ပရီးမီးယားလိဂ် ထိပ်သီး ကလပ် ချဲလ်ဆီးနဲ့ လမ်းခွဲပြီးနောက် အသင်းလက်မဲ့ ဖြစ်နေတဲ့ အာဂျင်တီးနားသား နည်းပြ မော်ရူစီယို ပိုချက်တီနို ကတော့ အမေရိကန် လက်ရွေးစင် အသင်း နည်းပြသစ် ဖြစ်လာဖို့ ရေပန်းအစားဆုံး ဖြစ်နေတယ်လို့ သိရပါတယ်။
လက်ရှိ အသက် ၅၂ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ပိုချက်တီနို ကတော့ လီဂူးဝမ် ကလပ် ပီအက်စ်ဂျီနဲ့ ပြည်တွင်းဆုဖလားတွေ ရယူနိုင်ခဲ့တာက လွဲလို့ တခြား အသင်းတွေနဲ့တော့ ဆုဖလား အောင်မြင်မှု မရဖူးသေးတဲ့ နည်းပြ ဖြစ်ပါတယ်။ ပိုချက်တီနိုဟာ လာလီဂါ ကလပ် အက်စ်ပန်ညိုနဲ့ ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်တဲ့ ဆောက်သမ်တန်၊ စပါးနဲ့ ချဲလ်ဆီး တို့ကို ကိုင်တွယ်ခဲ့ဖူးပြီး ထိပ်တန်း နည်းပြ တစ်ဦး အဖြစ် သတ်မှတ်ခံထားရသူပါ။ အသင်း တစ်သင်းနဲ့ လမ်းခွဲပြီးတိုင်းမှာ ဒီနည်းပြကို ခေါ်ယူချင်တဲ့ အသင်းတွေ များစွာ ပေါ်ထွက်လေ့ ရှိပြီး အခု လက်ရှိမှာတော့ အမေရိကန် လက်ရွေးစင် အသင်း နည်းပြ ဖြစ်လာဖို့ ရေပန်းစားနေတာ ဖြစ်ပါတယ်။
အမေရိကန် လက်ရွေးစင် အသင်းဟာ ပြီးခဲ့သည့် ကိုပါအမေရိကဖလား ပြိုင်ပွဲကို အိမ်ရှင် အဖြစ် လက်ခံကျင်းပခဲ့ပေမယ့်လည်း အုပ်စု အဆင့် ကနေ ထွက်ခဲ့ရတဲ့ အတွက် နည်းပြ ဘာဟော်လ်တာကို ရာထူး ကနေ ထုတ်ပယ်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အမေရိကန် လက်ရွေးစင် အသင်းဟာ လက်ရှိအချိန်ထိ နည်းပြ လက်မဲ့လည်း ဖြစ်နေပါတယ်။ ဒါ့အပြင် အမေရိကန်ဟာ ၂၀၂၆ ကမ္ဘာ့ဖလားကို ကနေဒါ၊ မက္ကဆီကို တို့နဲ့ အတူ ပူးတွဲ အိမ်ရှင် အဖြစ် လက်ခံကျင်းပရဖို့ ရှိနေတာကြောင့် အောင်မြင်မှု ရရှိရေး အတွက် ပိုချက်တီနိုလို နည်းပြမျိုးကို ကိုင်တွယ်စေချင်နေတာ ဖြစ်ပါတယ်။
အမေရိကန် လက်ရွေးစင် အသင်းဟာ အစောပိုင်းမှာလည်း နာမည်ကျော် လစ်ဗာပူးလ် နည်းပြဟောင်း ယာဂန် ကလော့ပ် အပါအဝင် နာမည်ကျော် ထိပ်တန်း နည်းပြတွေကို ကမ်းလှမ်းခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း ပယ်ချခံခဲ့ရတာကြောင့် လက်ရှိမှာ ပိုချက်တီနိုကို ခန့်အပ်ဖို့ ဆွေးနွေးနေပြီး အလားအလာလည်း ကောင်းနေတယ်လို့ သိရပါတယ်။
ပိုချက်တီနိုဟာ အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ နည်းပြ ရာထူး အတွက်လည်း လျာထား စာရင်းမှာ ပါဝင်နေသူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အမေရိကန် ဘောလုံးအဖွဲချုပ်က ပိုချက်တီနိုကို တရားဝင် ဆွေးနွေးမှုများ စတင် ပြုလုပ်ခဲ့ပြီးနောက် အားကစားဒါရိုက်တာ မတ်ခရော့ကာနဲ့ ပြီးခဲ့တဲ့ ဇူလိုင်လ အတွင်း တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း မီဒီယာတွေက ဖော်ပြထားပါတယ်။ ဒါ့အပြင် ဆွေးနွေးမှုတွေ ကလည်း တိုးတက်မှုတွေ ရှိနေတဲ့ အတွက် ပိုချက်တီနို အနေနဲ့ အမေရိကန် လက်ရွေးစင် အသင်း နည်းပြ ဖြစ်လာဖို့ ရေပန်းအစားဆုံး ဖြစ်လာတာလည်း ဖြစ်ကြောင်း သိရပါတယ်။ အမေရိကန် အသင်း အနေနဲ့ ပိုချက်တီနိုကို စက်တင်ဘာလ ခြေစမ်းပွဲတွေ မတိုင်ခင် ခန့်အပ်နိုင်ဖို့ လိုလားလျက် ရှိကြောင်းလည်း သိရပါတယ်။
ပိုချက်တီနိုဟာ ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးကို ပွဲ ၅၀ ကိုင်တွယ်ထားရာမှာ ၂၆ ပွဲနိုင်၊ ၁၀ ပွဲ သရေ၊ ၁၄ ပွဲ ရှုံး ရလဒ် ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ နိုင်ပွဲ ရာခိုင်နှုန်း ကတော့ ၅၂ ရာခိုင်နှုန်း ရှိခဲ့ပေမယ့်လည်း အရင်က ကိုင်တွယ်ခဲ့တဲ့ စပါး၊ ပီအက်စ်ဂျီ တို့နဲ့ နှိုင်းယှဉ်ရင်တော့ အနည်းငယ် နိမ့်နေတာ တွေ့ရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.