဟက်ဂ် အတွက်တော့ အင်္ဂလန်ကို ရောက်လာပြီး ပထမဆုံးရာသီမှာပဲ ယူနိုက်တက်ကို ဆုဖလား တစ်လုံး ဆွတ်ခူးနိုင်အောင် စွမ်းဆောင်ပေးခဲ့တာပါ။

တန်ဟက်ဂ်ရဲ့ ခေါ်ယူမှုနဲ့ အတူ ယူနိုက်တက်ကို ရောက်လာတဲ့ အန်တိုနီ၊ လီဆန်ဒရို မာတီနက်ဇ် တို့ကလည်း အသင်းသစ်နဲ့ အတူ ပထမဆုံး ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ သူတို့ ၃ ဦး ကတော့ အေဂျက်ဇ် မှာလည်း အတူတူ လက်တွဲခဲ့သူတွေ ဖြစ်လို့ မနေ့က ပွဲအပြီးမှာ ကွင်းအတွင်း အတူတူ ကခုန် အောင်ပွဲခံနေခဲ့ကြတာကို ပီယာ့စ် မော်ဂန်က အခုလို မျိုးပြောဆိုခဲ့ပါတယ်။

“ ဒါကို ကြည့်နေရတာ ကျနော် ယုံတောင်မယုံနိုင်ဘူး၊ မန်နေဂျာနဲ့ ကစားသမားတွေက ခရာဘောင်ဖလား ရတာကို ပျော်ပျော်ရွှင်ရွှင်နဲ့ ကခုန်နေတယ်၊ အရမ်း ရှက်ဖို့ကောင်းပါတယ်” လို့ ရေးသားခဲ့တာပါ။ ဒါဟာ မော်ဂန်က တမင်သက်သက်ကို တိုက်ခိုက်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ ပြောဆိုမှုကို ယူနိုက်တက် ပရိသတ်တွေလည်း ဒေါသထွက်နေပြီး ပြန်လည် တုံ့ပြန်နေကြပါတယ်။

ပရီးမီးယား လိဂ်
ဆောက်သမ်တမ်
လက်စတာ စီးတီး
1X2 သရေ (Draw) @ 3.05
ဂိုးပေါင်း 2-3 @ 1.90
ဂိုးပေါ် 2.50 @ 2.02
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

နောက်ထပ် ဆုဖလားတွေ လာဦးမယ်လို့ ယူနိုက်တက် ပရိသတ်တွေကို ကတိပေးခဲ့တဲ့ တန်ဟက်ဂ်

မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ်ခ် တန်ဟက်ဂ် ကတော့ အသင်းကို ခရာဘောင်ဖလား ဆွတ်ခူးနိုင်အောင် စွမ်းဆောင်ပေးခဲ့ပြီးနောက် ဒါဟာ နောက်ထပ် ဆုဖလားတွေ ရယူနိုင်ဖို့ အတွက် လှုံ့ဆော်မှု ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ တန်ဟက်ဂ်ဟာ ၆ နှစ် အတွင်း ပထမဆုံး အကြိမ် ဆုဖလား တစ်လုံးကို ယူနိုက်တက်တို့ ဆွတ်ခူးနိုင်အောင် လမ်းညွှန်နိုင်ခဲ့တာပါ။

မနေ့က ပွဲအပြီးမှာ အသင်းနဲ့ အတူ အားပါးတရ အောင်ပွဲခံခဲ့ပြီးနောက် တန်ဟက်ဂ်က “ ကျနော် ယူနိုက်တက်ကို ချစ်ပါတယ်၊ ဒါက ဖေဖော်ဝါရီလ အတွင်းမှာ ရတဲ့ ဆုဖလား တစ်လုံးပါ၊ ဒါပေမယ့် ကျနော် တို့မှာ မှန်ကန်တဲ့ လမ်းကြောင်းနဲ့ ဦးတည်ချက်တွေ ရှိနေပါတယ်၊ ဒီဖလားက နောက်ထပ် ဆုဖလားတွေ ရယူနိုင်ဖို့ အတွက် လှုံ့ဆော်မှုလည်း ဖြစ်ပါတယ်၊ အခုမှ ကျနော် တို့က ယူနိုက်တက်ကို ပြန်ပြီး အသက်သွင်းနေတုန်း ရှိပါသေးတယ်”

“ အဲဒါကတော့ ဆုဖလားတွေ ရယူခြင်း ဆိုတာပါပဲ” လို့ ပြောဆိုသွားခဲ့ပါတယ်။ တန်ဟက်ဂ်ဟာ ယူနိုက်တက် နည်းပြ ဘ၀ ပထမဦးဆုံး ရာသီ မှာပဲ ဆုဖလား တစ်လုံးကို ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။ တန်ဟက်ဂ် လက်အောက်မှာ ယူနိုက်တက်က သိသိသာသာကို တိုးတက် ပြောင်းလဲလာခဲ့ပြီး ညက ပွဲမှာလည်း နယူးကာဆယ်ကို အလွယ်တကူပဲ အနိုင်ယူ ကစားခဲ့တာ ဖြစ်ပါတယ်။


သူ့ရာထူး အတွက် စိုးရိမ်နေရပြီလို့ ဂရေဟမ် ပေါ်တာ ဝန်ခံ

ချဲလ်ဆီး နည်းပြ ဂရေဟမ် ပေါ်တာ ကတော့ တော့တင်ဟမ်ဟော့စပါးကို အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ် လန်ဒန် ဒါဘီပွဲ အပြီးမှာ သူ့ရာထူး အတွက် စိုးရိမ်နေရပြီလို့ ဝန်ခံလိုက်ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၀ နေရာ ရောက်ရှိနေတဲ့ ချဲလ်ဆီး

ချဲလ်ဆီး နည်းပြ ဂရေဟမ် ပေါ်တာ ကတော့ တော့တင်ဟမ်ဟော့စပါးကို အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ် လန်ဒန် ဒါဘီပွဲ အပြီးမှာ သူ့ရာထူး အတွက် စိုးရိမ်နေရပြီလို့ ဝန်ခံလိုက်ပါတယ်။ ချဲလ်ဆီးဟာ နောက်ထပ် ရှုံးပွဲ တစ်ပွဲကို ရင်ဆိုင်ခဲ့ရတာ ဖြစ်ပြီး ရလဒ်တွေ ဆိုးသထက် ဆိုးရွာလာကာ ဥရောပဝင်ခွင့် မျှော်လင့်ချက်ပါ အားနည်းလာခဲ့ပြီး နည်းပြကို ထုတ်ပယ်ဖို့ တောင်းဆိုမှုတွေလည်း ရှိလာခဲ့ပါတယ်။

ဒါပေမယ့်လည်း နောက်ဆုံးကစားခဲ့တဲ့ ၁၅ ပွဲမှာ ၂ ပွဲသာ အနိုင်ရခဲ့တဲ့ နည်းပြကို ချဲလ်ဆီး ပိုင်ရှင်တွေက ဆက်လက် ထောက်ခံထားဆဲ ဖြစ်ပါတယ်။ ပရိသတ်တွေက ဒီအပေါ်မှာ ဒေါသထွက်နေကြကာ ပေါ်တာကို ချက်ချင်း ထုတ်ပယ်ဖို့ အတွက် တောင်းဆိုနေကြပေမယ့်လည်း နောက်ထပ်ပွဲ အနည်းငယ် ထပ်မံ စောင့်ကြည့်ဖွယ် ရှိနေပါသေးတယ်။ မနေ့က ပွဲအပြီးမှာ ပေါ်တာက “ ဒီအသံတွေကို ကျနော် လက်ခံပါတယ်၊ ဒါက အလုပ်ရဲ့ တစ်စိတ်တစ်ပိုင်းပါပဲ၊ ဒါက ဘောလုံးရဲ့ သဘာ၀ပါပဲ၊ အသင်း အတွက် ကျနော် လုပ်ဆောင်ပေးနေတာတွေက မလုံလောက်ပါဘူး၊ မစွမ်းဆောင်နိုင်ခဲ့ပါဘူး၊ ဒါကိုလည်း လက်ခံပါတယ်၊ မေးခွန်းတွေ ရောက်လာမယ် ဆိုတာလည်း ကျနော် သိပါတယ်၊ ဒါပေမယ့် အသင်းကို ကူညီဖို့ ကိုပဲ ကျနော် အာရုံစိုက်ထားပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်