နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မန်စီးတီးပဲ ချန်ပီယံ ဖြစ်ပြီး ယူနိုက်တက် အဆင့် ၈ ရမယ်လို့ ခန့်မှန်းလိုက်တဲ့ စူပါကွန်ပြူတာ | ပရီးမီးယားလိဂ်

လက်ရှိမှာ စူပါကွန်ပြူတာ ကတော့ ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ဘယ်အသင်း ဗိုလ်စွဲမလဲ ဆိုတာ ခန့်မှန်းချက် ထုတ်ပြန်လာခဲ့ပြီ ဖြစ်ပါတယ်။ OLBG ရဲ့ စူပါကွန်ပြူတာနဲ့ တွက်ချက်မှု အရ ဒီရာသီ ပရီးမီးယားလိဂ်မှာ ဘယ်အသင်းက ချန်ပီယံ ဖြစ်မယ် ဘယ်အသင်းတွေ ကတော့ ဥရောပပြိုင်ပွဲတွေ ဝင်ခွင့်ရမယ်၊ ဘယ်အသင်းတွေ ကတော့ တန်းဆင်းရမယ် ဆိုပြီး အသေးစိတ် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

ထူးခြားချက် ကတော့ စူပါကွန်ပြူတာနဲ့ တွက်ချက်မှု အရ အဲရစ်ခ် တန်ဟက်ဂ်ရဲ့ မန်ချက်စတာယူနိုက်တက် ကတော့ ပြီးခဲ့တဲ့ ရာသီက ရပ်တည်ခဲ့တဲ့ အတိုင်း ဒီရာသီ မှာလည်း အဆင့် ၈ နေရာမှာသာ ရပ်တည်နိုင်မယ် ဆိုပြီး အဖြေထွက်လာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ် က ပွဲစဉ် ၄ ပွဲသာ ကစားရသေးပြီး ဘောလုံး ရာသီသစ် တစ်ခု စတင်တဲ့ အချိန်မှာသာ ရှိနေပါသေးတယ်။ ဒါပေမယ့် လက်တလော ရရှိထားတဲ့ ရလဒ်တွေ အပြင် ပြသထားတဲ့ ခြေစွမ်းပိုင်းနဲ့ ကစားသမား အင်အား စုဖွဲ့မှုတွေ အပေါ်မှာ အခြေခံ တွက်ချက်ပေးလေ့ရှိတဲ့ စူပါကွန်ပျူတာရဲ့ ပရီးမီးယားလိဂ် အသင်း ၂၀ရဲ့ အဆင့် ရပ်တည်ချက် တွက်ချက်မှု ကတော့ အံ့အားသင့်စရာ ကောင်းနေခဲ့တာ ဖြစ်ပါတယ်။

စူပါကွန်ပြူတာဟာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်မယ့် အသင်း နေရာမှာ မန်ချက်စတာစီးတီး ကိုသာ ရွေးချယ်ထားခဲ့ပြီး စုစုပေါင်း ရမှတ် ၉၂ မှတ် ရရှိမယ်လို့ ခန့်မှန်ထားပါတယ်။ မန်စီးတီးရဲ့ အနောက် မှာတော့ အာဆင်နယ်ပဲ ရပ်တည်နိုင်လိမ့်မယ်လို့ ခန့်မှန်းထားပြီး အန်ဇို မာရက်စ်ကာရဲ့ ချဲလ်ဆီး ကတော့ ဆလော့တ်ရဲ့ လစ်ဗာပူးလ်ကို ကျော်ပြီး အဆင့် ၃ နေရာမှာ ရပ်တည်နိုင်မယ်လို့ အံ့အားသင့်ဖွယ် ခန့်မှန်းထားတာ ဖြစ်ပါတယ်။

စူပါကွန်ပြူတာဟာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်မယ့် အသင်း နေရာမှာ မန်ချက်စတာစီးတီး ကိုသာ ရွေးချယ်ထားခဲ့ပြီး စုစုပေါင်း ရမှတ် ၉၂ မှတ် ရရှိမယ်လို့ ခန့်မှန်ထားပါတယ်။
အာဆင်နယ်တို့ အဆင့် ၂ နေရာနဲ့ပဲ ရာသီသိမ်းမယ်လို့ ခန့်မှန်းလိုက်တဲ့ စူပါကွန်ပြူတာ

စူပါကွန်ပြူတာရဲ့ တွက်ချက်မှု အရ ဆိုရင် မန်စီးတီး၊ အာဆင်နယ်၊ ချဲလ်ဆီးနဲ့ လစ်ဗာပူးလ် တို့က ထိပ်ဆုံး ၄ သင်း နေရာဝင်ပြီး ချန်ပီယံလိဂ် ဝင်ခွင့် ရရှိမယ် ဆိုတဲ့ သဘော ဖြစ်ပါတယ်။ အဆင့် ၅ နေရာ ကိုတော့ နယူးကာဆယ် ရရှိမယ်လို့ ခန့်မှန်းထားသလို အဆင့် ၆ နေရာ မှာတော့ ဝက်စ်ဟမ်းတို့ ရပ်တည်နိုင်မယ်လို့ ထူးခြားစွာ ခန့်မှန်းထားခဲ့တာပါ။ ဝက်စ်ဟမ်းဟာ ဒီနှစ် ဘောလုံးရာသီမှာ ကောင်းမွန်တဲ့ ကစားသမား အင်အားဖြည့်တင်းမှုတွေ ပြုလုပ်ထားပေမယ့် အခုချိန်ထိတော့ ရလဒ်ပိုင်းက တိုးတက်လာခြင်း မရှိသေးပဲ ရုန်းကန်နေရတာ ဖြစ်ပါတယ်။ ဝက်စ်ဟမ်းရဲ့ အနောက် အဆင့် ၇ နေရာမှာတော့ အန်ဂျီ ပိုစတီကိုဂလူးရဲ့ စပါးကို ရွေးချယ်ထားပြီး အဆင့် ၈ နေရာ မှာတော့ မန်ချက်စတာယူနိုက်တက်ကို ရွေးချယ်ထားပါတယ်။ ယူနိုက်တက်က ပြီးခဲ့တဲ့ ရာသီကလည်း အဆင့် ၈ နေရာနဲ့ ရာသီသိမ်းနိုင်ခဲ့သလို ဒီရာသီမှာလည်း အဆင့် ၈ နေရာပဲ ထပ်မံ ပိုင်ဆိုင်ရမယ်လို့ စူပါကွန်ပျူတာ က ခန့်မှန်းခဲ့တာ ဖြစ်ပါတယ်။

နောက်ထပ် ထူးခြားတာက ဒီနှစ် ချန်ပီယံလိဂ် ဝင်ခွင့် ရရှိထားတဲ့ အက်စတွန်ဗီလာက ပဲလေ့စ်ရဲ့ နောက် အဆင့် ၉ နေရာမှာ ရပ်တည်နိုင်မယ်လို့ စူပါကွန်ပြူတာက ခန့်မှန်းခဲ့တာပါ။ အဲဗာတန် က‌တော့ အဆင့် ၁၁ နေရာ၊ ခြေစွာနေတဲ့ ဘရိုက်တန်က အဆင့် ၁၂ နဲ့ ဖူလ်ဟမ်က အဆင့် ၁၃ ရရှိမယ်လို့ တွက်ချက် ခန့်မှန်းထားပါတယ်။ ဒီအသင်းတွေရဲ့ အောက်မှာတော့ ဘရန့်ဖို့ဒ်၊ ဘုန်းမောက်၊ ဝုဗ်၊ လက်စတာစီးတီး တို့ အသီးသီး ရပ်တည်လိမ့်မယ်လို့လည်း ခန့်မှန်းထားပါသေးတယ်။ စူပါကွန်ပြူတာက ဒီရာသီမှ တန်းတက်လာကြတဲ့ လက်စတာစီးတီး၊ အစ်ပ်ဆွစ်ချ်နဲ့ ဆောက်သမ်တန် တို့ ၃ သင်းမှာ အစ်ပ်ဆွစ်ချ်နဲ့ ဆောက်သမ်တန် တို့က ချန်ပီယံရှစ်ဆီ တန်းပြန်ဆင်းမယ်လို ခန့်မှန်းထားပါတယ်။ ဒါ့အပြင် အခု တစ်ပတ်မှာ လစ်ဗာပူးလ်ကို အနိုင်ယူထားတဲ့ နော်တင်ဟမ်ဖောရက်စ် ကလည်း အစ်ပ်ဆွစ်ချ်၊ ဆောက်သမ်တန် တိုနဲ့ အတူ တန်းဆင်းရမယ် လို့လည်း ခန့်မှန်းထားပါသေးတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်