နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တစ်သက်မှာ တစ်ခါပဲ ကန်ရတဲ့ ပွဲလို့ သဘောမထားဖို့ သတိပေးလိုက်တဲ့ အက်ဒီဟောင်း၊ အာဆင်နယ်ကို ထပ်ချပ်မကွာ ဖိအားပေးနေတဲ့ မန်စီးတီး (ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ)

တစ်သက်မှာ တစ်ခါပဲ ကန်ရတဲ့ ပွဲလို့ သဘောမထားဖို့ သတိပေးလိုက်တဲ့ အက်ဒီဟောင်း၊ အာဆင်နယ်ကို ထပ်ချပ်မကွာ ဖိအားပေးနေတဲ့ မန်စီးတီးစတဲ့ သတင်းတွေ အပါအဝင် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ရဲ့ ပရီးမီးယားလိဂ် သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


တစ်သက်မှာ တစ်ခါပဲ ကန်ရတဲ့ ပွဲလို့ သဘောမထားဖို့ သတိပေးလိုက်တဲ့ အက်ဒီဟောင်း

နယူးကာဆယ် နည်းပြ အက်ဒီဟောင်းက ဒီနေ့ညမှာ ကစားရမယ့် မန်ချက်စတာ ယူနိုက်တက်နဲ့ ခရာဘောင်ဖလား ဗိုလ်လုပွဲကို တသက်မှာ တစ်ခါပဲ ကစားရတဲ့ ပွဲလို့ သဘောမထားဖို့ အသင်းသားတွေကို သတိပေးလိုက်ပါတယ်။ နယူးကာဆယ် ကတော့ နှစ်ပေါင်းများစွာ ကြာမြင့်မှ ဗိုလ်လုပွဲ တစ်ပွဲကို တက်ရောက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် အက်ဒီဟောင်းက အသင်း အနေနဲ့ အနာဂတ် မှာလည်း ဒီလို ပွဲမျိုးတွေ ကစားရဖို့ အတွက် မျှော်လင့်ထားတာကြောင့် ဒီပွဲကို အဲဒီလို သဘောမထားဖို့ ပြောဆိုခဲ့တာပါ။ နယူးကာဆယ်ဟာ ဆော်ဒီ ပိုင်ရှင်တွေ လက်အောက်ကို ရောက်ရှိပြီးနောက် ခြေစွမ်းပိုင်းပါ တိုးတက်လာခဲ့ပြီး အားလုံးရဲ့ စောင့်ကြည့်ခံ အသင်း တစ်သင်း ဖြစ်လာခဲ့တာပါ။

ဟိုဝီက “ ကစားသမားတွေကို ဒီရက်တွေမှာ ဒါနဲ့ ကျင့်သားရစေချင်ပါတယ်၊ ဒီဗိုလ်လုပွဲကို တစ်ကြိမ်တည်းနဲ့ တစ်သက်မှာ တစ်ကြိမ်သာ ရတဲ့ အခွင့်အရေးမျိုးလို့ မမြင်စေချင်ဘူး၊ ကျနော်တို့ အခြေအနေက ဒီပွဲကို အဲဒီလို ခံစားဖို့ မဟုတ်ပါဘူး၊ စိတ်ခံစားချက်တွေကို ထိန်းချုပ်ပြီး ပရိသတ်တွေရဲ့ အားကို အသုံးပြုပြီး မြင့်မားတဲ့ မျှော်လင့်ချက်တွေ ထားစေချင်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

နယူးကာဆယ်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ အမှတ်ပေးဇယား ထိပ်ပိုင်းမှာ ရောက်ရှိနေသလို ပြည်တွင်း ပြိုင်ပွဲ တစ်ခုရဲ့ ဗိုလ်လုပွဲ အဆင့်ကို တက်လှမ်းထားနိုင်တာလည်း ဖြစ်ပါတယ်။

ပရီးမီးယား လိဂ်
အာဆင်နယ်
အဲဗာတန်
အာဆင်နယ် အာရှ ဟန်းဒီးကပ် -1.50 @ 2.09
ဂိုးပေါ် 2.50 @ 1.83
1X2 အာဆင်နယ် @ 1.35
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ယူနိုက်တက် လူစာရင်းမှာ ပါဝင်သွားခဲ့တဲ့ ရက်ရှ်ဖို့ဒ်

နယူးကာဆယ်နဲ့ ခရာဘောင်ဖလား ဗိုလ်လုပွဲ ကစားဖို့ အတွက် လန်ဒန်ကို ထွက်ခွာသွားခဲ့တဲ့ အသင်း လူစာရင်းမှာ တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ် ပါဝင်သွားခဲ့ပါတယ်။ ဘာစီလိုနာနဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲ အပြီးမှာ ရက်ရှ်ဖို့ဒ်က ဒဏ်ရာ အနည်းငယ် ရရှိခဲ့ပြီး ဒီပွဲကို ပါဝင်ကစားဖို့ အတွက် သံသယဖြစ်ခဲ့ရပေမယ့် အသင်းနဲ့ လိုက်ပါသွားခဲ့တာပါ။

အဲရစ်ခ် တန်ဟက်ဂ်က သူ့ရဲ့ အဓိက ကစားသမား အားလုံးကို ခေါ်ဆောင်သွားခဲ့တာ ကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ဒီပွဲ ကတော့ တန်ဟက်ဂ် အတွက် ယူနိုက်တက် နည်းပြဘ၀ ပထမဆုံး ဗိုလ်လုပွဲ ဖြစ်ပြီး ပထမဆုံး ဆုဖလားကို ပထမဆုံး ရာသီ မှာပဲ ကိုင်မြှောက်နိုင်မယ့် အခွင့်အရေးလည်း ဖြစ်ပါတယ်။

ဒါပေမယ့် တန်ဟက်ဂ် ကတော့ ဒီပွဲကို အနိုင်ရခဲ့ရင်လည်း အသင်းသားတွေကို မြို့အတွင်း လှည့်လည် အောင်ပွဲခံခွင့်ပေးမှာ မဟုတ်ဘဲ အနည်းဆုံး ဆုဖလား ၂ လုံး ရယူနိုင်မှသာ အဆိုပါ အခွင့်အရေးကို ရမယ်လို့ သတိပေးထားပါတယ်။ ယူနိုက်တက် ကတော့ ဒီပွဲမတိုင်ခင်မှာ ဘာစီလိုနာကို ယူရိုပါလိဂ် ပလေးအော့ အဆင့်မှာ အနိုင်ကစားခဲ့ပါတယ်။


အာဆင်နယ်ကို ထပ်ချပ်မကွာ ဖိအားပေးနေတဲ့ မန်စီးတီး

နည်းပြ ပပ် ဂွာဒီယိုလာရဲ့ မန်ချက်စတာစီးတီး ကတော့ ဘုန်းမောက်ကို အဝေးကွင်းမှာ ဂိုးပြတ် အနိုင်ယူပြီး ပရီးမီးယားလိဂ် ဇယားထိပ်က အာဆင်နယ်ကို ၂ မှတ်အကွာနဲ့ ဖိအားပေးနေဆဲ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား ဒုတိယနေရာမှာ ရပ်တည်နေတဲ့ မန်ချက်စတာစီးတီး

နည်းပြ ပပ် ဂွာဒီယိုလာရဲ့ မန်ချက်စတာစီးတီး ကတော့ ဘုန်းမောက်ကို အဝေးကွင်းမှာ ဂိုးပြတ် အနိုင်ယူပြီး ပရီးမီးယားလိဂ် ဇယားထိပ်က အာဆင်နယ်ကို ၂ မှတ်အကွာနဲ့ ဖိအားပေးနေဆဲ ဖြစ်ပါတယ်။ အစောပွဲမှာ အာဆင်နယ်က လက်စတာစီးတိးကို အဝေးကွင်းမှာ အနိုင်ရခဲ့တာကြောင့် မန်စီးတီးတို့ မဖြစ်မနေ အနိုင်ရဖို့ လိုအပ်ခဲ့တာ ဖြစ်ပြီး ဂိုးပြတ် နိုင်ပွဲကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။

မန်စီးတီး အတွက် ဂိုးတွေ ကိုတော့ ဂျူလီယန် အယ်လ်ဗာရက်ဇ်၊ အာလင်း ဟာလန်းနဲ့ ဖိုဒန် တို့က တစ်ဂိုးစီ သွင်းယူခဲ့ကာ ခရစ္စမီဖမ်းက ကိုယ့်ဂိုးကိုယ် သွင်းခဲ့လို့ နောက်တဂိုး ရခဲ့ပါတယ်။ ဘုန်းမောက် အတွက် တလုံးတည်းသော ချေပဂိုး ကိုတော့ လာမာက သွင်းယူပေးခဲ့ပြီး အဝေးကွင်းမှာ ၁-၄ နဲ့ မန်စီးတီးတို့ အနိုင်ရခဲ့ပါတယ်။

နည်းပြ ဂွာဒီယိုလာက သူ့ကစားသမားတွေရဲ့ တုံ့ပြန်မှု အပေါ်မှာ ကျေနပ်နေခဲ့ပါတယ်။ မန်စီးတီးဟာ နော့တင်ဟမ်ဖောရက်စ်နဲ့ လိုက်ဇစ်တို့ ပွဲတွေမှာ ၁-၁ သရေပွဲတွေ ဖြစ်ခဲ့ပါတယ်။ အဆိုပါ ပွဲတွေမှာ ဦးဆောင်ဂိုး ရပြီးမှ ချေပဂိုးပေးခဲ့ရတာ ဖြစ်ပြီး ဒီပွဲမှာတော့ ပြိုင်ဘက်ကို ဂိုးပြတ် သွင်းယူကာ အရင်ပွဲ အမှားတွေကို ပြင်ဆင်နိုင်ခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်