နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အသင်းရဲ့ ဆုဖလား ရရှိနိုင်ချေကို အကဲဖြတ်ဖို့ အချိန်စောလွန်းနေသေးကြောင်း ပြောလာတဲ့ ဆလော့တ် | ပရီးမီးယားလိဂ်

လစ်ဗာပူးလ် နည်းပြ အာနေး ဆလော့တ်က ပရီးမီးယားလိဂ် ရာသီဝက်ကျော် ကစားဖို့ ကျန်ရှိနေချိန်မှာ အသင်းရဲ့ ဆုဖလား ရရှိနိုင်ချေကို အကဲဖြတ်ဖို့ အချိန်စောလွန်းနေသေးကြောင်း ပြောကြားလာခဲ့ပါတယ်။

လစ်ဗာပူးလ်က အခုတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၁၇ မှာ တော့တင်ဟမ်ဟော့စပါးနဲ့ ပွဲကြပ် ကစားဖို့ ရှိနေပြီး ဒီပွဲ မတိုင်ခင် အဆင့် ၂ နေရာက ချဲလ်ဆီးကို ၂ မှတ်၊ အဆင့် ၃ နေရာက အာဆင်နယ် ကိုတော့ ၃ မှတ် ဖြတ်ထားနိုင်ဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် လစ်ဗာပူးလ်က ချဲလ်ဆီးထက် ၁ ပွဲလျော့ ကစားထားသလို အာဆင်နယ် ထက်လည်း ၂ ပွဲလျော့ ကစားထားပါတယ်။ ဒီကနေ့ညမှာ ကစားမယ့် ပွဲစဉ်မှာ အကယ်၍ လစ်ဗာပူးလ်တို့ ရှုံးနိမ့်ပြီး ချဲလ်ဆီးက အနိုင်ရရင်တော့ ဆလော့တ်ရဲ့ အသင်းက ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံး နေရာ ကနေ ဖယ်ပေးရမှာလည်း ဖြစ်ပါတယ်။

ဒီကနေ့ညမှာ ကစားမယ့် ပွဲစဉ်မှာ အကယ်၍ လစ်ဗာပူးလ်တို့ ရှုံးနိမ့်ပြီး ချဲလ်ဆီးက အနိုင်ရရင်တော့ ဆလော့တ်ရဲ့ အသင်းက ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံး နေရာ ကနေ ဖယ်ပေးရမှာလည်း ဖြစ်ပါတယ်။
စပါးကို မဖြစ်မနေ အနိုင်ရဖို့ လိုအပ်နေတဲ့ လစ်ဗာပူးလ်

ဒီအချိန်မှာ အာနေး ဆလော့တ်က လက်ရှိ သူ့ရဲ့ အသင်းဟာ ခိုင်မာတဲ့ အခြေအနေတွေ ပိုင်ဆိုင်ထားပေမယ့်လည်း ခပ်ဝေးဝေးကို လှမ်းကြည့်ဖို့တော့ ငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်။ ဆလော့တ် “၁၉ ပွဲ ကစားပြီးချိန်မှာ အမှတ်ပေးဇယားကို အကဲဖြတ်လို့ ရမှာ ဖြစ်ပါတယ်။ ဘာလို့လဲ ဆိုတာ အဲဒီအချိန်မှာ အသင်း အားလုံးက ပွဲအတူတူ ကစားပြီးမှာ ဖြစ်လို့ပါ။ ဖြစ်နိုင်တာ ကတော့ ကျွန်တော်တို့ ကံကောင်းနေတယ် ဆိုတာပါပဲ။ ဥပမာအားဖြင့် ဆိုရင် အာဆင်နယ်က ရာသီအစမှာ အနီကတ်တွေ အများကြီး ရခဲ့လို့ အမှတ်တွေ လျော့ခဲ့ပါတယ်။ အခု ကျွန်တော်တို့ အနီကတ်ရပြီး အမှတ်တွေ လျော့သွားပါပြီ။ ရာသီအစမှာ အာဆင်နယ် တို့ အနိုင်ရခဲ့တဲ့ တော့တင်ဟမ်ဟော့စပါးနဲ့ ကျွန်တော်တို့ တွေ့ဆုံနေပါပြီ။ နောက်ပြီး ချဲလ်ဆီး ကလည်း အဝေးကွင်းမှာ ချဲလ်ဆီး စပါးကို အနိုင်ကစားပါတယ်။ ရာသီ အတွင်းမှာ ရပ်တည်နိုင်တာကို ကြည့်လို့ မရပါဘူး။ ရာသီကုန်မှာ ကျွန်တော်တို့ ဘယ်နေရာမှာ ရှိနေလဲ ဆိုတာ အရေးကြီးပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။ လစ်ဗာပူးလ်ဟာ အာနေး ဆလော့တ် ကိုင်တွယ်ချိန် ကတည်းက ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံမှာ နော့တင်ဟမ်ဖောရက်စ် တစ်သင်းတည်းကို ရှုံးနိမ့်ထားခဲ့တာ ဖြစ်ပါတယ်။ ဖောရက်စ်ကို ရှုံးပြီး ကတည်းက ဆလော့တ်ရဲ့ အသင်းက ၁၁ ပွဲဆက် ရှုံးပွဲ မရှိခဲ့ပေမယ့်လည်း နောက်ဆုံး ကစားခဲ့တဲ့ ၂ ပွဲ မှာတော့ ရမှတ်တွေ လျော့ကျနေခဲ့တာ ဖြစ်ပါတယ်။ လစ်ဗာပူးလ်ဟာ အာနေး ဆလော့တ် လက်ထက်မှာ ၂၄ ပွဲ ကစားထားပြီး ပွဲ ၂၀ နိုင်၊ ၃ ပွဲ သရေ၊ ၁ ပွဲ ရှုံးထားပါတယ်။ လစ်ဗာပူးလ်ဟာ ဖလား ၄ လုံး လမ်းကြောင်းပေါ်မှာ ရှိနေပြီးတော့ ရာသီကုန်မှာ အနည်းဆုံး ဆုဖလား ၁ လုံးတော့ ကိုင်မြှောက်နိုင်ဖို့ နီးစပ်နေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်