နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဝက်စ်ဟမ်းနဲ့ သဘောတူညီမှု မရတဲ့ မက်ဇ်ရာရီကို ခေါ်ယူဖို့ ဆွေးနွေးနေတဲ့ ယူနိုက်တက် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာယူနိုက်တက် အသင်း ကတော့ ဝက်စ်ဟမ်းကို ပြောင်းရွှေ့ဖို့ ပျက်ပြားသွားခဲ့တဲ့ ဘေယန်မြူးနစ် ညာနောက်ခံလူ နူဆာ မက်ဇ်ရာရီကို ခေါ်ယူဖို့ အတွက် ကနဦး ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ဝက်စ်ဟမ်းဟာ မက်စ် ကေးလ်မန်း၊ လူးဝစ် ဂီဟာမီနဲ့ ဝက်စ်ဖော်ဒါရင်ဂမ် တို့ကို ခေါ်ယူခဲ့ပြီးနောက် အသင်းကို ထပ်မံ အင်အားဖြည့်တင်းတဲ့ အနေနဲ့ ညာနောက်ခံလူ တစ်ဦးကို ထပ်မံ ခေါ်ယူဖို့ ရှိခဲ့တာ ဖြစ်ပါတယ်။ တစ်ဖက်မှာ ပရီးမီးယားလိဂ် ကလပ်က အကယ်ဒမီထွက် ဘန်ဂျွန်ဆင်ကို အစ်ပ်ဆွစ်ချ်တောင်းဆီ အလွတ်နဲ့ ထွက်ခွာခွင့်ပေးခဲ့ရတာကြောင့်လည်း ညာနောက်ခံလူသစ် တစ်ဦးကို ဦးစားပေး ခေါ်ယူဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ကလည်း အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့တဲ့ ညာနောက်ခံလူ အာရွန် ဝမ်ဘစ်ဆာခါကို ရောင်းထုတ်ဖို့ ဆန္ဒရှိနေပြီး သူ့နေရာ မှာတော့ ညာနောက်ခံလူ တစ်ဦး ပြန်လည် အားဖြည့်သွားချင်နေတာပါ။ ဝက်စ်ဟမ်းဟာ ဝမ်ဘစ်ဆာခါ အပြင် ဆောက်သမ်တန်က ကိုင်လီ ဝေါလ်ကာ ပီတာစ် အပြင် မက်ဇ်ရာရီ တို့ကို ခေါ်ယူချင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အသက် ၂၆ နှစ် အရွယ် မော်ရိုကို ညာနောက်ခံလူ ကတော့ စီးရီးအေ ချန်ပီယံ အင်တာမီလန် အသင်းထံ ပြောင်းရွှေ့ချင်ကြောင်း သတင်းတွ ထွက်ပေါ်နေပါတယ်။ မက်ဇ်ရာရီဟာ ၂၀၂၂ ခုနှစ်မှာ နယ်သာလန် ကလပ် အေဂျက်စ် ကနေ ဘေယန်မြူးနစ်ကို ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး ဘွန်ဒက်စ်လီဂါ ကလပ်မှာတော့ နှစ်ရာသီ အတွင်း ၅၅ ပွဲသာ ပွဲထွက်ခွင့် ရခဲ့သူပါ။

 
ပရီးမီးယားလိဂ် ကလပ် ကတော့ မက်ဇ်ရာရီကို မခေါ်ယူခင် ငွေကြေး လိုအပ်ချက်အရ အသင်းမှာ ရှိနေတဲ့ အာရွန် ဝမ်ဘစ်ဆာခါကို အရင်ဆုံး ရောင်းထုတ်ဖို့ လုပ်ဆောင်သွားဖွယ် ရှိနေပါတယ်။
မက်ဇ်ရာရီရဲ့ အပြောင်းအရွှေ့ အတွက် ယူနိုက်တက်နဲ့ ကနဦး ဆွေးနွေးနေတဲ့ ဘေယန်မြူးနစ်

မက်ဇ်ရာရီဟာ နည်းပြသစ် ဗင်းန်ဆင့် ကွန်ပနီ လက်အောက်မှာ ပုံမှန် ပွဲထွက်ခွင့်ရဖို့ အာမခံချက် မရှိတာကြောင့် အခြားအသင်း တစ်သင်းကို ပြောင်းရွှေ့ချင်နေတာလည်း ဖြစ်ပါတယ်။ သတင်းတွေအရ ဆိုရင် ဝက်စ်ဟမ်းနဲ့ ဘေယန်မြူးနစ်တို့ အကြားမှာ ကနဦး ယူရို ၁၅.၅ သန်း (ပေါင် ၁၂.၇ သန်း) + အပိုဆုကြေး ယူရို ၄ သန်းနဲ့ သဘောတူညီမှု ရရှိထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဟမ်းမားတွေဟာ ကစားသမားနဲ့ သဘောတူညီမှု မရခဲ့တာကြောင့် ညှိနှိုင်းမှုများ ပျက်ပြားသွားခဲ့ကြောင်း Sky Germany ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ဒါကြောင့် လက်ရှိမှာ ဘေယန်မြူးနစ်က သူတို့ ရောင်းထုတ်ချင်နေတဲ့ ညာနောက်ခံလူ အတွက် ယူနိုက်တက်က စိတ်ဝင်စားလာခဲ့တာကြောင့် ဆွေးနွေးမှုတွေ စတင်လုပ်ဆောင်နေပြီး နှစ်သင်း အကြား ညှိနှိုင်းမှုတွေ ကလည်း တိုးတက်လျက် ရှိတယ်လို့ သိရပါတယ်။ ပရီးမီးယားလိဂ် ကလပ် ကတော့ မက်ဇ်ရာရီကို မခေါ်ယူခင် ငွေကြေး လိုအပ်ချက်အရ အသင်းမှာ ရှိနေတဲ့ အာရွန် ဝမ်ဘစ်ဆာခါကို အရင်ဆုံး ရောင်းထုတ်ဖို့ လုပ်ဆောင်သွားဖွယ် ရှိနေပါတယ်။

ယူနိုက်တက်ဟာ လက်ရှိ နွေရာသီ အပြောင်းအရွှေ့မျာ ဆယ်ကျော်သက် နောက်ခံလူ လီနီ ယိုရိုနဲ့ တိုက်စစ်မှူး ဂျော်ရွှာ ဇီယက်ခ်ဇီးတို့ အတွက် ယူရို သန်း ၁၀၀ ကျော် သုံးစွဲထားပြီး ဖြစ်ပါတယ်။ ဒါ့အပြင် ယူနိုက်တက်က မားသီးယက်စ် ဒီလစ်ဂျ်၊ မန်ဝဲလ် အူဂါတီ တို့ကို ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။ တစ်ဖက်မှာတော့ ယူနိုက်တက်က ဝမ်ဘစ်ဆာခါ၊ ဆန်ချို၊ ကက်စ်မဲရိုး၊ လင်ဒီလော့ဖ် တို့လို ကစားသမားတွေကို ရောင်းထုတ်ဖို့ ရှိနေဆဲ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်