နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အမှားတွေကနေ သင်ယူရမယ်လို့ ဆိုလိုက်တဲ့ ရာယာ | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် အသင်းရဲ့ ဂိုးသမား ဒေးဗစ် ရာယာက မြောက်လန်ဒန်ဒါဘီမှာ သူလုပ်မိခဲ့တဲ့ ကြီးမားတဲ့ အမှားနဲ့ ပတ်သတ်လို့ တုန့်ပြန် ပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။

အာဆင်နယ်ဟာ တနင်္ဂနွေနေ့ ပရီးမီးယားလိဂ် ဒါဘီပွဲစဉ် ပထမပိုင်းမှာ ယုံကြည်မှု ရှိရှိနဲ့ စိုးမိုးကစားနိုင်ခဲ့ပြီး ဦးဆောင်ဂိုးလည်း ၃ ဂိုး အထိ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် တော့တင်ဟမ်ဟော့စပါးရဲ့ ချေပဂိုး ရရှိရေး ကစားအား တင်လာတဲ့ အခါမှာတော့ အာဆင်နယ်ဟာ အမှားအယွင်းတွေ ရှိလာခဲ့ပါတယ်။ စပါး အတွက် ပထမ ချေပဂိုးဟာ ဒါးဗစ် ရာယာရဲ့ အမှား ကနေ တဆင့် ရရှိခဲ့တာ ဖြစ်ပြီး ဒုတိယဂိုး ကတော့ ဒီကလန် ရိုက်စ်ရဲ့ ဧရိယာထဲ မတော်တဆ ပြစ်ဒဏ် ကျူးလွန်မိခြင်းကြောင့် ပင်နယ်တီက တဆင့် ရရှိခဲ့တာ ဖြစ်ပါတယ်။

ရာယာဟာ ပထမဂိုး ပေးလိုက်ရခြင်း အတွက် ပရိသတ်တွေရဲ့ ဝေဖန်မှုတွေ ခံနေရပြီး သူကိုယ်တိုင်လည်း နောက်ထပ် Clean Sheet တစ်ပွဲ ထပ်ရမယ့် အခွင့်အရေးနဲ့ လွဲချော်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အသင်း ကတော့ အရေးပါတဲ့ နိုင်ပွဲ ရရှိခဲ့တာကြောင့် ပရီးမီးယားလိဂ် ချန်ပီယံ ပြေးလမ်းထဲမှာ ဆက်ရှိနေခဲ့ပြီး ဇယား ထိပ်မှာလည်း ဆက်လက် ဦးဆောင်နေဆဲ ဖြစ်ပါတယ်။

ရာယာက သူရဲ့ အမှားနဲ့ ပတ်သတ်ပြီး ဝန်ခံဖို့ အတွက် စိတ်အားထက်သန်နေပြီး အနာဂတ်မှာ သူ့ရဲ့ အမှား ကနေ တဆင့် သင်ခန်းစာ ယူဖို့ အခုလိုပဲ ကတိပြုခဲ့ပါတယ်။ ပွဲအပြီး Sky Sports နဲ့ အင်တာဗျူးမှာ စပိန် လက်ရွေးစင်က “ ကျွန်တော် အမှားတွေ လုပ်မိတာ ကနေ သင်ယူပြီးပါပြီ။ အမှား မလုပ်ရင် သင်ယူလို့ မရပါဘူး။ ဒါက ဘောလုံးရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်ပြီး လူတိုင်းက အမှား လုပ်တတ်ကြတာပါပဲ။” လို့ ဆိုပါတယ်။

လက်ရှိမှာ ရာယာရဲ့ အာဆင်နယ်က ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရှိနေပြီး မန်စီးတီး ထက် တစ်ပွဲ ပိုကစားထာပါတယ်။
ပရီးမီးယားလိဂ် ရွှေလက်အိတ်ဆု ရရှိဖို့ နီးစပ်နေတဲ့ ရာယာ

ဆက်လက်ပြီး ရာယာက “ဒါပေမယ့် ဂိုးသမားက အမှားလုပ်မိတဲ့အခါ ပုံမှန်အားဖြင့် ဒါဟာ သွင်းဂိုး တစ်ဂိုး ဖြစ်ဖို့ များပြီး တိုက်စစ်မှူး တစ်ယောက် ပိတ်သွင်းမှု လွဲတာနဲ့ နှိုင်းယှဉ် ပြောဆိုတာ ခံရမှာပါပဲ။ ဒါပေမယ့် ဒါဟာ ဘောလုံးရဲ့ အစိတ်အပိုင်း တစ်ခုသာ ဖြစ်ပြီး မင်း အနေနဲ့ သင်ခန်းစာယူစရာပါပဲ။ အရေးကြီးဆုံးက အမှားတွေ ကနေ သင်ယူပါ။”

ရာယာသည် ဘရန့်ဖို့ဒ် ကနေ ကနဦး အငှားနဲ့ ပြောင်းရွှေ့လာပြီးနောက် အရာသီတွင် ဂန်းနား တို့ အတွက် လက်စွမ်းပြပြီး အာရွန် ရမ်းစ်ဒေးလ်ရဲ့ ပထမ ဂိုးသမား နေရာကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ပျားတွေဟာ ရာယာ အတွက် ပေါင်သန်း ၃၀ တန်ကြေးရှိတဲ့ ပက်ကေ့ခ်ျကို လက်ခံရရှိမှာ ဖြစ်ကာ စပိန် ဂိုးသမား အနေနဲ့ ဒီနွေရာသီမှာ အာဆင်နယ်ကို အပြီးသတ် ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။

ဒါးဗစ် ရာယာဟာ ဒီရာသီမှာ အာဆင်နယ် အတွက် ၂၉ ပွဲ ကစားရာမှာ ပေးဂိုး ၂၃ ဂိုးသာ ရှိခဲ့ပြီး ၁၄ ပွဲ ပေးဂိုး မရှိအောင် စွမ်းဆောင်ထားနိုင်ပါတယ်။ ပင်နယ်တီ ကာကွယ်မှု အနေနဲ့ ကတော့ ၂ ကြိမ်မှာ ၁ ကြိမ် ကာကွယ်နိုင်ခဲ့ပါတယ်။ အသက် ၂၈ နှစ် အရွယ် ဒီကစားသမားဟာ စပိန် လက်ရွေးစင် အသင်း အတွက်တော့ ၄ ပွဲသာ ကစားထားပါတယ်။

လက်ရှိမှာ ရာယာရဲ့ အာဆင်နယ်က ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရှိနေပြီး မန်စီးတီး ထက် တစ်ပွဲ ပိုကစားထာပါတယ်။ ဒါပေမယ့်လည်း လက်ကျန် ပွဲစဉ် ၃ ပွဲ ကစားဖို့ ကျန်ရှိနေချိန်မှာ အာဆင်နယ်က ချန်ပီယံ ဖြစ်ဖို့ အခွင့်အရေး ရှိနေဆဲ ဖြစ်ပြီး မန်စီးတီးရဲ့ ခြေချော်မှုကိုလည်း စောင့်ရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်