နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လစ်ဗာပူးလ်ရဲ့ ပရီးမီးယားလိဂ် ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်လာတဲ့ မိုဆာလာ၊ အရမ်းဆိုးရွားတဲ့ ရလဒ်ပါဗျာလို့ ညည်းတွားခဲ့တဲ့ ဖာနန်ဒက်စ် (ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ)

လစ်ဗာပူးလ်ရဲ့ ပရီးမီးယားလိဂ် ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်လာတဲ့ မိုဆာလာ၊ အရမ်းဆိုးရွားတဲ့ ရလဒ်ပါဗျာလို့ ညည်းတွားခဲ့တဲ့ ဖာနန်ဒက်စ် စတဲ့ သတင်းတွေ အပါအဝင် မတ် ၆ ရက်နေ့ရဲ့ ပရီးမီးယားလိဂ် သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


လစ်ဗာပူးလ်ရဲ့ ပရီးမီးယားလိဂ် ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်လာတဲ့ မိုဆာလာ

မန်ချက်စတာယူနိုက်တက်နဲ့ ပွဲမှာ အသင်း အတွက် ၂ ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် မိုဟာမက် ဆာလာဟာ လစ်ဗာပူးလ် အသင်းရဲ့ ပရီးမီးယားလိဂ် သွင်းဂိုး အများဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။ ဆာလာဟာ တိုက်စစ်မှူးဟောင်း ရော်ဘီ ဖောင်လာကို ကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပြီး စုစုပေါင်း ၁၂၉ ဂိုး အထိ သွင်းယူထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဆာလာက ပွဲအပြီးမှာ “ ဒါက အရမ်းကို ထူးခြားပါတယ်၊ ကျနော် အိမ်ကို ပြန်မယ်၊ မိသားစုနဲ့ အတူ အောင်ပွဲခံမယ်၊ chamomile လက်ဖက်ရည် တစ်ခွက်နဲ့ပေါ့” လို့ ပြောဆိုခဲ့ပါတယ်။ ရော်ဘီ ဖောင်လာ ကလည်း လူမှုကွန်ယက်ပေါ် ကတဆင့် ဆာလာကို ချီးကျူး ဂုဏ်ပြုသွားခဲ့ပါတယ်။

အီဂျစ် တိုက်စစ်မှူးဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၁၁ ဂိုး အထိ ရရှိထားပြီး ဂိုးဖန်တီးမှုလည်း ၇ ကြိမ် ပြုလုပ်ထားပါတယ်။ ပြိုင်ပွဲစုံ မှာတော့ သွင်းဂိုး ၂၂ ဂိုးအထိ ရရှိထားကာ အသင်းရဲ့ ထိပ်တန်း ဂိုးသွင်းရှင် အဖြစ် ရပ်တည်နေသလို လစ်ဗာပူးလ်ကို ချန်ပီယံလိဂ် ဝင်ခွင့် ရအောင် ခြေစွမ်းပြ ကူညီပေးနေခဲ့ပြီလည်း ဖြစ်ပါတယ်။


အရမ်းဆိုးရွားတဲ့ ရလဒ်ပါဗျာလို့ ညည်းတွားခဲ့တဲ့ ဖာနန်ဒက်စ်

ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်မှာ အဆိုးရွားဆုံး ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပြီး ဖာနန်ဒက်စ် ကိုယ်တိုင်လည်း ခြေစွမ်းမပြနိုင်ဘဲ ရုန်းကန်ခဲ့ရပါတယ်။
ခါးသီး ပြိုင်ဘက်ကို စံချိန်တင် ဂိုးရလဒ်နဲ့ ရှုံးခဲ့လို့ စိတ်ညစ်နေတဲ့ ဘရူနို ဖာနန်ဒက်စ်

မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်က လစ်ဗာပူးလ်ကို ၇-၀ နဲ့ ရုပ်ပျက်ဆင်းပျက် အရေးနိမ့်ခဲ့မှု အပေါ်မှာ ဆိုးရွားလွန်းတဲ့ ရလဒ်လို့ ညည်းတွား ပြောဆိုခဲ့ပါတယ်။ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်မှာ အဆိုးရွားဆုံး ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပြီး ဖာနန်ဒက်စ် ကိုယ်တိုင်လည်း ခြေစွမ်းမပြနိုင်ဘဲ ရုန်းကန်ခဲ့ရပါတယ်။
“ စိတ်ပျက်စရာ ကောင်းပါတယ်၊ ဒါက အရမ်းဆိုးရွားတဲ့ ရလဒ် တစ်ခုပါ၊ ဒီကို ကွဲပြားခြားနားတဲ့ စိတ်ဓာတ်ပိုင်းနဲ့ ကျနော်တို့ ရောက်လာခဲ့တာပါ၊ ပထမပိုင်းမှာ အရမ်းကောင်းခဲ့ပြီး ပွဲကို ထိန်းချုပ်နိုင်ခဲ့ပါတယ်၊ ဒုတိယပိုင်း မှာတော့ ကျနော်တို့ ရှိရမယ့် အဆင့်အတန်းမျိုးမှာ ရှိမနေခဲ့တော့ပါဘူး”

“ နေရာလွတ်တွေ အများကြီးပေးခဲ့တယ်၊ သူတို့ရဲ့ ခြိမ်းခြောက်နိုင်မှုကို ကျနော်တို့ သိပါတယ်၊ ဒါက ကျနော် တို့ရဲ့ အဆင့်အတန်း မဟုတ်ပါဘူး၊ ကျနော်တို့ ပိုကောင်းအောင် လုပ်နိုင်တယ် ဆိုတာ ကိုလည်း သိထားတာပါ၊ အခု ကတော့ နောက်ပွဲ အတွက် စဉ်းစားရတော့မှာပါ၊ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်အောင်က ကျနော်တို့ ကြိုးစားသွားမှာပါ” လို့ ဖာနန်ဒက်စ်က ပြောဆိုခဲ့ပါတယ်။

ဒီရှုံးပွဲကြောင့် ယူနိုက်တက်ဟာ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် စိုးရိမ်စရာ မရှိသေးပေမယ့်လည်း အသင်း စိတ်ဓာတ်ပိုင်း ကိုတော့ ကြီးကြီးမားမား ထိခိုက်သွားမှာ သေချာပါတယ်။ နည်းပြ တန်ဟက်ဂ် ကလည်း အသင်းသားတွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်သွားမယ်လို့ ဖွင့်ဟထားပြီး သူတို့ ဘယ်လို ပုံစံနဲ့ ပြန်လာနိုင်မလဲ ဆိုတာ စောင့်ကြည့်ရတော့မှာပါ။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
ဘိုင်ယန်မြူးနစ်
ပဲရစ် စိန့် ဂျာမိန်း
1X2 ဘိုင်ယန်မြူးနစ် @ 1.86
ဂိုးအောက် -1.00 @ 2.38
ဂိုးပေါင်း 4-6 @ 2.52
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ကစားသမားတွေနဲ့ ဒဲ့ရှင်းသွားမယ်လို့ ကြိမ်းလိုက်တဲ့ တန်ဟက်ဂျ်

မန်ချက်စတာယူနိုက်တက် အသင်းရဲ့ နည်းပြ အဲရစ်ခ် တန်ဟက်ဂ် ကတော့ လစ်ဗာပူးလ်ကို ၇-၀ နဲ့ အရှက်ရဖွယ် အရေးနိမ့်ခဲ့တဲ့နောက် အသင်းသားတွေရဲ့ ခြေစွမ်းနဲ့စိတ်ဓာတ် အပေါ် ပြစ်တင် ပြောဆိုလိုက်ပါတယ်။ အသင်းသားတွေက ပရော်ဖက်ရှင်နယ် မပီသဘူး လို့တောင် တန်ဟက်ဂ်က ပြောဆိုခဲ့ပြီး ပွဲချိန်တွင်း အမှားတွေ ကိုလည်း ထောက်ပြသွားခဲ့ပါတယ်။

ယူနိုက်တက် အတွက်တော့ နှစ်ပေါင်း ၃၁ နှစ် အတွင်း ပရီးမီးယားလိဂ်မှာ အဆိုးရွားဆုံး ရှုံးပွဲနဲ့ ကြုံတွေ့ခဲ့ရတာပါ။ ယူနိုက်တက် ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်ကပဲ ခရာဘောင်းဖလား ချန်ပီယံ ဖြစ်ထားသလို ကြားရက် မှာလည်း ဝက်စ်ဟမ်းကို အနောက်ကနေ လိုက်ကစားပြီး အနိုင်ရထားခဲ့တာ ဖြစ်ပါတယ်။

“ ၃ ဂိုး- ဂိုးမရှိဖြစ်နေချိန်မှာ ကျွန်တော်တို့ အတူတကွ ရှိနေရတော့မှာပါ။ ဒါကို မလုပ်နိုင်ခဲ့ပါဘူး။ အခုလို အခြေအနေမျိုး ကျနော့် အသင်းမှာ မြင်တွေ့ရလို့ အံအားသင့်မိပါတယ်။ ကျနော် ကတော့ ဒါကို ယူနိုက်တက်လို့ မထင်ပါဘူး။ ပထမပိုင်း အပြီးမှာပဲ ကျနော်တို့ဟာ လျင်လျင်မြန်မြန်နဲ့ ပွဲကို လက်လွှတ်လိုက်ရပါတယ်”

“ ဘောလုံး အပေါ်မှာ ဆိုးရွားတဲ့ ဆုံးဖြတ်ချက်တွေ ချခဲ့ပါတယ်။ တတိယဂိုး ဆိုရင် တန်ပြန် တိုက်စစ် ကနေ ပေးခဲ့ရတာပါ။ ကျနော်တို့ဟာ ဆုံးဖြတ်ချက်တွေချတဲ့ အချိန်မှာ ပရော်ဖက်ရှင်နယ် မဆန်ခဲ့ပါဘူး။ အဝေးကို ပြေးတာ၊ နေရာလွတ်တွေ ပေးတာနဲ့ ပြန်ပြီး မတင်လိုက်တာတွေ ဖြစ်နေခဲ့ပါတယ်။” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံး မှာတော့ တန်ဟက်ဂ်က ဒီအခုလို အရှက်တကွဲ အကျိုးနည်း ရှုံးပွဲနဲ့ ပတ်သတ်လို့ ကစားသမားတွေနဲ့ မျက်နှာချင်းဆိုင် ဖြေရှင်းသွားမယ် လို့လည်း ဆိုခဲ့ပါသေးတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်