နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အပြောင်းအရွှေ့ မပိတ်ခင် ယူနိုက်တက်ကို ရောက်ရှိသွားနိုင်တဲ့ စတာလင် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး အသင်းရဲ့ တောင်ပံ ကစားသမား ရာဟင်းမ် စတာလင် ကတော့ ဒီနွေရာသီ အပြောင်းအရွှေ့ ကာလမှာ စတန်းဖို့ဒ်ဘရစ်ချ် ကနေ ထွက်ခွာဖို့ သတင်းတွေ ကြီးနေသူ ဖြစ်ပါတယ်။ အခုနောက်ဆုံး သတင်းတွေအရ ဆိုရင် စတာလင်ဟာ နွေရာသီ အပြောင်းအရွှေ့ မပိတ်ခင် မထင်မှတ်ပဲ ယူနိုက်တက်ဆီ ရောက်ရှိသွားနိုင်ဖွယ် ရှိကြောင်း သိရပါတယ်။

ချဲလ်ဆီးဟာ လက်ရှိ နွေရာသီ အပြောင်းအရွှေ့မှာ ကစားသမားသစ်တွေ များစွာကို တောသားချဲပေါက်သလို ခေါ်ယူနေပြီး တစ်ဖက်မှာလည်း အသင်းနဲ့ အဆင်မပြေတဲ့ ကစားသမားတွေကို ရှင်းထုတ်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ လက်ရှိမှာ ချဲလ်ဆီးဟာ စတာလင်ကို ပွဲထွက်လူစာရင်း ကနေတောင် ချန်လှပ်ထားခဲ့ပြီး အပြီးသတ် ရှင်းထုတ်သွားဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ 

အင်္ဂလန် တောင်ပံ ကစားသမားကို မကြာသေးတဲ့ ရက်ပိုင်းကမှ ပရီးမီးယားလိဂ် ကလပ် အက်စတွန်ဗီလာနဲ့ ခရစ္စတယ်ပဲလေ့စ် တို့ကလည်း ချိတ်ဆက်ထားခဲ့ပါသေးတယ်။ Daily Telegraph ရဲ့ ဖော်ပြချက်အရ စတာလင်ဟာ အိုးလ်ထရက်ဖို့ဒ်ကို ပြောင်းရွှေ့ဖို့ စဉ်းစားထားတယ်လို့ သိရပါတယ်။ ပြိုင်ဘက် လစ်ဗာပူးလ်နဲ့ မန်စီးတီး အသင်းတွေမှာ ကစားခဲ့ဖူးပေမယ့်လည်း ယူနိုက်တက် ပရိသတ်တစ်ဦး အဖြစ် ကြီးပြင်းလာခဲ့ကြောင်း ယခင်က ဝန်ခံထားခဲ့ဖူးပါတယ်။ စတာလင် အနေနဲ့ ချဲလ်ဆီး ကနေ ထွက်ခွာချင်နေပေမယ့် ၎င်း စာချုပ်ရဲ့ တစ်စိတ်တစ်ပိုင်း ပေးချေမှု အပေါ် အာမခံချက် လိုချင်နေတယ်လို့ သိရပါတယ်။

သတင်းတွေ အရ ဆိုရင်တော့ ပရီးမီးယားလိဂ် ပြိုင်ဘက် ချဲလ်ဆီးက ဂျေဒန် ဆန်ချိုကို စတာလင်၊ ချေးဝဲလ် တို့ အလိုက်ပေး ခေါ်ယူလိုနေတယ်လို့ သိရပါတယ်။
ကစားသမားတွေ များစွာကို တောက်လျောက် ခေါ်ယူထားတဲ့ ချဲလ်ဆီးနဲ့ ယူနိုက်တက်

စတာလင်ဟာ စတန်းဖို့ဒ်ဘရစ်ချ်မှာ တစ်ပတ် လုပ်ခ ပေါင် ၃ သိန်း ရရှိနေပြီး နောက်ထပ် ၃ နှစ် စာချုပ် သက်တမ်းလည်း ကျန်ရှိနေပါသေးတယ်။ ဒါကြောင့် စတာလင် အနေနဲ့ စာချုပ်သက်တမ်း ပြည့်အောင် ဆက်နေမယ် ဆိုရင်တော့ ချဲလ်ဆီးက ပေါင်သန်း ၄၀ လောက် ပေးချေရဖို့ ရှိနေတာ ဖြစ်ပါတယ်။ သတင်းတွေ အရ ဆိုရင် စတာလင်ဟာ ချဲလ်ဆီး ကနေ အပြီးသတ် ထွက်ခွာချင်နေပေမယ့်လည်း ကနဦး အငှားနဲ့ ထွက်ခွာရမယ် ဆိုရင်လည်း အဆင်ပြေတယ်လို့ သိရပါတယ်။ အဓိက ကတော့ စတာလင်ဟာ သူ့ရဲ့ လုပ်ခလစာ အတွက် နစ်နာမှု မရှိဖို့ အတွက်ပဲ စဉ်းစားနေတာ ဖြစ်ပါတယ်။

သတင်းတွေ အရ ဆိုရင်တော့ ပရီးမီးယားလိဂ် ပြိုင်ဘက် ချဲလ်ဆီးက ဂျေဒန် ဆန်ချိုကို စတာလင်၊ ချေးဝဲလ် တို့ အလိုက်ပေး ခေါ်ယူလိုနေတယ်လို့ သိရပါတယ်။ ဆန်ချို ကလည်း ယူနိုက်တက် ကနေ ထွက်ခွာချင်နေသလို အသင်းကလည်း ရောင်းထုတ်ချင်နေတာကြောင့် အပြောင်းအရွှေ့ ဖြစ်လာမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်ဟာ ဆန်ချိုကို ကစားသမား အလိုက်နဲ့ ရောင်းထုတ်ဖို့ထက် ကနဦးအငှား+အပြီးသတ်နဲ့ ရောင်းထုတ်ဖို့ ပိုပြီး လိုလားနေကြောင်း သိရပါတယ်။

ယူနိုက်တက်ဟာ လက်ရှိ နွေရာသီ အပြောင်းအရွှေ့ကာလမှာ ကစားသမား ခေါ်ယူမှု ၅ ခု ပြုလုပ်ထားပြီး ဖြစ်ကာ ဂျော်ရွှာ ဇီယက်ခ်ဇီး၊ လီနီ ယိုရို၊ မက်သိုင်းယက်စ် ဒီလစ်ဂျ်၊ နူဆာ မက်ဇရာရီ တို့ကို ခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။ လက်တလော ကစားသမား အထွက် အနေနဲ့ ကတော့ ယူနိုက်တက်က ကွင်းလယ်လူ စကော့တ် မက်တော်မီနေးကို နာပိုလီ အသင်းထံ ပေါင် ၂၅.၄ သန်းနဲ့ ရောင်းချဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီး ဖြစ်ပါတယ်။ ချဲလ်ဆီး နဲ့ ယူနိုက်တက် တို့ ဟာ ဒီရာသီ ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ် ၂ ပွဲ ကစားပြီးချိန်မှာ ရမှတ် ၃ မှတ်သာ ရရှိထားကြပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်