နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အသင်းမှာ မပျော်ရွှင် ဖြစ်နေတယ် ဆိုတာ သတင်းအမှားတွေသာ ဖြစ်ကြောင်း ဖြေရှင်းလာတဲ့ ရစ်ချာလီဆင် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် တော့တင်ဟမ်ဟော့စပါး တိုက်စစ်မှူး ရစ်ချာလီဆင် ကတော့ နွေရာသီ အပြောင်းအရွှေ့မှာ အသင်းပြောင်းရွှေ့ဖွယ် ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘရာဇီးလ် တိုက်စစ်မှူး ကတော့ ထွက်ပေါ်နေတဲ့ သတင်းတွေကို အမှားတွေသာ ဖြစ်ကြောင်း မြောက်လန်ဒန် ကလပ်မှာပဲ ဆက်ရှိနေမှာ ဖြစ်ကြောင်း တုန့်ပြန် ပြောဆိုလာခဲ့တာ ဖြစ်ပါတယ်။

အစောပိုင်း သတင်းတွေမှာ ရစ်ချာလီဆင်ဟာ တော့တင်ဟမ်ဟော့စပါးမှာ မပျော်မရွှင် ဖြစ်နေတယ်လို့ ဖော်ပြထားပြီး စပါး ဘက်ကလည်း သူ့ကို ရောင်းထုတ်သွားဖို့ ပြင်ဆင်နေကြောင်း ဖော်ပြနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ရစ်ချာလီဆင်က ဒီသတင်းတွေဟာ အခြေအမြစ် မရှိတဲ့ အတုအယောင် သတင်းတွေသာ ဖြစ်ကြောင်း နောက်ရာသီ ပရီးမီးယားလိဂ် မှာပဲ ဆက်လက် ကစားရဦးမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ရစ်ချာလီဆင်က “ကျွန်တော်ဟာ အားလပ်ရက်တွေကို စွန့်လွှတ်ပြီး ဆာပေါ်လိုမှာ အလုပ်လာလုပ်နေပါတယ်။ နောက်ရာသီမှာ အကောင်းဆုံး ပြန်လာဖို့ အတွက် အဆင်သင့် ဖြစ်နေပါပြီ။ ကျွန်တော့်ရဲ့ ကလပ်ကို မကျေနပ်ဘူးလို့ ဘယ်တုန်းကမှ မပြောခဲ့ဖူးသလို ညှိနှိုင်းမှုတွေနဲ့ ပတ်သက်ပြီး မီဒီယာတွေမှာ ထွက်ပေါ်နေသမျှ အားလုံးက သတင်းအတုတွေပါပဲ။ သူတို့ ဘယ်က ရသွားလဲတော့ မသိဘူး၊ သေချာတာက နောက်ရာသီ ကျွန်တော် အင်္ဂလန် ကနေ ထွက်ခွာမှာ မဟုတ်ပါဘူး။” X ကနေ တဆင့် ပို့စ်တင်ပြီး ရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက သတင်းတွေမှာ စပါး နည်းပြ အန်ဂျီ ပိုစတီကိုဂလူး ဟာ အသင်းမှာရှိတဲ့ ကစားသမား တော်တော်များများကို ထွက်ခွာခွင့်ပေးသွားဖို့ ရှိနေပြီး အရောင်း စာရင်းမှာ ကစားသမား ၈ ဦး အထိ ရှိနေတယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။ ဒီစာရင်းထဲမှာ တိုက်စစ်မှူး ရစ်ချာလီဆင်လည်း ပါဝင်နေပြီး ပိုစတီကိုဂလူး အနေနဲ့ လာမယ့် နွေရာသီမှာ အသင်းကို ပြန်လည် တည်ဆောက်ဖို့ စိတ်အားထက်သန်နေတာပါ။

ရစ်ချာလီဆင်ဟာ ၂၀၂၂/၂၃ စပါးနဲ့ ပထမဦးဆုံး ဘောလုံး ရာသီမှာ သွင်းဂိုး ၁ ဂိုးသာ ရရှိခဲ့ပြီး ရုန်းကန်ခဲ့ရသူပါ။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့ ၂၀၂၃/၂၄ ဘောလုံးရာသီမှာတော့ ပုံစံကောင်းတွေ ပြန်လည် ရရှိခဲ့ပြီး သွင်းဂိုး ၁၁ ဂိုး ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘရာဇီးလ်သားဟာ မကြာခဏ ဆိုသလို ဒဏ်ရာပြသနာတွေ ရှိနေပြီး စပါး အနေနဲ့ နော့တင်ဟမ်ဖောရက်စ်က ဘရန်နန် ဂျွန်ဆင်ကို ခေါ်ယူခဲ့သလို ဇန်နဝါရီလ မှာလည်း လိုက်ပ်ဇစ်က တီမိုဗာနာ ကိုလည်း အငှားနဲ့ ခေါ်ယူကာ အားဖြည့်ခဲ့ရပါတယ်။

ပရီးမီးယားလိဂ် ကလပ်ဟာ ပြီးခဲ့တဲ့ နာရီပိုင်း အတွင်းကပဲ လိုက်ပ်ဇစ် ကနေ အငှားနဲ့ ခေါ်ယူထားခဲ့တဲ့ ဂျာမန် တိုက်စစ်မှူး တီမို ဗာနာကို တစ်ရာသီ သက်တမ်း ထပ်တိုးထားခဲ့ပါသေးတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်