နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မရဖူးသေးတဲ့ ဖလားတွေ လိုချင်ကြောင်း ပြောလာတဲ့ ရက်ရှ်ဖို့ဒ် | ပရီးမီးယားလိဂ်

မန်ချက်စတာယူနိုက်တက် တောင်ပံ တိုက်စစ် ကစားသမား မားကပ်စ် ရက်ရှ်ဖို့ဒ် ကတော့ သူ့အနေနဲ့ အသင်းနဲ့ အတူ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ် ဖလားတွေကို ရယူလိုကြောင်း ဖွင့်ဟလာခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ်က MUTV နဲ့ အင်တာဗျူးမှာ အခုလို ထုတ်ဖော် ပြောကြားသွားခဲ့တာ ဖြစ်ပြီး ဒီဖလား နှစ်လုံးဟာ သူ့ အတွက် တစ်ကြိမ် တစ်ခါမှ မရဖူးသေးတဲ့ အောင်မြင်မှုတွေလည်း ဖြစ်ပါတယ်။

လက်ရှိမှာ အသက် ၂၆ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ အင်္ဂလန် တောင်ပံ တိုက်စစ် ကစားသမားက ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်ရဲ့ ငယ်မွေးခြံပေါက် ကစားသမား ဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ်မှာ ယူနိုက်တက်ကို ရောက်ရှိလာခဲ့ပြီးနောက် ၂၀၁၅ ခုနှစ်မှာပဲ ယူနိုက်တက် စီနီယာ အသင်း အတွက် စတင် ပွဲထွက်ခွင့်ရခဲ့တဲ့ ရက်ရှ်ဖို့ဒ်ဟာ မထင်မှတ်ပဲ ပရိသတ် အကြိုက် ကစားသမား ဖြစ်ခဲ့သူပါ။ သူ့ရဲ့ ပွဲဦးထွက် ရာသီမှာတင်ပဲ ယူနိုက်တက် အတွက် ၁၈ ပွဲ ပါဝင်ကစားပြီး ၈ ဂိုး အထိ သွင်းယူနိုင်ခဲ့သလို နောက်ပိုင်းမှာလည်း တစ်ရာသီကို အနည်းဆုံး ၁၀ ဂိုးနဲ့ အထက် သွင်းယူပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။ တစ်ရာသီပြီး တစ်ရာသီ ယူနိုက်တက်ရဲ့ အရေးပါတဲ့ ကစားသမား ဖြစ်လာခဲ့တဲ့ ရက်ရှ်ဖို့ဒ်က လက်ရှိ အချိန်ထိ ယူနိုက်တက်နဲ့ ဘောလုံးရာသီ ၉ ရာသီ အထိ ဖြတ်သန်းထားခဲ့ပြီး ပြိုင်ပွဲစုံ ပွဲပေါင်း ၄ဝ၂ ပွဲ ကစားကာ ၁၃၁ ဂိုး၊ ၆၆ ဂိုး ဖန်တီးပေးထားပါတယ်။ ဒါ့အပြင် ဆုဖလား အောင်မြင်မှု အနေနဲ့ ကတော့ ယူရိုပါလိဂ် ၁ ကြိမ် အက်ဖ်အေဖလား ၂ ကြိမ်၊ လိဂ်ဖလား ၂ ကြိမ်နဲ့ ကွန်မြူနတီဒိုင်း ၁ ကြိမ် ရရှိထားပါတယ်။

ဒါပေမယ့်လည်း ရက်ရှ်ဖိုဒ်က ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်လို အဓိက ဆုဖလားကြီး အောင်မြင်မှုတွေနဲ့တော့ ဝေးကွာနေဆဲ ဖြစ်ပြီး ယူနိုက်တက် ကလည်း ဒီဆုဖလားတွေနဲ့ ဝေးနေတာ ကြာခဲ့ပါပြီ။ ယူနိုက်တက်ဟာ ချန်ပီယံလိဂ် ဖလားကို ၂၀ဝ၇/၂ဝဝ၈ ဘောလုံးရာသီက နောက်ဆုံး အကြိမ် ရယူထားနိုင်ခဲ့သလို ပရီးမီးယားလိဂ် ဖလား ကတော့ ၂၀၁၂/၂၀၁၃ ဘောလုံးရာသီမှာ နောက်ဆုံး ရရှိထားတာ ဖြစ်ပါတယ်။

ဒီလို အခြေအနေနဲ့ ပတ်သတ်ပြီးတော့ ရက်ရှ်ဖို့ဒ်က အခုလိုပဲ ပြောကြားလာခဲ့ပါတယ်။ “အသက်ကြီးလာတာနဲ့ အမျှ အိမ်မက်တွေက ပြောင်းလဲလာတတ်ပါတယ်။ ပထမတော့ မန်ချက်စတာယူနိုက်တက်မှာ ကစားရဖို့ အိမ်မက်ခဲ့ပါတယ်။ ကစားခွင့်ရလာချိန်မှာတော့ အိမ်မက်က ဆုဖလားတွေ ရယူဖို့ ဖြစ်လာခဲ့ပါတယ်။ ယူနိုက်တက်နဲ့ အတူ ပရီးမီးယားလိဂ် ဖလားနဲ့ ချန်ပီယံလိဂ် ဖလား တို့လို ဆုဖလားကြီးတွေ ဆွတ်ခူးနိုင်ဖိုအတွက် အိမ်မက်တွေ ကျန်ရှိနေပါသေးတယ်။ ကျွန်တော့် အနေနဲ့ ဒီအိမ်မက်ကို အသက်သွင်းနိုင်လိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။” လို့ သူ့ရဲ့ ရည်မှန်းချက်ကို ဖွင့်ဟ သွားခဲ့တာ ဖြစ်ပါတယ်။

ရက်ရှ်ဖို့ဒ် အနေနဲ့ ရည်မှန်းချက် ကြီးကြီးမားမား ထားရှိတာ မှန်ပေမယ့် သူ့ရဲ့ အသင်း ယူနိုက်တက်က လက်ရှိမှာ ပြုပြင် ပြင်ဆင်နေဆဲ ကာလကို ရောက်နေတာ ဖြစ်ပါတယ်။ ပူးတွဲ ပိုင်ရှင်သစ် လက်ထက်မှာ ယူနိုက်တက်က ပြင်ဆင်မှုတွေ ဆက်တိုက် ပြုလုပ်နေတာကြောင့် ပြိုင်ပွဲကြီးတွေရဲ့ ချန်ပီယံဆုတွေကို မျှော်လင့်ဖို့ထက် ရှုံးထွက်ဖလား ပြိုင်ပွဲတွေမှာပဲ အောင်မြင်မှု ရယူဖို့က ပိုပြီး ဖြစ်နိုင်တဲ့ အခြေအနေပါ။ ဒါ့အပြင် ယူနိုက်တက် အနေနဲ့ လာမယ့်ရာသီ ယူရိုပါလိဂ် ဝင်ခွင့်သာ ရရှိထားလို့ ချန်ပီယံလိဂ် ဖလား ကိုင်မြှောက်နိုင်ဖို့ ဆိုတာ ချက်ချင်း မဖြစ်နိုင်တဲ့ အခြေအနေပါ။ ဒါပေမယ့်လည်း ရက်ရှ်ဖို့ဒ် မျှော်လင့်နေသလို ယူနိုက်တက်တို့ နောက်ရာသီတွေမှာ မထင်မှတ်တာတွေ လုပ်ပြသွားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်