နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရာသီအကုန်မှာ ချဲလ်ဆီးနဲ့ လမ်းခွဲတော့မယ့် သီယာဂို ဆေးလ်ဗား | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးရဲ့ ဝါရင့်နောက်ခံလူ သီယာဂို ဆေးလ်ဗားက ဒီရာသီဟာ စတန်းဖို့ဒ်ဘရစ်ချ်မှာ သူ့ရဲ့ နောက်ဆုံးရာသီ ဖြစ်လိမ့်မယ်လို့ ကြေညာခဲ့ပါတယ်။

အသက် ၃၉ နှစ် အရွယ် ဘရာဇီးလ်သားဟာ ၂၀၂၁ ခုနှစ်မှာ ချဲလ်ဆီးနဲ့ အတူ ချန်ပီယံလိဂ် ဖလားကို ကိုင်မြှောက်နိုင်ခဲ့ပြီး ချဲလ်ဆီး အတွက် အဓိကကျတဲ့ ကစားသမား ဖြစ်ခဲ့သူပါ။ သူက သူ့ရဲ့ လူမှုကွန်ရက် ကနေ တဆင့် အခုလိုပဲ ကြေညာသွားခဲ့တာ ဖြစ်ပါတယ်။ “ ချဲလ်ဆီးဟာ ကျွန်တော့် အတွက် အများကြီး အဓိပ္ပာယ်ရှိပါတယ်၊ ကျွန်တော် ဒီအသင်းမှာ တစ်နှစ်လောက်ပဲ နေဖို့ ရည်ရွယ်ချက်နဲ့ ဒီကိုလာခဲ့တာပါ” လို့ ဆိုခဲ့ပါတယ်။ ဆေးလ်ဗားက ၂၀၂၀ ခုနှစ်မှာ ပီအက်စ်ဂျီ အသင်းကနေ ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။

ဆက်လက်ပြီး ဘရာဇီးလ် နောက်ခံလူက “ကျွန်တော့် အတွက်တင် မဟုတ်ဘဲ မိသားစု အတွက်လည်း ပါတယ်။ ကျွန်တော့်သားတွေက ချဲလ်ဆီး အတွက် ကစားပေးနေပြီး ချဲလ်ဆီး မိသားစုရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ရတာ ဂုဏ်ယူစရာပါပဲ။ ကျွန်တော့် သားတွေက ဒီမှာရှိနေလို့ပါပဲ။ ကစားသမားတိုင်း လာရောက် ကစားချင်တဲ့ ဒီလို အောင်မြင်တဲ့ ကလပ်မှာ ကျွန်တော့် သားတွေရဲ့ အသက်မွေးဝမ်းကျောင်း အတွက် ဒီမှာဆက်ထားနိုင်မယ်လို့ မျှော်လင့်ပါတယ်။”

ဆေးလ်ဗားဟာ ချဲလ်ဆီး လူငယ် အသင်းတွေမှာ ကစားနေတဲ့ သားဖြစ်သူ အစ္စာဂိုနဲ့ အီယာဂိုတို့ တိုးတက်မှု ရှိစေရေး အတွက် လန်ဒန် ကလပ်နဲ့ 2023 ခုနှစ်မှာ စာချုပ် သက်တမ်းတိုးခဲ့သူ ဖြစ်ပါတယ်။ အဲ့နောက် ဆေးလ်ဗားက “လေးနှစ်အတွင်း ကျွန်တော် ဒီမှာ အရာရာပေးဆပ်ခဲ့ပါတယ်။ ဒါပေမယ့် စိတ်မကောင်းစွာနဲ့ပဲ အရာ အားလုံးမှာ အစ၊ အလယ်နဲ့ အဆုံး ရှိပါတယ်။ ဒါဟာ အဆုံးအဖြတ်လို့ မဆိုလိုပါဘူး။ မဝေးတော့တဲ့ အနာဂတ်မှာ ကျွန်တော် ပြန်လာနိုင်စေဖို့ တံခါးဖွင့်ထားပေးဖို့ မျှော်လင့်ပါတယ်” လို့ ဆေးလ်ဗားက ဆိုပါတယ်။

ဆေးလ်ဗား ဟာ ကိုဗစ် ကပ်ရောဂါ ကာလ အတွင်း ပရီးမီးယားလိဂ် ကလပ် အတွက် အကောင်းဆုံး ရပ်တည်ပေးခဲ့တဲ့ ကစားသမား ဖြစ်သလို အောင်မြင်မှုတွေလည်း ရရှိခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ အသင်း ပိုင်ရှင်ဟောင်း ရိုမန် အေဗရာမိုဗစ်ခ်ျ လက်ထက်က ခေါ်ယူခဲ့တဲ့ ကစားသမား တစ်ဦး ဖြစ်ပြီး လက်ရှိမှာတော့ ရာသီကုန်ရင် ထွက်ခွာတော့မှာ ဖြစ်ပါတယ်။ သူပြီးရင်တော့ ဘန်ချေးဝဲလ်နဲ့ ရိစ်ဂျိမ်းစ် တို့ဟာ ပေါ်တိုမှာ ချဲလ်ဆီး ချန်ပီယံလိဂ် ဖလား ကိုင်မြှောက်နိုင်ခဲ့စဉ်က ပါဝင်ခဲ့တဲ့ နောက်ဆုံး ကစားသမားတွေ ဖြစ်လာတော့မှာပါ။ 

ဒါ့အပြင် သီယာဂို ဆေးလ်ဗားက ၂၀၂၁ ခုနှစ်က ချဲလ်ဆီး ချန်ပီယံလိဂ် ဖလား ကိုင်မြှောက်နိုင်ခဲ့ရာမှာ အဓိက ကျတဲ့ အခန်းကဏ္ဉက ပါဝင်ခဲ့သူ ဖြစ်ပါတယ်။ ဗိုလ်လုပွဲမှာ မပါဝင်နိုင်ခဲ့ပေမယ့် အစောပိုင်း ပွဲစဉ်တွေမှာ သူ့ရဲ့ စွမ်းဆောင်ရည်ကြောင့် ချဲလ်ဆီးတို့ နိုင်ပွဲတွေနဲ့ အတူ ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီဘရာဇီးလ် နောက်ခံလူဟာ ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး အတွက် ပွဲပေါင်း ၁၅၁ ပွဲ ကစားပေးခဲ့ပြီး ၉ ဂိုး သွင်းယူနိုင်ခဲ့ကာ အသင်းရဲ့ လူငယ်တွေ အတွက် စံပြ ဖြစ်ခဲ့သူပါ။ ဂရေဟမ် ပေါ်တာ၊ ဖရန့်ခ် လမ်းပတ်နဲ့ နောက်ဆုံး မော်ရီစီယို ပိုချက်တီနို လက်အောက်မှာပါ အကောင်းဆုံး ခြေစွမ်းတွေ ပြသနိုင်ခဲ့ပြီး ချဲလ်ဆီး ပရိသတ်တွေ အတွက် သူရဲကောင်း ဖြစ်ခဲ့တယ်လို့ ဆိုရင်လည်း မမှားပါဘူး။ 

နောက်ဆုံး မှာတော့ ဆေးလ်ဗားက “ဒါဟာ ဖော်မပြနိုင်တဲ့ အချစ်တစ်ခုပါ။ ကျေးဇူးတင်ပါတယ် လို့ပဲ ပြောချင်ပါတယ်၊ ကျွန်တော် ဒီကို စရောက်ချိန်တုန်းက၊ ကပ်ရောဂါ ကာလ အတွင်း ဖြစ်တာကြောင့် ဘောလုံးကွင်းထဲမှာ ပရိသတ်တွေ မရှိခဲ့ပါဘူး။ ဒါပေမယ့် ဆိုရှယ်မီဒီယာ ကနေ တစ်ဆင့် ကျွန်တော့် အတွက် အရမ်းထူးခြားတဲ့ အရာ တစ်ခု ဖြစ်လာပါတယ်။ ပရိသတ်တွေက ကွင်းထဲ ပြန်ရောက်ချိန်မှာတော့ ဘဝက ပုံမှန် ပြန်ဖြစ်ခဲ့ပြီး ကျွန်တော့်ရဲ့ ဇာတ်လမ်းကို ချစ်ခင် လေးစားမှုများစွာနဲ့ ဖြတ်သန်းနိုင်ခဲ့ပါတော့တယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်