နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရိသတ် တစ်သိန်း ဝင်ဆံ့မယ့် ကွင်းသစ် စီမံကိန်း အကောင်အထည်ပေါ်ဖို့ နီးစပ်လာတဲ့ ယူနိုက်တက် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်ရဲ့ ပရိသတ် တစ်သိန်း ဝင်ဆံ့မယ့် ကွင်းသစ် စီမံကိန်း ကတော့ မကြာခင် အကောင်အထည် ပေါ်လာဖို့ တဖြည်းဖြည်း နီးစပ်လာပြီ ဖြစ်ကြောင်း သိရပါတယ်။ ယူနိုက်တက် ပူးတွဲပိုင်ရှင်သစ်တွေဟာ လာမယ့် နှစ်အတွင်း ကွင်းသစ် စီမံကိန်းကို စတင် အကောင်အထည် ဖော်ဖို့ စီစဉ်ထားပြီး ဒေသတွင်း တာဝန်ရှိသူတွေနဲ့ ပူးပေါင်း ဆောင်ရွက်သွားဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်ကြောင်း အတည်ပြု ကြေညာလာခဲ့ပါတယ်။ 

ယူနိုက်တက်ရဲ့ ပူးတွဲ ပိုင်ရှင်သစ် ဖြစ်လာတဲ့ ဆာဂျင်မ် ရက်ကလစ်ဖ် ကတော့ ပရိသတ် ၁၀၀၀၀၀ ဝင်ဆံ့တဲ့ ကွင်းသစ် တည်ဆောက်ဖို့ အတွက် အားခဲနေတာ ဖြစ်ပါတယ်။ သတင်းတွေ အရ ဆိုရင်တော့ အဲဒီ ကွင်းသစ် တည်ဆောက်မှု အတွက် ပေါင် ၂ ဘီလျံ ဝန်းကျင် ကုန်ကျမယ်လို့ ခန့်မှန်းထားခဲ့ပြီး အိုးလ်ထရက်ဖို့ဒ် ကွင်းကို ပြန်လည် ပြင်ဆင် တည်ဆောက်ဖို့ ဒါမှမဟုတ် အခြား နေရာသစ် တစ်ခုမှာ ကွင်းသစ် တည်ဆောက်ဖို့ ရည်ရွယ်ထားခဲ့ရာ အခုနှစ်ကုန်ပိုင်းမှာတော့ ဆုံးဖြတ်ချက် ချမှတ်သွားဖို့ ဆာဂျင်မ် ရက်ကလစ်ဖ်က လိုလားနေတာ ဖြစ်ပါတယ်။ 

ဒါကြောင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီး ထရက်ဖို့ဒ် ကောင်စီနဲ့ ဂရိတ်တား မန်ချက်စတာကောင်တီ တို့က ပူးပေါင်း ဆောင်ရွက်သွားဖို့ လက်ရှိမှာတော့ သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပါတယ်။ ထရက်ဖို့ဒ် ကောင်စီရဲ့ အကြီးအကဲ ဖြစ်တဲ့ ဆဘက်စတီယန် ကိုးလ်က ဒေသတွင်း တိုးတက် ဖွံဖြိုးမှုတွေ ရှိလာနိုင်ပြီး အကျိုးအမြတ် ဖြစ်ထွန်းစေနိုင်တဲ့ စီမံကိန်း ဖြစ်တာကြောင့် ယူနိုက်တက်ရဲ့ ကွင်းသစ် စီမံကိန်းကို ကူညီပေးသွားမှာ ဖြစ်ကြောင်း ကတိပေး ပြောကြားခဲ့တာ ဖြစ်ပါတယ်။ 

ဂရိတ်တား မန်ချက်စတာရဲ့ မြိုတော်ဝန် ဖြစ်တဲ့ အန်ဒီ ဘန်းဟမ်း ကလည်း သူတို့ ဒေသ အနေနဲ့ ကမ္ဘာ့ အကြီးမားဆုံး ဘောလုံး မြိုတော် တစ်ခု ဖြစ်လာဖို့ နီးစပ်နေကြောင်းနဲ့ အိုးလ်ထရက်ဖို့ဒ်ရဲ့ အနာဂတ် ကတော့ နောက်ထပ် စာမျက်နှာသစ် ဖြစ်လာဖို့ ရှိနေကြောင်း သုံးသပ်ခဲ့ပါတယ်။ ယူနိုက်တက် လက်ရှိ အသုံးပြုနေတဲ့ အိုးလ်ထရက်ဖို့ဒ် ကွင်းဟာ ပရီးမီးယားလိဂ်မှာ ပရိသတ် အများဆုံး ဝင်ဆံ့တဲ့ ကွင်း အဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆာဂျင်မ် ရက်ကလစ်ဖ်က ဝင်ဘလေကွင်း နည်းတူ ပရိသတ် ၁၀၀၀၀၀ ကျော် ဝင်ဆံ့တဲ့ ကွင်း အဖြစ် တည်ဆောက်သွားဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ 

ဒါ့အပြင် ရက်ကလစ်ဖ်က အင်္ဂလန် မြောက်ပိုင်းရဲ့ ဝင်ဘလေကွင်း အဖြစ် တည်ဆောက်သွားဖို့ ရည်ရွယ်ထားတာကြောင့် ကွင်းသစ် စီမံကိန်းရဲ့ နာမည် ကိုလည်း “ Wembley of the North” လို့လည်း သတ်မှတ်ထားပါတယ်။ သတင်းတွေ အရ ဆိုရင် ယူနိုက်တက်ရဲ့ ကွင်းသစ်ကို နောက်ဆုံးပေါ် နည်းပညာတွေနဲ့ တည်ဆောက်သွားမယ်လို့လည်း သိရပါတယ်။ပရီးမီးယားလိဂ် ကလပ်ရဲ့ အိုးလ်ထရက်ဖို့ဒ်ကွင်းကို ၁၉၁၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၉ ရက်မှာ စတင် ဖွင့်လှစ်ခဲ့ပြီး သက်တမ်းအားဖြင့်တော့ ၁၁၄ နှစ် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။ ဒီကွင်းကို ၁၉၄၁၊ ၁၉၄၆-၁၉၄၉၊ ၁၉၅၁၊ ၁၉၅၇၊ ၁၉၇၃၊ ၁၉၉၅-၁၉၉၆၊ ၂၀၀၀၊ ၂၀၀၆ ခုနှစ်တွေမှာ အဆင့်မြှင့်တင် ပြင်ဆင်မှုတွေ ပြုလုပ်ထားခဲ့ပြီး လက်ရှိမှာတော့ ပရိသတ်ဦးရေ ၇၄၃၁၀ ဦး အထိ ဝင်ဆံ့နေပြီ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်