နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ပွဲကြိုသုံးသပ်ချက် | တော့တင်ဟမ်ဟော့စပါး – နယူးကာဆယ် (ပရီးမီးယားလိဂ်)

တော့တင်ဟမ်ဟော့စပါး နယူးကာဆယ်

ပရီးမီးယားလိဂ် ပွဲစဉ် ၁၃ ရဲ့ နောက်ထပ် ပွဲစဉ် တစ်ပွဲ အဖြစ် တော့တင်ဟမ်ဟော့စပါးနဲ့ နယူးကာဆယ်တို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ ဒီပွဲနဲ့ ပတ်သတ်တဲ့ ပွဲကြိုအချက်အလက်တချို့နဲ့ သုံးသပ်ချက်တွေကို ဖော်ပြပေးရမယ် ဆိုရင်တော့ …

တော့တင်ဟမ်ဟော့စပါးတို့ အိုးထရက်ဖို့ဒ်မှာ ယူနိုက်တက်ကို အရေးနိမ့်ခဲ့ပြီးနောက် မဖြစ်မနေ နိုင်ပွဲ ပြန်ရှာရတော့မယ့် ပွဲလည်း ဖြစ်ပါတယ်။ ဒါပေမယ့် စပါးတို့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရှိနေဆဲ ဖြစ်ပြီး အဆင့် ၄ နေရာက ချဲလ်ဆီးကို ၃ မှတ် ဖြတ်ထားနိုင်ဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ပွဲပိုပြီးတော့ ကစားထားတဲ့ အခြေအနေက အဆင့် ရပ်တည်မှု အတွက် စိုးရိမ်စရာတော့ ရှိပါတယ်။ ရစ်ချာလီဆင် ဒဏ်ရာကြောင့် အနားယူနေရသေးသလို အီမာဆန်ရွိုင်ရယ် ကလည်း ပွဲပယ်ခံထားရလို့ ကစားနိုင်ဦးမှာ မဟုတ်သေးပါဘူး။ ကွန်တီ အားကိုးရတဲ့ ကစားသမားတွေ ဖြစ်တာကြောင့် စပါး အတွက် အားနည်းချက်တွေ ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ကျန်ကစားသမားတွေ အကုန် ဒဏ်ရာ ပြသနာ ကင်းစင်နေပြီး ရှုံးပွဲက ပြန်ရုန်းထွက်လာနိုင်ဖို့လည်း ကွန်တီက ဖိအားပေးထားပါလိမ့်မယ်။

ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ပိုင်းကို တဖြည်းဖြည်းနဲ့ တက်လာနေပြီး ပွဲတပွဲကို နိုင်အောင်၊ မရှုံးအောင် ကန်တတ်တဲ့ အပိုင်းမှာ တိုးတက်လာပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ရပ်တည်နေတဲ့ နယူးကာဆယ်

အယ်လ်မီရွန်လို ကစားသမား ခြေစွမ်း ပြန်လည် ပြသလာမှုနဲ့ အတူ နယူးကာဆယ် ကတော့ ရလဒ်တွေ ဆက်တိုက် ကောင်းနေပါတယ်။ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ပိုင်းကို တဖြည်းဖြည်းနဲ့ တက်လာနေပြီး ပွဲတပွဲကို နိုင်အောင်၊ မရှုံးအောင် ကန်တတ်တဲ့ အပိုင်းမှာ တိုးတက်လာပါတယ်။ အဝေးကွင်းဆို ခံစစ်ကို အားပြုပြီး တန်ပြန် တိုက်စစ်နဲ့ ကစားတဲ့ နယူးကာဆယ်က စပါးကွင်း မှာလည်း သရေ ၁ မှတ် ရဖို့ကိုပဲ ဦးတည်လာမှာ သေချာပါတယ်။ သူတို့ရဲ့ အဓိက ကစားသမားတွေ အားလုံးလည်း ဒဏ်ရာပြသနာနဲ့ ပွဲပယ်ပြသနာ ကင်းစင်နေပါတယ်။


ဖြစ်နိုင်ဖွယ် လူစာရင်း

တော့တင်ဟမ်ဟော့စပါး – လိုရစ်၊ ဒိုဟာတီ၊ ရိုမဲယို၊ အဲရစ်ဒီယာ၊ ဘန်ဒေးဗီးစ်၊ ဘန်တန်ကာ၊ ဘစ်ဆူမာ၊ ဟိုးဘာ့ဂျ်၊ ပါရီဆစ်၊ ကိန်း၊ ဆွန်ဟောင်မင်

နယူးကာဆယ် – နစ်ပုပ်၊ ထရစ်ပီယာ၊ ရှား၊ ဘော့တ်မန်း၊ ဘမ်း၊ ဂျိုလင်တန်၊ ဂွီမာရေ့စ်၊ လောင်းစတက်၊ အယ်လ်မီရွန်၊ ကော်လမ်ဝီလ်ဆင်၊ မူပေး

ပရီးမီးယား လိဂ်
လိဒ် ယူနိုက်တက်
ဖူလ်ဟမ်
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်း နောက်ဆုံး တွေ့ဆုံခဲ့တဲ့ ၅ ပွဲမှာ ဂိုးပေါ် ၄ ပွဲအထိ ရှိခဲ့ပြီး နယူးကာဆယ်တို့ ၁ပွဲမှ မနိုင်ခဲ့ပါဘူး။ စပါးက ၃ ပွဲ နိုင်ပြီး ၂ ပွဲ သရေကျခဲ့တာပါ။ နယူးကာဆယ်က အမှတ်ပေး ပွဲစဉ် ၅ ပွဲ ဆက်တိုက် ရှုံးပွဲ မရှိထားဘဲ ၃ ပွဲတောင် အနိုင်ရထားပါတယ်။ စပါး ကတော့ လိဂ်ပွဲ နောက်ဆုံး ၅ ပွဲမှာ ယူနိုက်တက်နဲ့ အာဆင်နယ်ကို ရှုံးထားပေမယ့် ကျန်ပွဲအားလုံးကို အနိုင်ကစားထားပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

ဒီပွဲမှာ 1X2 ရဲ့ ပေးထားပုံအရ စပါးနိုင်ရင် ၁.၉၁ ဆရမှာ ဖြစ်ပြီး နယူးကာဆယ် ကတော့ ၃.၈ ဆ ရမှာပါ။ Handicap မှာတော့ စပါးက သရေ ၅၀ ရှုံးကနေ သရေ အရှုံးထိ ဖွင့်လှစ်ထားပြီး ဂိုးပေါင်းစျေး ကိုတော့ ၃လုံး ၅၀ နိုင်နဲ့ ဖွင့်ထားပါတယ်။ နောက်ဆုံး ၅ ကြိမ်တွေ့ထားမှုမှာ ဂိုးပေါင်း ၄ ကြိမ် ပေါ်ခဲ့တဲ့ နှစ်သင်း တွေ့ဆုံမှုမှာ ဂိုးပေါင်းစျေးက နည်းနည်းတော့ ပျော့ပါတယ်။ နယူးကာဆယ်ရဲ့ အဝေးကွင်း ခံကန်အားကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အသင်းကြီးတွေ ဆိုရင် ဂိုးတွေ ပေးရလေ့ ရှိတဲ့ နယူးကာဆယ်ရဲ့ အခြေအနေက သတိထားစရာပါ။ ယူနိုက်တက်နဲ့ ပွဲမှာ ဂိုးမပေးခဲ့ရပေမယ့် တဖက်က ညံ့လွန်းခဲ့တာကြောင့်ပါ။ ရှုံးပွဲက ပြန်လည် ရုန်းထွက်လာမယ့် စပါးရဲ့ တိုက်စစ်ကို ငှက်ကြားတွေ အံတုနိုင်မယ် မထင်ဘူး။ စပါးက တိုက်စစ် ကောင်းတဲ့ အသင်းဆို ဂိုးတွေ ပြန်ပေးနေရလို့ ဒီပွဲက ဂိုးပေါင်း အပေါ်ကို ရွေးချယ်သင့်ပါတယ်။


ခန့်မှန်းရလဒ်

တော့တင်ဟမ်ဟော့စပါး ၂-၁ နယူးကာဆယ်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်