နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဂိုးရနိုင်ချေရှိတဲ့ အပိုင်အခွင့်အရေးတွေကို အများဆုံး လွဲချော်တဲ့ အသင်း ဖြစ်နေတဲ့ ယူနိုက်တက် | ပရီးမီးယားလိဂ်

မန်ချက်စတာယူနိုက်တက် ကတော့ ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ဂိုးရနိုင်ချေရှိတဲ့ အပိုင်အခွင့်အရေးတွေကို အများဆုံး လွဲချော်တဲ့ အသင်း အဖြစ် ထိပ်ဆုံးက ရပ်တည်နေခဲ့ပါတယ်။ 

လက်ရှိမှာ အဲရစ်ခ် တန်ဟက်ဂ်ရဲ့ ယူနိုက်တက်က ဒီရာသီ ပရီးမီးယားလိဂ် ပွဲစဉ် ၅ ပွဲ ကစားပြီးချိန်မှာ ၂ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၂ ပွဲ ရှုံး ရလဒ် ပိုင်ဆိုင်ထားပြီး ရမှတ် ၇ မှတ်နဲ့ အဆင့် ၁၁ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ဘောလုံးရာသီ ကလည်း ဂိုးရရှိဖို့ ရုန်းကန်ခဲ့ရပြီး ပရီးမီးယားလိဂ်မှာ ၅၇ ဂိုးသာ ရရှိခဲ့ပြီး ဇယား ထိပ်ဆုံး ၁၀ သင်းမှာ ဂိုးသွင်း အနည်းဆုံး အသင်းလည်း ဖြစ်ပါတယ်။ 

ယူနိုက်တက်ဟာ အခုရာသီမှာ ဂိုးရဖို့ ရုန်းကန်နေရဆဲ ဖြစ်ပြီး စက်တင်ဘာလ ၂၁ ရက်နေ့က ကစားခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ ပွဲစဉ်မှာ ဘောလုံး ပိုင်ဆိုင်မှု ၆၇ ရာခိုင်နှုန်းနဲ့ ဂိုးပေါက် ကန်သွင်းမှု ၁၅ ကြိမ် အထိ ရှိခဲ့သော်လည်း ဂိုးသွင်းယူနိုင်ခဲ့ခြင်းတော့ မရှိခဲ့ပါဘူး။ Opta ရဲ့ သတ်မှတ်ချက်အရ အပိုင်အခွင့်အရေး ဆိုတာက ကစားသမား တစ်ဦး အနေနဲ့ အပိုင်ဂိုး ရနိုင်တဲ့ သတ်မှတ်ချက် အခြေအနေကို ဆိုလိုပြီး ပင်နယ်တီ ကိုလည်း အပိုင်အခွင့်အရေး အဖြစ် သတ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဒီရာသီ ပရီးမီးယားလိဂ် ပွဲစဉ် ၅ အပြီးမှာ ဂိုးရနိုင်တဲ့ အပိုင်အခွင့်အရေး ၁၇ ကြိမ် အထိ လွဲချော်ထားခဲ့ပါတယ်။ ဒါကလည်း ပရီးမီးယားလိဂ် ပြိုင်ပွဲဝင် အသင်း ၂၀ ထဲမှာ အများဆုံးလည်း ဖြစ်ပါတယ်။ ဒုတိယနေရာ မှာတော့ လစ်ဗာပူးလ်၊ အက်စတွန်ဗီလာနဲ့ စပါး တို့က အပိုင်အခွင့်အရေး ၁၂ ကြိမ်စီ လွဲချော်ထားပြီး ပူးတွဲရပ်တည်နေကြပါတယ်။  

ကစားသမားတွေထဲမှာတော့ အခုရာသီ ပရီးမီးယားလိဂ်မှာ အပိုင်အခွင့်အရေး လွဲချော်မှု အများဆုံး အဖြစ် အက်စတွန်ဗီလာ တိုက်စစ်မှူး အိုလီ ဝက်ကင်စ်က ၇ ကြိမ်နဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။
တိုက်စစ်ပိုင်း အားနည်းချက်တွေ ရှိနေတဲ့ ယူနိုက်တက်

ကစားသမားတွေထဲမှာတော့ အခုရာသီ ပရီးမီးယားလိဂ်မှာ အပိုင်အခွင့်အရေး လွဲချော်မှု အများဆုံး အဖြစ် အက်စတွန်ဗီလာ တိုက်စစ်မှူး အိုလီ ဝက်ကင်စ်က ၇ ကြိမ်နဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။ အဲဒီ ထိပ်ဆုံး ၈ ဦး စာရင်းမှာတော့ ယူနိုက်တက် ကစားသမား ၃ ဦး အထိ ပါဝင်နေပြီးတော့ ယူနိုက်တက် တိုက်စစ် ကစားသမားတွေ ဖြစ်တဲ့ ဂါနာချိုနဲ့ ဇီယက်ခ်ဇီး တို့က အပိုင်အခွင့်အရေး ၄ ကြိမ် အထိ လွဲချော်ထားပါတယ်။ ကွင်းလယ် ကစားသမား ဘရူနို ဖာနန်ဒက်စ် ကတော့ (၃) ကြိမ် ရှိထားပါတယ်။ဒီ

အခြေအနေနဲ့ ပတ်သတ်လို့ နည်းပြ အဲရစ်ခ် တန်ဟက်ဂ် ကလည်း သူ့ အသင်း အနေနဲ့ အခုထက် ပိုပြီး ဂိုးတွေ သွင်းနိုင်သင့်ကြောင်း ဝန်ခံထားခဲ့ပြီး သူကိုယ်တိုင်လည်း ပြန်လည် ဆန်းစစ်ဖို့ လိုအပ်နေပြီ ဖြစ်ကြောင်း ပြောကြားထားခဲ့ပါတယ်။ အက်ဖ်စီ တွမ်တီးနဲ့ ပွဲအပြီး မှာတော့ ပရီးမီးယားလိဂ် ကလပ်ရဲ့ နည်းပြ အဲရစ်ခ် တန်ဟက်ဂ်က အခုလိုပဲ ပြောကြားလာခဲ့ပါတယ်။ တန်ဟက်ဂ်က “ကျွန်တော်တို့ တစ်ဂိုး အသာ ရနေချိန်မှာ သူတို့ကို ရှင်သန်ခွင့် ပေးလိုက်မိပါတယ်။ ပွဲကို ထိန်းကစားပြီး ချေပဂိုး ပြန်ပေးလိုက်ရချိန် မှာတော့ သရေ ရလဒ်နဲ့ပဲ အဆုံးသတ်ခဲ့ရပါတယ်။ ကျွန်တော် တို့က ပွဲကို အပြီးဖြတ်နိုင်ဖို့ နောက်ထပ် ဂိုးတွေ ထပ်သွင်းရမယ့် အစား ချေပဂိုးပဲ ပေးလိုက်ရတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်